Previous :
Famia ဟာ ညသန်းခေါင်း နိုးလာကာ
ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်ချိန်မာ
သစ်ပင်များ မီးလောင်ကျွမ်းနေပီး
နဂါးနှစ်ကောင် ကောင်းကင်မာ မနီးမဝေးမှ
ဝဲနေသည်ကိုတွေ့လိုက်ရတဲ့အခါ Famia
တုန်လှုပ်သွားခဲ့ပင်မဲ့ တစ်ခဏသာဖြစ်ခဲ့တယ်
အပြင်မှ စစ်သည်များ " မကောင်းဆိုးဝါး !! "
ဆိုကာ အော်သံများကိုလဲ ကြားရတယ်
သူအဖြစ်အပျက်အားလုံးကို ကြည့်နေချိန်မာပဲ
တံခါးကို နေ့လည်မှ ထမင်းစားဝိုင်းတွင်ရှိသော
သူတစ်ယောက် ဖွင့်လာပီး Famia ကို
" ပြေးမှရတော့မယ်! Famia, လာ! " ပြောတယ်
Notice ! : Also uploaded at Wattpad
Search with novel name to read there.
Part 2 :
Famia ရဲ့စိတ်ထဲမာ
အခြားနေရာတစ်ခုကိုရောက်သွားခဲ့တယ်
ထိုနေရာမာ တိမ်များ ဖြင့်ဝန်းရံထားတာဖြစ်ပီး
အရောင်မာ အပြာနှင့် အဖြူ ထိန်လင်းနေခဲ့တယ်
တစ်ယောက်ယောက်ဟာ ပုလင်ပုံစံမြင်ရတဲ့
ထိုင်စရာနေရာတစ်ခုမာ ရှင်ဘုရင်ပါးလိုမျိုး
တည်ကြည်သောမျက်နှာဖြင့် သူ၏အောက်မာ
ရပ်နေသော မရီတွက်နိုင်တဲ့ တည်ရှိမှုတွေကို
တစ်ခုခုစပြောလေတယ် :
" Gosaru "
သူဟာ နာမည်တစ်ခုကိုခေါ်ပြီးကာ သူ့ရှေ့တွင် ဘယ်ဘက် အရှေ့ဆုံးမာ ရောက်ရှိနေသော ပုဂ္ဂိုလ်ကို ရွှင်မြသော မျက်နှာထားဖြင့် ကြည့်လေတယ်
" ရှိပါတယ် အရှင် " ဆိုကာ ထိုလူဟာ နာမည် ခေါ်သော ပုဂ္ဂိုလ်ကို ပြန်ထူးလေတယ်
ထိုသူဟာ အပြာရောင် ဝတ်ရုံကို ခြုံထားကာ မေးသောသူ၏ ရှေ့ဆုံးတွင် ဒူးထောက်နေခဲ့တယ်
မေးလိုက်သော ပုဂ္ဂိုလ်မာလဲ အပြာနုရောင်ဝတ်ရုံကိုသာပင် ခြုံထားလျက် သူ့ကိုစကားဆက်တယ်
" ငါကိုယ်တော် ၊ နတ်ဘုရား Ehivia "
" လူဝင်စားမည်ဟု ဆုံးဖြတ်ပြီးပီ ညီတော် "
Gosaru ဆိုသူဟာ မတုန်လှုပ်သွားပဲ ချက်ချင်းပဲ
" နားလည်ပါကြောင်းပါ အရှင် Ehivia " ဆိုကာ ချက်ချင်းပဲ တုန့်ပြန်လေတယ်
Ehivia ဟာ ခေါင်းနှစ်ခါငြိမ့်လိုက်ကာ
" ညီတော်လဲ အသိပညာမြင့်လာပါပီ " " ငါကိုယ်တော်လဲ အမြဲတမ်း တည်ရှိနေရတာ ပင်ပန်းလှတယ်, ဟာသအဖြစ်ကြည့်ရင် ငါကိုယ်တော် အပျော်ခရီးထွက်သလိုပါပဲ "
Gosaru ဟာ လက်အုပ်ချီလိုက်ကာ "မဟုတ်ရပါ"
" လူ၏အထိအတွေ့များကို အရှင်ပြန်လည်ခံစား
လိုခြင်းသာဖြစ်သောမာ နားလည်ပါတယ် "
Ehivia ဟာ တစ်ချက် ပြုံးလိုက်ကာ
" ဟုတ်ပီ ညီနောင်တို့အားလုံး "
" ငါဘုရား Ehivia ဟာ နတ်သက်ချွတ်တော့မည်"
" နတ်ဘုရားနေရာကို ညီတော် Gosaruကိုပေးခဲ့မည်" ဆိုရွေ့ပြောကာ ထိုနေရာမှ ပုံရိပ်တစ်ခုလို
လျင်မြန်စွာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်
Famia ဟာ ထိုအတွေးအပီးမာ သူဟာ
ထို ဦးလေးတစ်ယောက်ရဲ့ အနောက်မှ ပြေးကာလိုက်နေပါပီ နန်းဆောင်ထဲမှ ထွက်လာကာ ရဲမက်စစ်သည်တွေကိုလဲ ကျော်ဖြတ်လာခဲ့ပါတယ်
သူဟာ ခေါင်းထဲမာ တစ်ခုခုကို ဆက်သိသွားသလိုခံစားခဲ့ရပါတယ် " ဒါက, လက်တွေ့နဲ့ စိတ်ကူးယဉ်မတူဘူးဆိုတာလား " ဆိုကာသားရဲတွေအစားခံနေရသော စစ်သည်များနှင့် ထိုရှေ့တန်းမာ တိုက်ခိုက်နေသော သူ၏ ခမည်းတော်ကိုလဲ မြင်ခဲ့ရသလို မြေမာ ပုံနေသော သားရဲအလောင်း အပုံလိုက်တွေကိုလဲ ဗလာမျက်လုံးဖြင့် ပြေးရင်း ကြည့်နေခဲ့ရတယ်
ဦးလေးတစ်ယောက်ဖြင့် Famia တစ်ခဏ
ပြေးပီးသော အချိန်မာပဲ နန်းတော်၏
အပေါက်ဝတွင် မြင်းလှည်းတစ်စီးရပ်ထားခဲ့တယ်
ထိုဦးလေးဟာ Famia ကို လှည်းပေါ်တင်ကာ
" မြို့တော်ပြင်ကို တတ်နိုင်သလောက်ပို့! "
ဆိုကာ မြင်းလှည်းကိုင်ထားသူကို ပြောခဲ့ပြီး
သူဟာ နန်းတော်ထဲကို ပြန်ဝင်သွားခဲ့တယ်
မြင်းမောင်းသူနှင့် Famia တို့ဟာ မီးလောင်ကျွမ်း
နေတဲ့ မြို့တော်ကြီးထဲကနေထွက်လာခဲ့တယ်
လမ်းတွင် လူများရဲ့ သွေးများ, တိုက်ခိုက်နေသော
စစ်သည်များနှင့် ပြေးနေသော ပြည်သူတွေကိုလဲ
Famia မြင်ခဲ့ရတယ်
တစ်ယောက်မာ သူ့၏ ကလေးကို ဖတ်ထားကာ
ချုံးပွဲချပီးငိုနေသူဖြစ်ပီး အချို့မာလဲ အသက်ရုန်း
ပြေးနေရသူတွေပဲဖြစ်တယ်
လှည်းမောင်းသူဟာ မြို့တော်အပြင်ကို ရောက်ပီး
ဆက်မောင်းနေကာ စကားစပြောလေတယ်
" သခင်လေးကို အလုံခြုံဆုံးနေရာအဖြစ် Elf တောအုပ်ကိုပို့ပေးပါမယ် "
" အဲ့တာကြောင့် အခုတော့ စိတ်အေး"ထားဖို့သာ
ဦးစားပေး-" ထိုမြင်းမောင်းသူစကားမပီးသေးခင်
ဘေးမှ လှန်တစ်ချောင်းဟာ ရုတ်တရက်
သူ၏ခေါင်းကို ထုတ်ချင်းဖောက်သွားခဲ့တယ်
Famia ဟာ မထင်ထားခဲ့တာကြောင့် လန့်သွားပီး
" ဟမ်..? " ဆိုကာ ကြောင်ကြည့်မိနေပါတယ်
ဘေးမာရောက်နေခဲ့တာက သားရဲတစ်ပိုင်း
ကောင်တစ်ကောင်ဖြစ်ပီး သူ့ရဲ့အဆင်းမာ
ဝံပုလွေတစ်ကောင်က ဒိုင်းကိုကိုင်ထားခဲ့တယ်
ထိုဝံပုလွေတစ်ပိုင်းဟာ မြင်းလှည်းမောင်းသူ၏
ခေါင်းမာ ဖောက်နေသော လှံကိုဆွဲထုတ်ကာ
Famia ကိုထိုးဖို့ကြံလိုက်တယ်ဆိုပေမယ့်
ဟန်ရွယ်လိုက်သော သူ့လက်မာ ပြတ်သွားခဲ့တယ်
ဝံပုလွေမာ ပြတ်သွားသော သူ့လက်ကိုဖိထားကာ
လေးဘက်ကုန်းကာ ထွက်ပြေးသွားခဲ့တယ်
Famia ဟာ တွေဝေမှုသိပ်မရှိတော့ပဲ
မြင်းမောင်းသူရဲ့အလောင်းကို ဆွဲချကာ ကြိုးကို
တစ်ခဏလောက် ချိန်ကိုင်နေပုံမာ သူမြင်းမောင်း
တာမျိုးမလုပ်ဖူးဘူးဆိုတာ ပြနေခဲ့တယ်
ကြိုးကို မြင်းရဲ့တင်ပါးကို ရိုက်လိုက်ချိန်မာ
မြင်းဟာ လှည်းကိုဆွဲကာ ဟင်းလင်းပြင်
ဖြူးနေသောလမ်းကို ထပ်ပီးပြေးလေတော့တယ်
လှမ်းဝေးတဲ့ နေရာတွေမာ ဟင်းလင်းဖြစ်တာမို့
တွေ့ရတဲ့ ကျေးရွာအငယ်များလဲ မီးခိုးငွေ့တွေ
ကောင်းကင်ကို လွင့်ပျံနေကာ စစ်ပွဲတစ်ခုလိုပါပဲ
Famia ဟာ အနောက်ကိုတစ်ချက်ပြန်လှည့်ကာ
ကြည့်လိုက်ချိန်မာ မြို့တော်လဲ ထိုနည်းတူပါပဲ
နဂါးတွေဟာ ကောင်းကင်မှ မီးများဝေနေပီး
တိမ်တွေမာ အနီရောင်တောက်နေကာ မုန်တိုင်း
မီးကောင်းကင်ကြီးတစ်ခုလိုဖြစ်နေပါတယ်
ထိုသို့အချိန်မာပဲ အခြားတိုင်းပြည်များနဲ့ မြို့တော်အများစုမှ အထက်အာဏာရှိသူများမာလဲ စကားဝိုင်းများဖြစ်နေကြကာ Baruma (ဘာရူးမား) တိုင်းပြည်တိုက်ခိုက်ခံရတဲ့အကြောင်းတွေကိုဆွေးနွေးနေကြပါပီ
ညအချိန်ဖြစ်တာကြောင့် မြို့တော်တွေကိုတော့
သတင်းပြန့်တာမျိုးမဖြစ်တာကိုလဲတွေ့ရတယ်
စကားဝိုင်းတစ်ခုမာ လူနှစ်ယောက်စကားပြောနေကြကာ နှစ်ယောက်စလုံးမာ အထက်တန်းလွှာ အဆင်းရှိကြတယ် ဝိုင်ခွက် ၂ခွက်ကို စားပွဲပေါ်တွင်တင်ထားကာ ထိုသူတို့ရဲ့ ဘေးမာလဲ ဝိုင်ငှဲ့နေသော maid တစ်ယောက်ကိုတွေ့ရပါတယ်
ထိုနှစ်ယောက်ထဲမှ အရွယ်ရောက်ပုံမြင်ရသော
လူကြီးတစ်ယောက်ဟာ အရက်ခွက် (ဝိုင်) ကိုငှဲ့နေသော maid ရဲ့တင်ပါးကို ရိုက်ကာ စကားပြောပါတယ် "ဆိုတော့ Hedweအရှင် ခများကူမာလား?"
Maid ဟာ " အာ့! " ဆိုပီး ရုတ်တရက်ဖြစ်တာကြောင့်အော်မိသွားကာ ရှက်ပီး အခန်းထဲမှ ပြေးကာ ထွက်သွားခဲ့ပါတယ်
ထိုတင်ပါးရိုက်သူ ခေါ်လိုက်သော Hedwe ဆိုသူမာ လက်ဖြင့် မေးစေ့ကို ကိုင်ကာ ခဏစဉ်းစားခဲ့ပါတယ် ခဏအကြာမာတော့
" အဆင်ပြေမာမဟုတ်ဘူးကွ ၊ ပြည်ချဲ့စစ်မာ ငါတို့ အကူခံထားရပေမယ့် ဒါက ကျေးဇူးဆပ်တာထက် ငါတို့ပဲ မျိုးပြန်တုန်းခံရမာလေ "
Hedwe ဟာ သူ့ရှေ့ရှိ ဝိုင်ခွက်ကို ကိုင်ကာ မော့လိုက်ပြီးသောအခါ စကားဆက်ပါလေတယ်
" ဒါက Atsuradaki wave (အာဆူရာဒကီ လှိုင်း) လေကွာ ၊ ဒီကောင်တွေကို နိုင်ဖို့က အခုမှသွားလဲ မှီမာမဟုတ်ဘူး " " ဒါကြီးက အရမ်းကို ရုတ်တရက်ဆန်လွန်းတာ"
Hedwe ကိုမေးလိုက်သောသူက ထိုစကားကြားပီးမာပဲ ပြန်တုန့်ပြန်လေတယ်
" အင်း ၊ ဘုရင် မမှားပါဘူး ၊ ဒါက သူတို့ကံဖြစ်သလို ငါတို့ရဲ့ ကံလဲဖြစ်တာပဲ " တစ်ချိန်က ဘယ်လောက်ကူညီခဲ့သည်ဖြစ်စေ အသက်နဲ့လဲရအောင်တန်တဲ့ ဖြစ်တည်မှုဆိုတာမရှိဘူးလေ "
" ငါတို့ ဘာတွေဖြစ်တော့မယ်ဆိုတဲ့ ဖြစ်နိုင်ချေ တွေအတွက် ကြိုတင်ပြင်ဆင်ရုံပေါ့ကွာ "
Hedwe ဘုရင်ဟာ လက်ခံလိုက်သော ပုံစံဖြင့် ခေါင်းကို ငြိမ့်ကာ မျက်လုံးကိုမှိတ်ထားပုံမာ ကူညီခွင့်မရတာကို ခံပြင်းတယ်ဆိုတဲ့
ပုံစံပေါက်နေခဲ့ပါတယ်
ထိုတူအချိန်မာပဲ အမှောင်ကျနေသော တစ်နေရာ
အရှေ့တွင် ထင်း ၊ သစ်သားတို့ကာထားတဲ့ နေရာတစ်ခုမာ ကလေးနှစ်ယောက်ဟာ စုတ်ပြတ်နေသော အဝတ်အစားများနဲ့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြကာ ဂျောင်တွင်ကုတ်ကပ်နေခဲ့ကြတယ်
အရွယ်နဲနဲကြီးသူ ထင်ရသော ကလေးမာ သူထွေးပွေ့စွာ ဖက်ထားတဲ့ သူရဲ့ ခေါင်းကိုပွတ်ပေးကာ ပြောလေတယ် "မကြောက်နဲ့နော် မောင်လေး"
"မမရှိတာမို့ ၊ မေမေလဲ ခဏနေ အိမ်ပြန်လာမာပါ"
နှစ်ယောက်စလုံးမာ ခန္ဓာများ တုန်လှုပ်နေကြကာ
သူတို့ ကပ်နေတဲ့ဂျောင်ရဲ့ အပြင်မာ သွေးများပြန့်ကျဲနေတာကို အမဖြစ်သူဟာ သစ်သားအပေါက်မှ ကြည့်ကာမြင်နေရပါတယ်
သူ၏မောင်ဖြစ်သူမာ "ကြောက်တယ်" ဆိုကာ
တုန်ရီနေသောအသံ ၊ ငိုသံနှင့်အတူ ပြောတယ်
တစ်ချိန်ထဲမာပဲ အမဖြစ်သူဟာ သူ့ရဲ့ ဆံပင်ကိုပွတ်ထားကာ "ဘာမှမဖြစ်ပါဘူး.." ဆိုရွေ့ပြန်ချော့လေပြန်တယ် ၊ အမဖြစ်သူရဲ့ ထိုစကားအပီးမာ သူတို့နှစ်ယောက်ပုန်းခိုနေတဲ့ သစ်သားပုံမာ
လွင့်ပြန်သွားပီး တစ်ယောက်"က ဖယ်ထုတ်လိုက်ပုံကိုပြနေခဲ့ပါတယ်
အမဖြစ်သူဟာ ထိုဖယ်ခံလိုက်ရတဲ့ သစ်သားတွေကိုကြည့်ကာ တုန့်ဆိုင်းသွားခဲ့ပါတယ် အဲ့ဒီအချိန်မာပဲ ဘေးမှ အရွယ်ရောက်သူမြင်ရတဲ့ လူကြီးနှစ်ယောက်ရှေ့တွင် မတ်တပ်ရပ်နေကာ အနောက်တွင်ရပ်နေသော တစ်ယောက်မာ သာမန်အဝတ်အစားကို ဝတ်ထားပုံမြင်ရပီး ဓားရှည်တစ်လက်ကို လက်ထဲကိုင်ထားပုံကိုတွေ့ရပါတယ်
အရှေ့တွင်ရောက်နေသော လူကြီးမာ "ဒီရောက်နေတာကို မင်းတို့က" ဆိုကာ အသက်ငယ်အရွယ်ဟု မြင်ရတဲ့ အမဖြစ်သူကို လက်ကိုအတင်းဆွဲကာ " လာစမ်း! " ဆိုပီး သူ့ဘက်သို့ရောက်အောင် ဆွဲလိုက်ပီး အခြားတစ်ဖက်ကို တွန်းလိုက်ပါတယ်
တွန်းပို့ခံလိုက်ရတဲ့ မိန်းကလေးဟာ ထိုနေရာမာပဲ
အောက်တွင် ထောင်နေတဲ့ သစ်သားစဟာ မိန်းကလေးရဲ့ ရင်ဘက်ကို စိုက်ဝင်သွားခဲ့ပါတယ်
အရှေ့မာရှိတဲ့ သူဟာ သူ့ရဲ့မောင်ဖြစ်သူကိုလဲ ဆွဲခေါ်ဖို့ လုပ်ရန်ရွယ်နေချိန်မာပဲ အနောက်တွင် ရပ်နေသော တစ်ယောက်က " ဟာ!! မင်းလုပ်ရင် သောက်တလွဲတွေ Luek! " ဆိုပီး ဒေါသ အသံဖြင့် မိန်းကလေးကို ကြည့်ကာ သူ့ရှေ့က လူကြီးကိုပြောပါတော့တယ်
ထိုလူကြီးဟာလဲ အနောက်ကို လှည့်ကြည့်ကာ
"ဟာ သွားပါပီ ၊ မသိဘူးလေကွာ ငါလဲ အဲ့နားမာ
အဲ့ တုတ်က တိုက်"ဆိုင်"ကြီးထောင်နေတာလေ"
အနောက်တွင် ရပ်နေသူ : " အဲ့တာကို မကြည့်တဲ့ မင်းက မဟုတ်တာလေ "
Luek : ဟာ!?
"မင်းကရော လီးလို့ သတိမပေးတာလား?
မင်းတော်တော်တတ်နေတာမလို့လား?"
သူတို့နှစ်ယောက်ရဲ့ စကားတွေမာ
ရန်ငွေ့တွေစပါလာခဲ့ပါတယ်
အနောက်တွင်ရပ်နေသူဟာလဲ
"ဟ မင်းစကားလီးဖြစ်လာတာလား? ၊ မင်းမှားသွားတာလေ ခံပြင်းတာလား ဘာလား?"
Luek :
"ဘာကိုငါမှားတာလဲ မင်းမပြောတာလေ"
အနောက်တွင်ရပ်နေသူ :
"ဟ ငါကပတ်ဝန်းကျင်လဲကြည့်ရသေးတယ်လေ"
"မင်းဘာမင်းရှက်ကိုးရှက်ကန်းနဲ့ ဝန်မခံရဲတာမဟုတ်လား?"
ထိုစကားကိုကြားပီးမာပဲ Luek ဆိုသူဟာ မတ်တက် ထရပ်လိုက်ကာ သူ့နဲ့ အငြင်းပွားသူရဲ့ မေးစေ့ကို လက်ဖြင့် ကျစ်"ကိုင်ကာ ပြောတော့တယ်
"ငါမမှားဘူး!!" "နားလည်လားဟမ်? Rou"
Luek ရဲ့အော်သံကြောင့် Rou ဆိုသူမာ တုန်လှုပ်သွားခဲ့ပီး အသံရော့သွားကာ "အေ-အေး" ဆိုပီး ပြန်ပြောလေတယ်
ထိုစကားအပြီးမာပဲ Luek ဆိုသူဟာ လက်ကိုဖယ်လိုက်ပီး "တော်ဘီ ၊ ဘာမှလဲမဟုတ် မိန်းကလေးပေါတယ် ၊ အဲ့ကောင်ခေါ်ခဲ့ " ဆိုကာ ရပ်ထားတဲ့
မြင်းလှည်းလိုမြင်ရတဲ့ နေရာကို ဦးတည်သွားခဲ့တယ်
ထိုသို့သွားနေချိန်မာပဲ Rou ဆိုသူဟာ ကလေးကို သေချာကြည့်လိုက်ချိန်မာ ထိုကလေးဟာ မျက်ရည်တွေ အပေါက်ပေါက်ကျနေပီး အမဖြစ်သူအဖြစ်ကို အသံလဲမထွက် မျက်လုံးထဲမှ မျက်ရည်တွေကျနေသော်လဲမငို သောပုံစံဖြစ်နေတာကိုတွေ့လိုက်ရတယ်
Rou ဆိုသူဟာ သူ့လက်ကိုဆွဲရန်လုပ်ပေသော်လဲ ထိုကလေးမာမထပဲ ကပ်သာနေတာကိုတွေ့ရတယ် "ဟာ! လာစမ်းပါကွာ နောက်တစ်ယောက်ထပ်ဖြစ်ချင်လို့လား မင်းက?" ဆိုကာ လေသံမာမာဖြင့် ခြိမ်းခြောက်ပေသော်လဲ ကလေးရဲ့ပုံစံဟာမပြောင်းပဲ ဂျောင်မာကပ်နေတုန်းပါပဲ
ကလေးဟာ အရွယ် ၅နှစ်သားလောက်လို့ခန့်မှန်းရတယ် Rou ဟာထပ်ဆွဲခေါ်ဖို့ကြံချိန်မာပဲ ကလေးမာ ကြယ်ပုံစံများ သူ့ရဲ့ ခန္ဓာကိုဝိုင်းသွားခဲ့တယ် Rou ဟာ "ဘာလဲဟ?" ဆိုကာပြောပီးစဉ်မာပဲ သူ့ရဲ့ခေါင်းဟာ မြေပြင်ပေါ်သို့ ပြတ်ကျသွားခဲ့ပါတယ်
ကလေးဟာ ထိုနေရာမာပဲထိုင်နေပီး အမဖြစ်သူသေဆုံးပုံကိုကြည့်နေကု မျက်ရည်များ မျက်လုံးမှထွက်လျက် အသံထွက်လဲမငိုတာကိုတွေ့ရတယ်
ထိုအဖြစ်အပျက်တွေဖြစ်နေချိန်မာ Famia ဟာလဲ တောနက်တစ်ခုနားကိုရောက်သွားခဲ့ပါတယ်
သူဟာမြင်းပေါ်ကဆင်းလိုက်ပီး ဆောင်းရာသီဖြစ်သောကြောင့် မြူဆိုင်းပီး သစ်ပင်တွေမာလဲ တစ်ပင်ကြီးစီမာ မိုးထိလောက်သည့်ကိုရှည်တာကိုတွေ့ရတယ်
Famia ဟာ ဖြေးဖြေးချင်းမြင်းပေါ်မှဆင်းကာ လမ်းစလျှောက်လာပီး သစ်ပင်တစ်ခုခြေမှနားလိုက်ပါတယ်
မြင်းကြိုးလဲမချည်တတ်တာကြောင့် မြင်းဟာသစ်ပင်ခြေတဝိုက်မှ အပင်တွေကို လိုက်စားနေရက် Famia ဟာလဲ အထက်တန်းအဆင်အဆာမြင်ရတဲ့ အရောင်ထင်းရဲ့ အကျီ ၊ အပေါ်မှဝတ်ရုံတို့ကို ချက်ချင်းပဲချွတ်လိုက်ပါတယ်
သူဟာ ကောင်းကင်ကိုပြန်ကြည့်ချိန်မာ ကောင်းကင်တစ်ခုလုံးနီးပါးဟာ မြူ ၊ သစ်ပင်သစ်ရွက်များနဲ့ ဖုံးထားခဲ့တာကိုတွေ့ရတယ်
" ဒါက မက်ကာ သစ်ပင်ကြီးတွေပေါ့.." ဆိုကာ တစ်ချိန်ထဲမာတွေးမိခဲ့တယ် သစ်ရွက်များကာထားပေသော်လဲ လရောင်မာ ဖောက်ဝင်ဆဲဖြစ်တာကြောင့် အလင်းတန်းအချို့ဟာ Famia လှဲနေသော နေရာမာ ထိုးကျနေခဲ့တယ်
Famia ဟာလဲ အသံတိုးဖြင့် " ဒီကစပီး ငါနတ်ဘုရားဖြစ်ခဲ့တာပဲ.. ဒီအဖြစ်တွေကိုမြင်ပီး ငါဒီတောထဲမာ ပညာရှိ Elf တစ်ယောက်ကိုတွေ့ပီး အကုန်လုံးကို လေ့လာတက်မြောက်လာခဲ့တာပဲ..."
"အဖြစ်အပျက်တွေဟာ တူလွန်းတယ် အချိန်နောက်ပြန်လည်သလိုတောင်ခံစားရတယ်"
"ဒါပေမယ့် ထိုအချိန်က မိသားစု နာမည်တွေကိုတော့ ငါမမှတ်မိတော့ဘူး.." Famia ဟာ သက်ပြင်းတစ်ချက်ချလိုက်ပီး မျက်လုံးကိုမှိတ်လိုက်ပါတယ်
လရဲ့အလင်းမာ Famia လှဲလျောင်းနေသောနေရာကိုထိုးနေခဲ့တယ် သစ်ရွက်တွေမာငြိမ်သက်နေပီး မြူအနည်းငယ်ကြောင့် တောအုပ်ဟာ တစ်ချိန်ထဲမာ မှောင်ကာ တစ်ချိန်ထဲမာပဲ လင်းနေခဲ့တယ် ပတ်ဝန်းကျင်မာ တိတ်ဆိတ်နေပီး အချို့သော အရွက်သံနှင့် မြင်းရဲ့ခွာရက်သံတို့သာရှိတယ်
Famia ဟာ မျက်လုံးမှိတ်ပီး ပြန်မဖွင့်လာတော့သည်မာ ပင်ပန်းသွားကြောင်းကိုပြနေခဲ့တယ်
သူဟာ ထိုနေရာမာပဲ အိပ်ဆက်သွားခဲ့တယ်
#Chapter end