Fox Demon Cultivation Manual

BelliaHanna
  • --
    chs / week
  • --
    NOT RATINGS
  • 1.6k
    Views
Synopsis

synopsis

-Unicode-

ကြုံတောင့်ကြုံခဲဖြစ်ရပ်ဆန်းတစ်ခုကြောင့် စုန့်ချီသည် မိစ္ဆာဘုရင်၏သွေးကို မှားယွင်းစွာ သောက်သုံးမိခဲ့သည်။ ထို့ကြောင့် သူသည်လည်း မိစ္ဆာအဖြစ်သို့ အသွင်ပြောင်းခဲ့ရသည်။ အင်အားချိနဲ့သော ကျင့်ကြံသူလေးသည် ရေငုံနှုတ်ပိတ်နေဖို့သာ တတ်နိုင်ခဲ့သည်။

ထို့ထက် ပို၍စိတ်ဆင်းရဲဖွယ်ရာ ကိစ္စရပ်မှာ စုန့်ချီရောက်လေရာအရပ်တွင် အလျိုလျိုထွက်လာသော မိစ္ဆာများ၏ တိုက်ခိုက်ခြင်းကိုခံရပြီး ထိုအကောင်များသည် သူ့သွေးကို တောင့်တမှုဖြင့် အော်ဟစ်သောင်းကျန်းကြသည်၊ သို့မဟုတ် သူ၏ လည်ဂုတ်ကို ဖျစ်ညစ်ကြကာ မိစ္ဆာဘုရင်နှင့် စုန့်ချီ၏ ပက်သက်နှီးနွှယ်မှုကိုလည်း စစ်မေးတတ်ကြသေးသည်။

ဤသို့ဖြင့် စုန့်ချီသည် မိစ္ဆာဘုရင်ကို လုံးလုံးလျားလျား ဆန့်ကျင်မုန်းတီးသူတစ်ယောက်ပင်ဖြစ်တော့သည်။ ချီးမွမ်းထောပနာပြုသူများကို အကြွင်းမဲ့သောက်ဂရုမစိုက်ဘဲ သူသည် လောကနံပါတ်တစ် တိုက်ခိုက်ဆန့်ကျင်မည့်သူဖြစ်၏။

စုန်ချီသည် ဘဝတစ်လျှောက်လုံး 'မိစ္ဆာနယ်မြေတံခါးရှင်' အား လိုက်လံရှာဖွေရင်းဖြင့် ကုန်ဆုံးပြေးလွှားခဲ့သည်။ လမ်းတစ်လျှောက်တွင် အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခြေတော်ရင်း၌ကပ်တွယ်ကာ ထိုသူ့အား သူနှင့်အတူ မိစ္ဆာဘုရင်အား သတ်ဖြတ်ပြီး ကမ္ဘာမြေလောကအား မကောင်းဆိုးဝါးရန်မှကာကွယ်ကာ ငြိမ်းချမ်းခြင်းများဆောင်ကျဉ်းကြမည်ဟု အပတ်တကုတ်ကြိုးစားအားထုတ်ကာ ဖြောင်းဖျခဲ့သည်။

စုန့်ချီ , "ကျုပ်အနှေးနဲ့အမြန် မိစ္ဆာဘုရင်ကို အရေခွံဆုတ်ပစ်မယ်..သူ့အသွေးအသားတွေကို သောက်သုံးပြီး အသားစိုင်တွေကို ဆုတ်ဖြဲပြမယ်!"

ရုန်ပိုင်သည်ကား ပြုံးလျက်, "မင်းရဲ့ အမြော်အမြင်တွေက အထင်ကြီးလေးစားလောက်ပါပေတယ်"

သို့သော်...

မည်သူကများသိခဲ့မည်နည်း? မိစ္ဆာနယ်မြေဆီသို့ ဝင်ရောက်လာသည့်အချိန်တွင်....

ရာချီထောင်ချီ များပြားလှစွာသော မိစ္ဆာကောင်များ အုန်းအုန်းကျွက်ကျွက်ရောက်ရှိလာကြပြီး သူ့ဘေးမှပုဂ္ဂိုလ်အား ခေါင်းငုံကာ အရိုအသေပေးကြသည်။ ထိုပုဂ္ဂိုလ်၏ ခြေထောက်အောက်တွင် ဝပ်တွားခယကြပြီး ကျယ်လောင်စွာ ကောင်းချီးပေးဟစ်ကြွေးကြသည်။

"" မိစ္ဆာဘုရင် အသက်ရာကျော်ရှည်ပါစေ ""

စုန့်ချီသည် မူးမေ့လဲမတတ် တုန်လှုပ်သွားသည်။

ရုန်ပိုင်သည်ကား ပြုံးလျက်ပင် , " မိစ္ဆာနယ်မြေထဲရောက်ရင် မင်းဘာလုပ်မယ်လို့များ ပြောခဲ့တာပါလိမ့်? "

စုန့်ချီ , " အဲ့ဒါ....အဲ့ဒါက နားလည်မှုလွဲတာပါ "

──────── ❃ ────────

Shou - 宋辞 ( စုန့်ချီ )

Gong - 容白 ( ရုန်ပိုင်)

CP Name - 容宋 ( ရုန်စုန့် )

Title - 狐妖修炼指南 / Fox Demon Cultivation Manual [ FDCM ]

Author -风歌且行(FengGeQieXing)

English Translator - Lianyin

Total Chapter - 101 Chapters + 1 Extra

Formidable, Cold-blooded Demon King  ×  Shameless, Dumb, Stubborn Fox Demon (Former Human)

Thanks for reading 🦊💙

........

-Zawgyi-

ၾကံဳေတာင့္ၾကံဳခဲျဖစ္ရပ္ဆန္းတစ္ခုေၾကာင့္ စုန္႔ခ်ီသည္ မိစၧာဘုရင္၏ေသြးကို မွားယြင္းစြာ ေသာက္သံုးမိခဲ့သည္။ ထို႔ေၾကာင့္ သူသည္လည္း မိစၧာအျဖစ္သို႔ အသြင္ေျပာင္းခဲ့ရသည္။ အင္အားခ်ိနဲ႔ေသာ က်င့္ၾကံသူေလးသည္ ေရငံုႏႈတ္ပိတ္ေနဖို႔သာ တတ္ႏိုင္ခဲ့သည္။

ထို႔ထက္ ပို၍စိတ္ဆင္းရဲဖြယ္ရာ ကိစၥရပ္မွာ စုန္႔ခ်ီေရာက္ေလရာအရပ္တြင္ အလ်ိဳလ်ိဳထြက္လာေသာ မိစၧာမ်ား၏ တိုက္ခိုက္ျခင္းကိုခံရၿပီး ထိုအေကာင္မ်ားသည္ သူ႔ေသြးကို ေတာင့္တမႈျဖင့္ ေအာ္ဟစ္ေသာင္းက်န္းၾကသည္၊ သို႔မဟုတ္ သူ၏ လည္ဂုတ္ကို ဖ်စ္ညစ္ၾကကာ မိစၧာဘုရင္ႏွင့္ စုန္႔ခ်ီ၏ ပက္သက္ႏွီးႏႊယ္မႈကိုလည္း စစ္ေမးတတ္ၾကေသးသည္။

ဤသို႔ျဖင့္ စုန္႔ခ်ီသည္ မိစၧာဘုရင္ကို လံုးလံုးလ်ားလ်ား ဆန္႔က်င္မုန္းတီးသူတစ္ေယာက္ပင္ျဖစ္ေတာ့သည္။ ခ်ီးမြမ္းေထာပနာျပဳသူမ်ားကို အႂကြင္းမဲ့ေသာက္ဂရုမစိုက္ဘဲ သူသည္ ေလာကနံပါတ္တစ္ တုိက္ခိုက္ဆန္႔က်င္မည့္သူျဖစ္၏။

စုန္ခ်ီသည္ ဘဝတစ္ေလၽွာက္လံုး 'မိစၧာနယ္ေျမတံခါးရွင္' အား လိုက္လံရွာေဖြရင္းျဖင့္ ကုန္ဆံုးေျပးလႊားခဲ့သည္။ လမ္းတစ္ေလၽွာက္တြင္ အင္အားႀကီးပုဂၢိဳလ္တစ္ေယာက္၏ ေျခေတာ္ရင္း၌ကပ္တြယ္ကာ ထိုသူ႔အား သူႏွင့္အတူ မိစၧာဘုရင္အား သတ္ျဖတ္ၿပီး ကမၻာေျမေလာကအား မေကာင္းဆိုးဝါးရန္မွကာကြယ္ကာ ၿငိမ္းခ်မ္းျခင္းမ်ားေဆာင္က်ဥ္းၾကမည္ဟု အပတ္တကုတ္ႀကိဳးစားအားထုတ္ကာ ေျဖာင္းဖ်ခဲ့သည္။

စုန္႔ခ်ီ , "က်ဳပ္အေႏွးနဲ႔အျမန္ မိစၧာဘုရင္ကို အေရခြံဆုတ္ပစ္မယ္..သူ႔အေသြးအသားေတြကို ေသာက္သံုးၿပီး အသားစိုင္ေတြကို ဆုတ္ျဖဲျပမယ္!"

႐ုန္ပိုင္သည္ကား ျပံဳးလ်က္, "မင္းရဲ႕ အေျမာ္အျမင္ေတြက အထင္ႀကီးေလးစားေလာက္ပါေပတယ္"

သို႔ေသာ္...

မည္သူကမ်ားသိခဲ့မည္နည္း? မိစၧာနယ္ေျမဆီသို႔ ဝင္ေရာက္လာသည့္အခ်ိန္တြင္....

ရာခ်ီေထာင္ခ်ီ မ်ားျပားလွစြာေသာ မိစၧာေကာင္မ်ား အုန္းအုန္းကၽြက္ကၽြက္ေရာက္ရွိလာၾကၿပီး သူ႔ေဘးမွပုဂၢဳိလ္အား ေခါင္းငံုကာ အရိုအေသေပးၾကသည္။ ထိုပုဂၢဳိလ္၏ ေျခေထာက္ေအာက္တြင္ ဝပ္တြားခယၾကၿပီး က်ယ္ေလာင္စြာ ေကာင္းခ်ီးေပးဟစ္ေႂကြးၾကသည္။

"" မိစၧာဘုရင္ အသက္ရာေက်ာ္ရွည္ပါေစ ""

စုန္႔ခ်ီသည္ မူးေမ့လဲမတတ္ တုန္လႈပ္သြားသည္။

ရုန္ပိုင္သည္ကား ျပံဳးလ်က္ပင္ , " မိစၧာနယ္ေျမထဲေရာက္ရင္ မင္းဘာလုပ္မယ္လို႔မ်ား ေျပာခဲ့တာပါလိမ့္? "

စုန္႔ခ်ီ , " အဲ့ဒါ....အဲ့ဒါက နားလည္မႈလြဲတာပါ "

──────── ❃ ────────

Shou - 宋辞 ( စုန္႔ခ်ီ )

Gong - 容白 ( ႐ုန္ပိုင္)

CP Name - 容宋 ( ႐ုန္စုန္႔ )

Title - 狐妖修炼指南 / Fox Demon Cultivation Manual [ FDCM ]

Author -风歌且行 (FengGeQieXing)

English Translator - Lianyin

Total Chapter - 101 Chapters + 1 Extra

Formidable, Cold-blooded Demon King  ×  Shameless, Dumb, Stubborn Fox Demon (Former Human)

Thanks for reading 🦊💙