မိန်းမတစ်ယောက် အနှီးပတ်ထားတဲ့ကလေးချီကာ
နန်းဆောင်လို့မြင်ရတဲ့ အဆောက်အဦးတစ်ခုရဲ့ အပြင်မာညအချိန်ထွက်ထိုင်နေတယ်
"ညရဲ့အလှက ကောင်းကင်မာမြင်သာနေတယ်
ကြယ်တွေမာ လုံးဝန်းလှတဲ့ လကိုဝိုင်းထားပီး
မြင်ရတဲ့ရှုခင်းမာ မင်းသမီးတစ်ပါးကို
အခြွေအရံတွေခစားနေသလိုပါပဲ"
"ဆောင်းရာသီညမာ နန်းတော်အပြင်
ထွက်ထိုင်နေတာဆိုတော့ မနက်မှာဖျားမလား
သေချာမသိပေမယ့် အခုခံစားရသလောက်တော့
ဒီဝေ့တိုက်ခက်တဲ့လေပြေက
ငါ့ရဲ့ ခန္ဓာထဲက မော်လီကျူးတစ်ခုစီကို
ဖြတ်သွားသလို တုန်ခါစေတယ်"
"အဲ့ဒီအေးတယ်ဆိုတဲ့ခံစားချက်ကိုက
နွေးနေတာများလား"
"ဆောင်း ၊ နွေ ၊ မိုး
ဒီဓာတ်သုံးပါးလဲ နေရာတိုင်းကိုရှိတာပဲ
ဟိုးနားကတောင်တန်းမာLezardနှစ်ကောင်ရှိတယ်
သူတို့လဲ ဒီလေပြေနဲ့ အိပ်ရောပေါ့
ငါတောင်အခုချက်ချင်းအပြင်ထွက်ချင်သလိုပဲ"
"မရမှန်းလဲသိပါတယ် ၊ ငါက ယခုမှ
မွေးခါစကလေးအနေနဲ့ လူဝင်စားခဲ့တာမလို့လေ"
"နတ်ဘုရားအဖြစ် တည်ရှိနေခဲ့တာ
နှစ်ပေါင်းမရီနိုင်အောင်ပဲ ဒါက လူတွေရဲ့
ထိတွေ့ခံစားရမှုတွေလား.."
"ငါဟာ လူအနေနဲ့ မွေးဖွားလာခဲ့ပြီ ၊ အရင်ကလဲ
ဒီဖြစ်တည်မှုကနေပဲ ငါနတ်ဘုရားတစ်ပါးဖြစ်ခဲ့တာ
ငါနတ်ဘုရားဘဝကို စွန့်ပစ်ခဲ့တယ်"
"လူရဲ့အထိအတွေ့တွေကို ခံစားချင်တာကြောင့်ပေါ့
နတ်မောင် နတ်မယ်တို့ကနေ blessing လေးတွေ
နဲနဲရတာကြောင့် ယခုငါက သာမန်ကလေးတော့
မဟုတ်ဘူး ၊ အခုကစပီး ငါ့ပန်းတိုင်ကိုမှတ်ရမယ်"
" Hm.. သေချာဝောာ့မသိသေးဘူး ၊
ပန်းတိုင်ဆိုတာမျိုးမလိုပါဘူး ၊ ဒီတိုင်းပဲ... "
စာအုပ်စင် ပေါင်းများစွာစီထားတဲ့ထဲမာ
စာအုပ်စင်တစ်ခုရဲ့ အောက်မာ ဆံတိုတိုဖြင့်
ကလေးတစ်ယောက်စာဖတ်နေတယ်
Maid လိုဝတ်ထားတဲ့ အရွယ်ရောက် မိန်းကလေး
တစ်ယောက်က တခါးကိုဖွင့်ဝင်လာခါပြောတယ် :
" သခင်လေး " " မနက်စာသုံးဆောင်ချိန်ပါ "
ကြွေပြားခင်းထားတဲ့ ကြမ်းပြင်ပေါ်မာ
စာဖတ်နေတဲ့ သခင်လေးဆိုသူလဲ
ပွင့်လန်းတဲ့မျက်နှာနဲ့ပဲ " ဟုတ်လာပါမယ် "
သူချက်ချင်းပဲထပြီးထို maid နဲ့လိုက်သွားတယ်
သူလမ်းလျှောက်နေရင်းတွေးတယ်
"Famia Ryukazuwa, 8နှစ် ကိုရောက်ရှိခဲ့ပီ"
"ငါဟာ တစ်ချိန်ချိန်မာ မိဘတွေကိုဆုံးရှုံးရမယ်"
"ထို့အပြင် ဆုံးရှုံးရသူတွေကိုလည်းမြင်ရမယ်"
"ကျန်တာက ငါ့ကိုယ်ပိုင်အတွေးက အလုပ်"ပီး-
ထိုအရာကပဲ ငါ့ကို နတ်ဘုရားဖြစ်စေအောင်ထိ-
သန်မာစေခဲ့မာပဲဖြစ်တယ်"
maid နဲ့ Famia ကျယ်ပြောတဲ့ တခါးဝကိုရောက်လာခဲ့တယ် maidဟာ တစ်ခါးကိုဖွင့်လိုက်ပီး ခေါင်းညွှန့်ကာ " သခင်လေးကို ခေါ်ခဲ့ပါပီ "
ကျယ်ပေ့သည်ဆိုတဲ့ အခန်းကြီးထဲမာရှိတဲ့
၆မီတာလောက်ရှည်တဲ့ စားပွဲမာ
ဟင်းလျာ နဲ့ အသီးအနှံတွေပြည့်နေခဲ့တယ်
လူ ၅ယောက် ကိုယ်ပိုင်ခုံနဲ့ထိုင်နေကြတယ်
Famia လဲပဲ ခေါင်းကိုညွှန့်ကာ " နောက်ကျသွားသည့်အတွက် တောင်းပန်ပါတယ် ခမည်းတော် "
ခုံတွေအားလုံးရဲ့ရှေ့မာ ထိုင်နေသော အရွယ်ကျော်နေပီဖြစ်တဲ့ သူ၏အဖေဆိုသူလူကြီးတစ်ယောက် ဝတ်ရုံအနီတစ်ခုကို ခြုံထားပြီး ဓားကို ခုံခြေထောက်နားမာ ထောင်ထားကာ ဟင်းလျာထည့်ထားတဲ့ ပန်းကန်ကိုသုံးဆောင်ရာမှ ရပ်သွားခဲ့တယ် သူနှင့်နီးသောဘေး နှစ်ခုံမာ အရွယ်ကျော်ပီးသားမိန်းမတစ်ယောက် အထက်တန်းဆန်"
ဝတ်ထားပီး ဟင်းလျာထည့်ထားတဲ့ပန်းကန်ကို သုံးဆောင်နေရာမှ ရပ်သွားကာ Famia ရှိသည့် ဘက်ကို လှည့်ကြည့်တယ် ၊
နောက်မိန်းမတစ်ယောက်မာလဲ အထက်တန်းဆန်"ဝတ်ထားပြီး အသီးအရွက်ကိုသာလျှင်ပန်းကန်ထဲတွင် ထည့်ထားတာကိုတွေ့ရတယ်
သူ၏အဖေဆိုသူဟာ
သူ့စကားကိုကြားပီးချိန်မာပဲ
" ဟာ.. လာစမ်းပါသားရယ်၊ မင်းစာဖတ်ဝါသနာပါတာ အဖေတို့နားလည်ပေးနိုင်ပါတယ် "
Famia ဟာလည်းခေါင်းညွှန့်ရက်ဖြင့်
"ကျေးဇူးတင်ပါတယ် ခမည်းတော်"
Famia ဟာ ထိုမှ လမ်းလျှောက်လာပီး စားပွဲရဲ့ နောက်ဆုံးခုံးဘေးကို ဝင်ထိုင်လိုက်တယ်
ယခု ခမည်းတော်နဲ့ သူဟာ ၆မီတာဝေးနေပါပီ
သူ၏ခမည်းတော်ဟာ ပွင့်လင်းတဲ့ မျက်နှာဖြင့်
အားလုံးကိုပြောတယ် "စားကြ၊ စားကြ "
" ဘာမှထွေထွေထူးထူးမရှိတာမို့ "
ခမည်းတော်ဟာ သူ့ရှေ့ရှိစားပွဲကို ပြန်ပီး
ခရင်းနှင့်ဓားအသေးသုံးကာသုံးဆောင်လေတယ်
Famia ထိုင်နေသော ခုံရဲ့ ၂မီတာအကွာမာ အပြာရောင် အဝတ်အစားဖြင့် အထက်တန်းဆန်ဆန် ဝတ်ထားတဲ့ လူပျိုအရွယ် ယောင်္ကျားတစ်ယောက်
အသီးအရွက်နှင့်ထမင်းသာလျှင်ထည့်ထားတဲ့ ပန်းကန်ကို သုံးဆောင်နေပြန်တာကိုတွေ့ရတယ်
Famia လဲပဲ သူ့ရှေ့ရှိပန်းကန်ထဲကို
အသားတစ်ခု နှင့် အသီးအရွက် ထည့်ကာ
ဘေးမာရှိတဲ့ ထမင်းကို ဇွန်းဖြင့်ထည့်ပြန်တယ်
ခဏအကြာ စားသုံးပီးချိန်မာ Famiya ဟာ
မျက်လုံးကို မှိတ်ပီး လက်အုပ်ချီကာပြောတယ်
" စားသုံးလို့ကောင်းခဲ့ပါတယ် "
စားပွဲမာ ထိုင်နေတဲ့သူ ၅ယောက်လုံး Famiyaကို
မေးခွန်းဖြစ်နေတဲ့မျက်လုံးများနဲ့ ကြည့်ကြတယ်
အပြာရောင်ဝတ်ထားတဲ့ လူပျိုအရွယ်
ယောင်္ကျားလေးက ပြုံးပီး ကြည့်တယ်
ဘုရင်တစ်ပါးလိုဝတ်ထားတဲ့ ခမည်းတော်လည်းပဲ
ထိုနည်းတူ Famia ကို ပီတိနဲ့ကြည့်နေတယ်
ကျန်သူတွေမာ Famia ကို စိုက်ကြည့်ကာသူ
ပြောတဲ့စကားကိုနားမလည်သလိုကြည့်ကြတယ်
Famia စားသောက်ပီး လက်အုပ်ချီကာ
တစ်ခုခုဆီကို "စားကောင်းခဲ့ပါတယ်" ပြောပီးမာ
သူခုံကထပီး သူ့အဖေကို "သွားလိုက်ပါအုံးမယ်"
ဆိုကာ ခေါင်းကို ညွှန့်ပီးနှုတ်ဆက်ခဲ့တယ်
Famia ဟာ ယခု နန်းဆောင်ရဲ့ ဘေးမာရှိတဲ့
သစ်ပင်ကြီး တစ်ပင်အောက်မာ ထိုင်နေကာ
စာအုပ်နှစ်ထပ်ကို ဘေးချကာ တွေးနေခဲ့တယ်
ဆောင်းရာသီ နေ့လည်မာ လင်းတဲ့ နေရောင်ဟာ
သစ်ပင်ကြီးရဲ့ အရွက် တစ်ရွက်ချင်းစီကို
ဖောက်ထွင်းကာ အစိမ်း,အဝါ,အနီ
ထိုအရောင်တို့ကို ထိန်လင်းစေနေခဲ့တယ်
Famia ဟာသစ်ပင်ကြီးကိုအသံနိမ့်ဖြင့်ပြောတယ်
"တက္တရာ သစ်ပင်ကြီး..
မင်းဟာ စကားမပြောနိုင်, လှုပ်လဲမလှုပ်နိုင်
လေခတ်ရာကိုသာယိမ်းကာ, သဘာဝကပေးတဲ့
နေ, ရေ, လေ ဒီဓာတ်ကြီးသုံးပါးတို့ကြောင့် အသက်ရှင်နေခဲ့တယ်, သက်တမ်း ရှည်ခဲ့ပီဖြစ်တဲ့ မင်းသာဆိုရင်... ဤသက်ရှိတွေကို
ဘယ်လိုမျိုးမြင်မလဲ.? လူဆိုတဲ့ အဓိပ္ပာယ်,
သက်ရှိဖြစ်တည်မှုဝာစ်ခုရဲ့ အဓိပ္ပာယ်ကိုပေါ့"
"ဘယ်အချိန်မာ အဆုံးသတ်သွားမလဲ မသိတဲ့
ဒီအသက် ၁၀၀ အတွင်းကို, ယခုလို ပျော်မြူးနေတာက " လူ " ဆိုတဲ့ ဖြစ်တည်မှုပဲပေါ့.."
Famia ဟာ သစ်ပင်ကြီးရဲ့ပင်စည်ကို လက်ဖြင့်
ငြင်သာစွာ ထိတွေ့ကာ ဆက်စကားဆိုလေတယ်
"မင်းသာဆိုရင်.. ဘယ်လောက်ထိ
လူတွေပျောက်ကွယ်သွားရတာကို မြင်ခဲ့ပြီးပီလဲ?"
"မင်းသာဆိုရင်.. ကောင်းသူ, ဆိုးသူ မခွဲခြားပဲ
သေသွားရတဲ့ အဖြစ်တွေကို ဘယ်လောက်ထိ-
ဒီလိုအဖြစ်တွေကို ကြုံခဲ့ရပြီးပီလဲ..?"
Famia ဟာ သက်ပြင်းတစ်ချက် ချလိုက်တယ်
လက်ဖြင့် ပင်စည်ကို ဆက်ပီးထိထားတုန်းပါပဲ
"မင်းမာသာ အသိစိတ်, အမြင်, အကြား တို့ရှိခဲ့ရင်
ဒါတွေအပေါ်ဘယ်လိုမျိုးတွေးမိမလဲ.?"
"အသက်ရှည်စွာနေရတာက ကျိန်စာလား.?"
"အသက်တိုလွန်းတာက ကျိန်စာလား.?"
" သေဆုံးရမယ် " ဆိုတာကိုက ကျိန်စာလား.?"
Famia ထိုသို့ပြောပီးချိန်မာပဲ အသံတစ်ခု
သူ့ကို လှမ်းခေါ်တာကို ကြားလိုက်ရတယ်
"သခင်လေး" "သခင်ကြီးက ခေါ်နေပါတယ်"
စာဖတ်နေတုန်းကလာခေါ်တဲ့ အစေခံပါပဲ
Famia ဟာ အနောက်ကို လှည့်ကြည့်ပီး
" အခုချက်ချင်းလာခဲ့ပါမယ် " ဟုပြောကာ
သစ်ပင်ကြီးကို ပြန်ကြည့်ကာ အသံတိုးဖြင့်
" နောက်နေ့မာ နောက်ထပ်စကားပြောကြတာပေါ့"
လို့ပြောပီး maid ရှိရာကို ပြေးသွားခဲ့တယ်
သခင်ကြီးဆိုသူရဲ့အခန်းမာ စားပွဲတစ်ခုခြားကာ
ခမည်းတော်နှင့် သူ့ရဲ့ သားတော် Famia တို့
မျက်နှာချင်းဆိုင်ကာထိုင်နေကြတယ်
အခန်းဟာတော်တော်ကျယ်ပီး စိတ်အေးသော
ပုံစံဖြင့်နှစ်ယောက်စလုံးရှိကြတယ်
ခမည်းတော် : ကဲ Famia, အခုကစပီး အဖေတို့
အနာဂတ်အတွက်ဆွေးနွေးသင့်ပြီလို့ထင်တယ်
မင်းလဲမငယ်တော့ဘူး, ငါလဲအသက်ကြီးနေပြီ
Famia ဟာခေါင်းထဲမာ သူ့အဖေပြောတာကို
ချက်ချင်းပဲ နားလည်ခဲ့သွားတယ်
"တော်ဝင်မိသားစုအနေနဲ့ တာဝန်.. တွေမလား?"
ခမည်းတော် : အမှန်ပဲ, မင်းသိမယ်ဆိုတာ
ငါထင်ထားပီးသားပါ မင်းက အရွယ်ထက်
စိတ်ကပိုပီး ဖွံ့ဖြိုးတာမြန်တာမလို့လေ
Famia သူ့ခမည်းတော်ရဲ့
ထိုစကားကိုတော့ တုံ့ပြန်မှုမလုပ်ခဲ့ပါဘူး
သူ့ခမည်းဝောာ်လဲ စိတ်အေး"ပဲ စကားဆက်တယ်
ခမည်းတော် : မင်းမာ မင်းအကိုတော်လိုမျိူး
ထီးနန်းဆက် ပိုင်ခွင့်မရှိပေမယ့်
မြို့စားလောက်တော့ လုပ်ဖို့ဖြစ်နိုင်သေးတယ်
သူ့၏ခမည်းတော်ဟာ ထိုစကားအပီးမာပဲ
စကားကို အသံနိမ့်ကာ စပြောပါတော့တယ်
ခမည်းတော် : Famia, ဒီကမ္ဘာကြီးမာ
မှော်က အရာအားလုံး နီးပါးကို ပိုင်ဆိုင်နေတာ..
အရှေ့ပိုင်းမာ ချီစွမ်းအား ရှိပီး တောင်ပိုင်းမာ energy ဆိုပီး သုံးကြတယ်, ဒါပေမယ့် သား
မင်းမာ.. ဝမ်းနည်းစွာ တစ်ခုမှ မပါလာခဲ့ဘူး
Famia ဟာ သူ့အဖေရဲ့ သနားစိတ်ဖြင့်
ပြောနေပုံကို စိတ်အေး"နဲ့ပဲ
ကြည့်နေခဲ့တယ် သူ့စိတ်ထဲမာလဲ
"သားတဲ့လား.." ဆိုကာတွေးနေခဲ့တယ်
ခမည်းတော်ဟာ Famia ရဲ့ ပုခုံးကို ကိုင်ပြီး
ဆက်ပြောတယ် "ဒါပေမယ့် မင်းအတွက် အများကြီးရှိပါသေးတယ်" "ငါပြင်ဆင်ပေးမာမို့"
Famia ဟာ သူ၏ ခမည်းတော်ရဲ့
ထိုစကားတွေကို ကြားပေသော်လဲ
စိတ်အေး" ဖြစ်နေတာ မပျက်သွားပါဘူး
Famia ဟာ ပုခုံးပေါ်မှ သူ့ခမည်းတော်၏
လက်ကို ကိုင်ကာ ဖြည်းညင်းစွာ ဖယ်စေတယ်
"ခမည်းတော် စိတ်မပူပါနဲ့..
ကျတော်က အားလုံးထင်ထားတာနဲ့ မတူပါဘူး"
အဲ့တာထက် အခုပြောမာက လက်ဆက်ရမယ့်
အကြောင်းမလား ခမည်းတော် ဆက်ပြောပါ
ထိုစကားကို သူ၏ခမည်းတော်ကြားအပီးမာပဲ
သူ့ရဲ့ ရုပ်ရည်ဟာ ပြန်လည်တည်တံ့သွားခဲ့တယ်
"မင်းက ကလေးဆိုပီး လိမ်လို့ရမဲ့
ရုပ်တစ်စက်မှမပေါက်ဘူးပဲ"
သူ့အဖေဟာ နဲနဲ စိတ်ခုတဲ့ ပုံစံဖြင့် ထိုစကားကို
Famia မျက်လုံးကို ကြည့်ကာပြောခဲ့တယ်
"အဲ့ဒီအေးဆက်တဲ့ မျက်လုံးတွေ.."
သူအဖေဟာ Famia ရဲ့မျက်လုံးတွေကို
အချိန်တစ်ခုအကြာ စိုက်ကြည့်နေခဲ့တယ်
"မင်းငါ့သားတော့ ဟုတ်ရဲ့လား?"
Famia ဟာ သူ့မေးခွန်းမာ နဲနဲလေးမှ သူ့အတွက်
ပဟေဠိ မဖြစ်ပဲ ချက်ချင်းပြန်ဖြေလေတယ်
"ဒီလိုဖြစ်နေရင်တောင် အမှန်တရား အချက်
Baruma တိုင်းပြည်ရဲ့မင်းကြီး Wilva Ryukazuwa ရဲ့သားဖြစ်တာတော့မပြောင်းဘူး"
နှစ်ယောက်သားနဲ့ စကားဝိုင်းက စိတ်အေးစွာ
ရှိကြတယ် မင်းကြီးဟာလဲ စိတ်ဝင်စားစွာနဲ့
သူစကားပြောပုံတွေကို နားထောင်နေခဲ့တယ်
နားထောင်အပြီးမာပဲ ခမည်းတော်ဟာ
ချောင်းဟပ်လိုက်ပီး စကားဆက်လေတယ်
"နန်းတွင်းအကြောင်းပြန်သွားကြတာပေါ့"
မင်းကြီးဟာ စာရင်းစာအုပ်များထပ်ထားတဲ့
စားပွဲမြင့်ပေါ်မှ စာရွက်တစ်ရွက်ကို ယူလာခဲ့တယ်
ထိုစာရွက်ကို Famia ရှေ့ကို ချပြလိုက်ပါတယ်
"ဒါကမင်းရဲ့အနာဂတ်အတွက် လက်တွဲဖော်ပဲ"
"အခုတော့ မင်းနဲ့အသက်တူ, 8နှစ်ပဲ"
Famia ဟာ စာရွက်ထဲကသူကို စိတ်အေး"ပဲ
ကြည့်ကာ တစ်ချိန်ထဲမာပဲ အကဲခတ်နေတယ်
မိန်းကလေးရဲ့ပုံဟာ ပန်းချီဆွဲထားတာကြောင့်
အရမ်းပီသစွာမမြင်ရပေမယ့်
အနက်ရောင်ဆံပင်အရှည်, အစိမ်းရောင်ဝတ်စုံ
နေရောင်အောက်မာ အပင်ရဲ့အရွက်ကို
နမ်းနေသည့်ပုံဟာ လှကြောင်းကိုပြသနေခဲ့တယ်
Famia ဟာ စိတ်အေးစွာနဲ့ပဲ
ခေါင်းကို ငြိမ့်ကာ "အာ သိပီ" ဟုပြောလေတယ်
Famia ဟာချက်ချင်းပဲမေးခဲ့တယ်
"လက်ဆက်တာက အရွယ်ရောက်မှမဟုတ်လား?"
သူ့အဖေဟာလဲ မေးမာကို ကြိုသိတာကြောင့်
"အေးဟုတ်တယ် ဒါက ကြိုတင်ပြင်ဆင်ခြင်းပဲ"
ဆိုကာ လျှင်မြန်စွာပဲ သူ့စကားကို တုန့်ပြန်ခဲ့တယ်
Famia ဟာလဲ သဘောတူသော လေသံဖြင့်
"ဟုတ်ပါပီ ကျတော်လဲ ဒါလုပ်ရုံကလွဲပီး
မရှိဘူးမဟုတ်လား ခမည်းတော်"
ခမည်းတော် : အမှန်ပဲ, ပျော့ညံ့သူတွေမာ
ရွေးချယ်ပိုင်ခွင့်မရှိတာ မင်းလဲ နားလည်မာပါ
ထိုမိန်းကလေးဟာလဲ မင်းလို မှော်မသုံးတတ်သူပဲ
Famia ဟာ ထိုစကားတွေကို သေချာနားထောင်
နေကာ " သူ့မာ အခြား စွမ်းရည်ရှိနိုင်တယ် "
ဆိုကာ မေးစေ့ကို ကိုင်ကာ တွေးတောနေခဲ့တယ်
ခဏအကြာ စကားဝိုင်းရဲ့ တိတ်ဆိတ်မှုအပြီးမာ
Famia ဟာ သူ့ရှေ့တွင် မတ်တပ်ကာ
လမ်းကို ဘယ်ညာ လျှောက်နေသော
ခမည်းတော် ကိုစကားဆက်ပြောလေတယ်
"စကားဝိုင်းက ဒီလောက်ပဲ ဆိုရင် ခမည်းတော်,
ကျတော် သွားလိုက်ပါအုံးမယ်"
ဆိုပီးပြောကာ မတ်တပ်ထရပ်ချိန်မာပဲ သူ့၏
ခမည်းဝောာ်ဟာ " အေးအေး " ဆိုကာပြောပီး
Famia လဲပဲ ထိုအခန်းထဲမှ ထွက်လာခဲ့တယ်
ယခုသူဟာ သူ၏ကိုယ်ပိုင် အခန်းဟုမြင်ရတဲ့
အခန်းတစ်ခုထဲမာ လှဲနေကာ ထပ်တွေးလေတယ်
"အားနည်းသူတွေမာရွေးချယ်ပိုင်ခွင့်မရှိဘူး"
တဲ့လား.. "အဲ့တာကြောင့်ပဲ ဒီကမ္ဘာပေါ်မာရှိတဲ့
ဖြစ်တည်မှုတိုင်း မသေချင်လဲ သေနေရကြတာပဲ"
"သေချင်တော့လဲ ဘာတတ်နိုင်လဲ?"
"ကိုယ့်ကိုကိုယ် သတ်သေရမာကို
ကြောက်နေကြတာပဲ- မဟုတ်သေးဘူး"
"သူတို့ ကြောက်ဝာာဟာသေပီးနောက်မာ
ဘာဆက်ဖြစ်မလဲဆိုတာကိုပဲ"
ဒီကမ္ဘာမာ ရှိတဲ့ ဖြစ်တည်မှုအားလုံးမာ
ရွေးချယ်ပိုင်ခွင့်ဆိုဝာာမျိုးမရှိဘူး
Famia ဟာ စကားရဲ့အပီးမာ မျက်လုံးကို
ဖြည်းညင်းစွာ မှိတ်ခဲ့တယ် ထိုဖြင့်ပဲ
ရက်သက် အပတ်ပေါင်းကြာခဲ့တယ်
တစ်ရက်မာ ညအချိန် သန်းခေါင်ဝန်းကျင်မာ
Famia ဟာ အသံတွေရဲ့ ဆူပွက်မှုကြောင့်
နိုးလာခဲ့တယ်, ပတ်ဝန်းကျင်မာ အသံတွေ
များလွန်းတာကြောင့် "ဘာတွေဖြစ်နေတာလဲ"
ဆိုကာ Famia အိပ်ငိုက်အသံဖြင့် ပြောခဲ့တယ်
ဘေးပတ်ဝန်းကျင်မာ မီးတောက်တွေရှိနေပီး
ပြတင်းပေါက်မှ လှမ်းကြည့်ကာ နန်းဆောင်နှင့်
နီးသော တက္တရာ သစ်ပင်ကြီးမာ မီးတွေစွဲနေပါပီ
"စစ်သည်တို့ရဲ့ အော်သံတွေ, "မကောင်းဆိုးဝါး!!"
ဆိုတဲ့ အော်သံတွေ, တံခါးရဲ့ အပြင်မာ
နဂါးနှစ်ကောင်ဝဲပျံနေတာကိုလဲတွေ့ရတယ်
Famia ဟာ ဒါတွေကိုမြင်ပီးချိန်မာ
တုန်လှုပ်သွားတယ် ဆိုပေမယ့် ချက်ချင်းပဲ
"ကြည့်ရတာ သစ်ပင်ကြီးလဲသေတော့မဲ့ပုံပါပဲ"
"နောက်နေအတူဖတ်ပြမဲ့
စာအုပ်နှစ်အုပ်လဲ လောင်ကျွမ်းလောက်ရောပေါ့"
"နဲနဲတော့ မြန်တာပေါ့ ဖြစ်သွားတာလေးတွေက.."
Famia ထိုစကားဆိုပီးချိန်မာပဲ ထမင်းဝိုင်းမာ
ပါခဲ့တဲ့ ၅ယောက်ထဲမှ အသက် ၃၀ ဝန်းကျင်
ဦးလေးတစ်ယောက်ဟာ တံခါးဖွင့်ဝင်လာခဲ့တယ်
"Famia! မြန်မြန်လာ! ပြေးရတော့မယ်.!"
Famia သူရဲ့ လောတဲ့ စကားအသံကြောင့်
တစ်ခဏ တုန့်ဆိုင်းသွားခဲ့တယ်...
#chapter 1 end