[ နိဒါန်းပဏာမ ]
တည်းခိုဆောင်ငယ်လေးတစ်ခု
နေဝင်ဖျိုးဖျရောင်ခြည်ဖျော့ဖျော့သည် မြေပြင်တစ်ခွင် ဖြန့်ကျက်လျက်ရှိ၏။ ဤအရပ်မှ မိုင်အနည်းငယ်ခန့်အကွာအဝေးထိ တည်းခိုဆောင်ငယ်လေးတစ်ခုကိုသာ တွေ့မြင်နေရ၏။
ဝါကြန့်ကြန့်အဖုံးအကာနှင့် စာအုပ်တစ်အုပ်ကို လက်မောင်းများကြား ထွေးပိုက်လျက် စုန့်ချီသည် တည်းခိုဆောင်အရှေ့၌ ခေတ္တခဏကြာ ရပ်နေမိသည်။ နေရာမှားယွင်းလာခြင်း မဟုတ်ကြောင်း အတည်ပြုပြီးသည့်အခါမှ ခြေကိုကြွကာ တည်းခိုဆောင်အတွင်းသို့ ဦးတည်လိုက်လေသည်။
ဧည့်ကြိုစားပွဲရှေ့၌ဝယ် လူသုံးယောက်ဟာ ဖရဲစေ့များခွာစားလျက် ဝိုင်းဖွဲ့ကာစကားစမြည် ပြောနေကြသည်။ နီစွေးစွေးနှုတ်ခမ်းများ၊ ဖြူဖြူဖွေးဖွေးသွားတန်းများနှင့် ဝင်ရောက်လာသူ အမျိုးသားပျိုလေးသည် သူတို့၏အာရုံကို ဖမ်းစားသွားသည်။ အမျိုးသားပျိုသည် တိမ်တိုက်သဏ္ဌာန်အကွက်ဖော်ထားသော ခဲပြာရောင်တောက်ဓမ္မဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို ခပ်မြင့်မြင့် စုချည်ထားသည်၊ ဝတ်ရုံအနားစများကမူ လမ်းလျှောက်တိုင်း တလွင့်လွင့် တလူးလူးဖြင့်။
ထိုသုံးယောက်ထဲမှ မျောက်ကဲ့သို့ မဲခြောက်ခြောက်ပိန်လှီလှီနှင့် လူအိုကြီးက လျင်မြန်စွာထရပ်လိုက်၏။ ထိုသူက ချက်ချင်းဆိုသလို စားလက်စဖရဲစေ့များကို ဘေးတွင်ပုံထားလိုက်၍ ခါးကိုင်းကာ ကြိုဆိုလေသည်။
" တောက်ကျန်လေး၊ ညရေးညတာ တည်းခိုချင်လို့ပါလားခင်ဗျာ"
[ တောက်ကျန် = တာအိုဘာသာကျင့်ကြံသူ ရဟန်း (သို့) တောက်ဓမ္မပညာရှင်]
စုန့်ချီသည် ချက်ချင်းအဖြေမပြန်သေးဘဲ ခေါင်းကိုမော့ကာ တည်းခိုဆောင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။ တည်းခိုဆောင်ရှိ နံရံများတွင် အုတ်ကျိုးနီရောင် ဆေးသုတ်ထားသည်။ ယခုလို နေဝင်ဖျိုးဖျမှောင်စ အချိန်တွင် မီးမထွန်းထားသော ခပ်မှိုင်းမှိုင်းအခန်းကြီးသည် ခြောက်ခြားဖွယ်ရာ ကောင်းလှပေ၏။
လူအိုကြီးက အလွန်ပင် အရ်ိပ်အကဲနားလည်လှသည်။ သူသည် အနောက်ကိုလှည့်၍ ဧည့်ကြိုအငယ်လေးနှစ်ယောက်ကို လက်ဟန်ခြေဟန်ပြကာ ခိုင်းစေလိုက်ရာ ကောင်လေးနှစ်ယောက်လည်း မီးအိမ်ကိုယူကာ ဖယောင်းတိုင်ကို အလျင်အမြန် မီးညှိလိုက်ကြ၏။ အလင်းရောင်ဟာ အခန်းတွင်း တစ်ခဏချင်း ပျံ့နှံ့လွှမ်းခြုံသွားသည်။
ထိုအခါမှ စုန့်ချီမှာ ပိုမို သက်သောင့်သက်သာဖြစ်သွားရ၏။ သူသည် လည်ချောင်းကို ရှင်းလိုက်ရင်း အမေးရှိလိုက်ပါ၏။
" အခန်းအလွတ်များ ရှိသေးလား"
" ရှိတယ်ခင်ဗျ၊ ရှိတယ်၊ ရှိတယ်။ အခန်းအလွတ်တွေ အများကြီးကျန်ပါသေးတယ်!"
လူအိုကြီးက ပြုံးလျက် ဝမ်းပန်းတသာပြောသည်။ သူသည် ဧည့်ကြိုစားပွဲဘေးသို့ လျှောက်သွားလိုက်ရင်း ခပ်ထူထူစာအုပ်တစ်အုပ်ကို ဖွင့်လိုက်သည်။
" တောက်ကျန်လေးက တစ်နေ့လုံး ခရီးဆက်လာရတာဆိုတော့ ပင်ပန်းနေလောက်ရောပေါ့၊ တောက်ကျန်လေးအတွက် တိတ်ဆိတ်ပြီး ကောင်းကောင်း အနားယူနိုင်မယ့် အခန်းတစ်ခန်းကို စီစဉ်ပေးပါ့မယ်"
ထိုစကားကိုကြားလျှင် စုန့်ချီ မြန်မြန်ဆန်ဆန်ပဲ အငြင်းစကားဆိုလိုက်၏။
" အဲ့လိုလုပ်ဖို့ မလိုပါဘူးဗျ၊ ကျွန်တော့်ကို လူခြေမပြတ်တဲ့အခန်းပဲပေးပါ"
လူအိုကြီးမှာ တစ်ဒင်္ဂမျှ တွန့်ဆုတ်သွားပြီး သကာလ...
" ဒါဆိုရင်တော့ တောက်ကျန်လေး အချိန်ကောင်းမှာ ရောက်လာတာပဲဗျာ။ သခင်လေးတစ်စုနဲ့ နန်းတွင်းစာမေးပွဲဖြေမယ့် ပညာရှင်ကျောင်းသားတွေ ဒီနေ့ပဲရောက်လာကြလို့ တောက်ဘက်အဆောင်မှာ တည်းခိုနေကြပါတယ်။ အဲ့ဒီနေရာမှာ အခန်းလွတ်တစ်လုံးတော့ ကျန်နေသေးတယ်ဗျ"
ဝမ်းမြောက်ဝမ်းသာဖြင့် သူသည် နှုတ်ခမ်းများဖွင့်ဟလိုက်ကာ ဆိုလိုက်လေသည်။
" ကျွန်တော် အဲ့အခန်း ယူမယ် "
" တောက်ကျန်လေး ဘယ်နှရက်နေမှာပါလဲ"
စုန့်ချီ စိတ်ထဲတွင် ရေတွက်ကြည့်လိုက်သည်။
" သုံးရက် "
သူ့နံဘေးမှ ဧည့်ကြိုအငယ်လေးက ပေသီးခုံကိုယူပြီး တွက်ချက်လိုက်သည်။
" တစ်ရက်တည်းခိုခ ဒင်္ဂါလေးဆယ်၊ တစ်ညအတွက် ဒင်္ဂါးနှစ်ဆယ်၊ ဒီတစ်ညကနေ နောက်သုံးရက် နေ့လယ်အထိဆိုရင်....."
" ငွေတစ်တုံးနဲ့ ဒင်္ဂါးခြောက်ဆယ်ကျသင့်ပါတယ်"
ထိုစကားကိုကြားလိုက်ရလျှင် စုန့်ချီသည် ဝတ်ရုံလက်အတွင်းရှိ အိတ်ထောင်လေးထဲမှ ငွေတုံးလေးကို စမ်းကြည့်လိုက်ကာ စိတ်လက်မချမ်းမသာဖြင့် တွေးလိုက်မိတော့၏။ ဘာလို့အဲ့သလောက် ဈေးများရတာတုန်း။ ငါတော့ ခြူတစ်ပြားတောင်မကျန်ဘဲ စားရမဲ့သောက်ရမဲ့ဖြစ်ရတော့မပေါ့!
" ကျုပ်တို့ တည်းခိုဆောင်က တစ်ရက်ကို ထမင်းသုံးနပ်ပါ ဧည့်ခံပါတယ်"
လူအိုကြီးသည် စုန့်ချီ ကျဉ်းတဉ်းကြပ်တဉ်းရောက်နေပုံကို ရိပ်မိပုံပေါ်သောကြောင့် ဖောဖောသီသီ အပြုံးတစ်ပွင့်နှင့် ထပ်ဖြည့်ကာဆိုလာလေသည်။
ကောင်းလေစွ! အနည်းဆုံးတော့ သူ အစာရေစာ ငတ်ပြတ်ပြီး မသေရတော့ဘူးပေါ့။
ဤနေရာသို့ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို ပြန်သတိရမိလိုက်သည့်အခါ သူ အံတင်းတင်းကြိတ်လိုက်ကာ သူ့တွင်ရှိသည့် လက်ကျန်ငွေအသပြာအားလုံးကို ဧည့်ကြိုစားပွဲပေါ်သို့ တင်ပေးလိုက်တော့၏။
" ဦးကြီးတို့ကို ဒုက္ခများစေမိပါပြီဗျာ"
" တောက်ကျန်လေးက သိပ်ကြင်နာတတ်တာပဲ"
လူအိုကြီးသည် ငွေစများကို ရေပင်မရေတွက်ဘဲ သစ်သားသေတ္တာထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ဧည့်ကြိုကောင်လေးကို မှာကြားလိုက်လေ၏။
" မြန်မြန် ၊ တောက်ကျန်လေးကို အခန်းလိုက်ပြပေးလိုက်"
" တောက်ကျန် ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"
ဧည့်ကြိုကောင်လေးက သူ့အား ဖိတ်ခေါ်လိုက်ပြီး ပိုးထည်ကန့်လန့်ကာကို မတင်လိုက်ကာ စုန့်ချီအား တည်းခိုဆောင်၏ နောက်ဖေးခြံဝင်းထဲသို့ ခေါ်ဆောင်သွားတော့သည်။
ခြံဝင်းက အင်မတန်ပင် ကျယ်ဝန်းပြီး မည်သည့်မျိုးစိတ်ဟူ၍ အမည်တိတိကျကျမသိရသည့် အပင်များကိုလည်း စိုက်ပျိုးထားသည်။ နွေဦးရာသီအစပျိုးချိန်ဖြစ်သဖြင့် အဖူးအညွှန့်များဟာ အဝါရောင်တောက်တောက်အညှောင့်များ ပေါက်လာကြပြီဖြစ်၏။ ကျောက်ပြားမခင်းထားသော နေရာများတွင် မြက်ပင်များ၏ထိပ်ဖျားအချွန်အတက်များ ထိုးထောင်နေကြသည်။ နွေဦး၏အငွေ့အသက်များ လေထဲတွင်ပျံ့နှံ့နေသယောင်ပင်။
အတန်ကြာလမ်းလျှောက်လာပြီးနောက်တွင် ကျောက်ပြားခင်းထားသော လျှောက်လမ်းသည် တောင်နှင့်မြောက် နှစ်ခွကွဲသွားသည်။ သူ့အရှေ့မှ ဧည့်ကြိုလေးက လမ်းညွှန်၏။
" တောက်ကျန် ၊ ဒီလမ်း "
စုန့်ချီသည် အတန်ငယ်ကြာတွေးနေမိသည့်အရာကို ထုတ်ကာမေးလိုက်၏။
" တောင်ဘက်အဆောင်မှာတည်းနေတဲ့
လူအားလုံးက နန်းတွင်းစာမေးပွဲလာဖြေကြတဲ့ ကျောင်းသားတွေချည်းပဲလား"
" အကုန်လုံးတော့မဟုတ်ဘူးဗျ "
ဧည့်ကြိုကောင်လေးက ပြန်ဖြေ၏။
" လူပေါင်းစုံကတော့ တစ်ချိန်လုံးဝင်ထွက်သွားလာနေကြတာပါပဲ။ ဒီနေ့ဆိုရင် နန်းတွင်းစာမေးအတွက်လာတဲ့ ဧည့်သည်လေးယောက်ကို ကျွန်တော်တို့ လက်ခံထားတယ်။ နောက်ထပ်တစ်ယောက်လည်းရှိသေးတယ်ဗျ၊ ပုခုံးကျယ်ကျယ် ခါးဆစ်တုတ်တုတ်နဲ့ လေလွင့်ဓားသိုင်းသမားနဲ့တူတယ်"
" ဟေ့! "
ထိုစဉ် သူတို့အရှေ့မှ အော်ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။
စုန့်ချီသည် ခေါင်းမော့၍ အကဲခတ်ကြည့်လိုက်သော် သူတို့ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသော လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုလူ၏မျက်နှာတွင် မုတ်ဆိတ်မွှေးများ ထူပိန်းနေပြီး မျက်ခုံးမွှေးနှစ်ဖက်ကလည်း မုတ်ဆိတ်များနှင့်လိုက်ဖက်စွာ ချုံထူနေသည်။ သူ့ပုံစံဟာ အင်မတန် ရက်စက်ကြမ်းကြုတ်ပုံပေါက်လေ၏။ မတိုင်ခင်က ဧည့်ကြိုကောင်လေးပြောသည့် ဓားသိုင်းသမားပဲဖြစ်ရမည်။
" ငါအခုပဲ မင်းကို လာရှာတော့မလို့။ ငါ့အတွက်စားစရာတစ်ခုခုလုပ်စမ်းဦး။ ငါဗိုက်ဆာလှပြီဟ"
ထိုလူက လမ်းလျှောက်လာရင်း အော်ပြောလေ၏။ သူ့လေသံမှာ ရုပ်သွင်ကဲ့သို့ပင် ခက်ထန်ကြမ်းတမ်းလေသည်။
" အလိုလေး..ဓားသူရဲကောင်းခင်ဗျာ ၊ လွန်ခဲ့တဲ့တစ်နာရီလောက်ကပဲ စားပြီးတာကို ဘယ်နှယ့်ကြောင့် ဗိုက်ပြန်ဆာလာရတာတုန်း"
ဧည့်ကြိုကောင်လေးက ပူပန်ဗျာပါဒဖြင့် အမေးစကားဆိုလေ၏။
" ငါကဘယ်လိုလုပ်သိမှာတုန်း "
မုတ်ဆိတ်ရှည်သည် စိတ်မရှည်စွာ မျက်ခုံးများတွန့်ချိုးသွား၏။
" ငါ့ဗိုက်ကဆာရင် ဆာတာပဲပေါ့။ ငါ့ကို ဘယ်အချိန်ထိ စောင့်ခိုင်းဦးမလို့လဲ။ စားဖို့တစ်ခုခုသွားယူစမ်းပါ!"
သူသည် ပြောလို့ဆိုလို့ဝ၍ သူ့အကြည့်များကို ဘေးသို့သွေဖယ်လိုက်ကာမှ စုန့်ချီကို သတိထားမိသွားပုံရသည်။ သူ့မျက်နှာဟာ ချက်ချင်းဆိုသလို
အရောင်ပြောင်းသွားသည်။ ပထမတွင် သူဟာ ကြောင်အမ်းသွားဟန်ရှိပြီးမှ နှုတ်ခမ်းများကို ခပ်ကျယ်ကျယ်ဟကာ ပြုံးလိုက်သည်။
" ငါတို့ အရင်ကတွေ့ဖူးကြလား "
သူသည် စုန့်ချီဘေးသို့လျှောက်လာပြီး လက်ကိုဆန့်ထုတ်ကာ သူ့လည်ပင်းကို သိုင်းဖက်ရန် ကြိုးပမ်းလေသည်။
" ဒီအဆွေလေးက ဘယ်ကလာတာတဲ့လဲ"
စုန့်ချီသည် ကျင်လည်စွာ နောက်ဆုတ်လိုက်ကာ သူ့လက်ကို ရှောင်တိမ်းလိုက်သည်။ သူသည် အပြုံးမပျက် ပြန်ဖြေလိုက်ပါ၏။
" ရှီးလျန် (တောင်ပိုင်းဒေသ)ကပါ "
" သြော့...ရှီးလျန်လား "
မုတ်ဆိတ်ရှည်က တစ်ခဏခန့် တွေးတောနေဟန်ပြုပြီးမှ၊
" တော်တော်ဝေးမယ့် နေရာပဲ "
" ဒီနေရာက တုမ်းဝမ့် (အရှေ့ပိုင်းဒေသ)ပါ၊ အတိအကျဆိုရရင် ရှီးလျန်နဲ့ မိုင်ပေါင်းထောင်ချီဝေးပါတယ်ခင်ဗျ"
ဧည့်ကြိုကောင်လေးက ခပ်ညည်းညည်းပြောလာ၏။
" အဲ့တာမင်းနဲ့ဘာဆိုင်နေလို့တုန်း။ ငါ့အတွက် ထမင်းတစ်ပန်းကန်သာ သွားယူပေးချေ!"
မုတ်ဆိတ်ရှည်က ဧည့်ကြိုလေးကို စိမ်းစိမ်းဝါးဝါးကြည့်ကာ ပြောဆိုသော်လည်း စုန့်ချီကိုမူ အပြုံးမပျက် ချိုသာစွာသာပြောလေ၏။
" မင်းက တောင်ဘက်အဆောင်ကို သွားမလို့မဟုတ်လား၊ ငါမင်းကို လိုက်ပို့ပေးမယ်"
စုန့်ချီမှာ ဇဝေဇဝါဖြစ်သွားရသော်ငြား သတိဝီရိယကိုမူ ဆက်လက်ကပ်ထားလျက်ပင်။ သူသည် မုတ်ဆိတ်ရှည်ကို ကျေးဇူးတင်စကားဆိုလိုက်ပြီး ခုံးတံတားလေးကို ဖြတ်ကျော်၍ သူ့အနောက်မှလိုက်ပါသွားတော့၏။
တောင်ဘက်အဆောင်တွင် အခန်းခြောက်ခန်းရှိပြီး အကြမ်းဖျင်းအားဖြင့် စက်ဝိုင်းပုံစံပတ်ပတ်လည် တည်ဆောက်ထားသည်။ အခန်းတိုင်းကို အစိမ်းရောင်အုတ်ကြွပ်ပြားမိုးထားပြီး နံရံက အုတ်ကျိုးနီရောင်ဖြစ်သည်။ ကြည့်လိုက်တာနဲ့တင် စိတ်ခြောက်ခြားဖွယ်ရာကောင်းလှပေ၏။
ခြံဝင်းထဲတွင် ရိုးရိုးရှင်းရှင်းအဝတ်အစားနှင့် ပညာရှင်ကျောင်းသားတစ်ယောက်ဟာ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် မတ်တပ်ရပ်ကာ ခေါင်းတစ်လှုပ်လှုပ်ဖြင့် စာအံနေသည်။ သူတို့ကိုမြင်သော် ခေါင်းကိုယဲ့ယဲ့မျှ တစ်ချက်ငြိမ့်၍ နှုတ်ဆက်၏၊ ထို့နောက် ဆက်လက်စာအံနေလေသည်။
တခြားသောအခန်းများမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားကြပြီး ထို့အထဲမှ အခန်းတစ်ချို့သာ ပြတင်းပေါက်များ ဖွင့်ထားကြသော်လည်း အနားတစ်ဝိုက်တွင်မူ လူရိပ်လူခြေမတွေ့ရပေ။
စုန့်ချီ အထိတ်လန့်ဆုံးအရာမှာလည်း ဤအရာပင်ဖြစ်သည်။ ပထမဆုံးမြင်ကွင်းမှာတင် လူရိပ်လူခြေတိတ်ဆိတ်နေခြင်းပင်။
အကယ်၍ မူမမှန်ဖြစ်နေသည့်အရာအား ကြိုတင်တွေ့ရှိပါလျှင် ထိုအရာအပေါ် အာရုံအားလုံးစုပုံကာ စောင့်ကြည့်နေ၍ ရပေသည်။ သို့သော်ငြား မည်သည့်အရာက မူမမှန်ဖြစ်နေခြင်းလည်း မသိသည့်အခါ အရာရာတိုင်းကို သတ်ိထားစောင့်ကြည့်၍ တစ်ချိန်လုံး နိုးနိုးကြားကြားနေဖို့သာ တတ်နိုင်လိမ့်မည်။
ပြောသာပြောရ၏။ သူကိုယ်တိုင်ဟာလည်း မူမှန်သည့်လူသားတစ်ယောက်တောင် ဟုတ်မနေပါချေ၊
ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းကို ဖြေရှင်းရမည်ဆိုပါလျှင် ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ကဲ့သို့ပင်။
လွန်ခဲ့သော တစ်နှစ်ခန့်က ၊ သူသည် တုမ်းဝမ့်နယ်နိမိတ်သို့ဝင်ရောက်လာပြီး ❛ မိစ္ဆာတံခါးရှင် ❜ အကြောင်း ကြိုးစားပမ်းစား စုံစမ်းမေးမြန်းခဲ့ပါသော်လည်း ဘာသဲလွန်စမှမရခဲ့ပေ။ သူ ကြုံဆုံရခဲ့သမျှ မိစ္ဆာတိုင်းဟာလည်း သူ့အသက်ကို နှုတ်ယူလိုကြသူချည်းသာ ဖြစ်သေးသည်၊ ထို့ကြောင့်ပင် စုန့်ချီ၏စုံစမ်းရှာဖွေမှုဟာ များစွာနှောင့်နှေးခဲ့ရသည်။ ဇွဲနပဲရှိရှိဖြင့် အားထုတ်ကြိုးပမ်းမှုများကြောင့်သာ အဆုံးတွင်မှ သဲလွန်စတစ်ချို့ကို ခက်ခက်ခဲခဲနှင့် ရရှိခဲ့သည်။
မိစ္ဆာလောကတွင် မိစ္ဆာမြို့တော်ဆယ်နှစ်မြို့ရှိသည်ဟူ၍ ကောလဟာလများရှိလေသည်။ လတိုင်း၏ဆယ့်ငါးရက်မြောက်နေ့တွင် မိစ္ဆာမြို့တော်ဆယ့်နှစ်မြို့ထဲမှ တစ်မြို့သည် လူသားကမ္ဘာနှင့်ဆက်သွယ်နိုင်ရန် ဝင်ပေါက်တံခါးကို ဖွင့်လှစ်လေ့ရှိလေသည်။ လူသားများက ဝင်ရောက်နိုင်သလို၊ မိစ္ဆာများကလည်း ထွက်ခွာနိုင်သည်။ မည်သို့ဆိုစေကာမူ မိစ္ဆာတံခါးရှင်ဟာ တင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားဆဲဖြစ်သည်။
မိစ္ဆာဘုရင် ချမှတ်ထားသော စည်းကမ်းများအရ လူသားနှင့် မိစ္ဆာတို့သည် အလုပ်ကိစ္စရှိလာမှသာ ဝင်ချည်၊ ထွက်ချည်ပြုနိုင်မည်ဖြစ်ပြီး ဆူပူသောင်းကျန်းခွင့် အလျှဉ်းမရှိပါချေ။
ထိုသို့ဆိုလျှင်တောင် လူသားတစ်ယောက်အတွက် မိစ္ဆာမြို့တော်တွင် ခြေချနိုင်ဖို့ဟူသည် သိပ်ကိုအန္တရာယ်များလွန်းလှသည်။ ထို့ကြောင့်ပင် မိစ္ဆာလောကကို လုပ်ငန်းကိစ္စကြောင့် ဝင်ရောက်မည့်သူ များများစားစားမရှိနိုင်ပါချေ။
စုန့်ချီသည် နေရာအနှံ့အပြား ခရီးဆက်ပြီးနောက်တွင်တော့ လဲ့ယွီ ဟူသောမြို့တစ်မြို့မှ ဟူ မျိုးနွယ်လူတစ်ယောက်သည် ငယ်ရွယ်စဉ်အခါက မိစ္ဆာမြို့တော်နှင့်ကုန်သွယ်မှု ပြုလုပ်ခဲ့ဖူးသည်ဟူသော သတင်းကိုကြားခဲ့ရလေသည်။
စုန့်ချီသည် ဝမ်းသာမျက်ရည်တို့ပင်စို့လျက်၊ လဲ့ယွီသို့ အလျင်အမြန်ခရီးနှင်ခဲ့ရာ အဆုံးတွင်တော့ ထိုသူကို ချောင်ကျကျရပ်ကွက်၌ ရှာတွေ့သွားလေ၏။ သို့ပေမည့် စုန့်ချီမှာ ဘာမှပင်မမေးမြန်းရသေးခင် ထိုလူသည် မကောင်းဆိုးဝါးဝင်ပူးထားသည့်ပမာ စုန့်ချီ၏ခြေထောက်ကိုဖက်၍ ဆွဲဆွဲငင်ငင်ငိုကြွေးလေသည်။
စုန့်ချီသည် သူ့အား ချော့မော့ကာအကျိုးအကြောင်း မေးမြန်းလိုက်သည့်အခါမှ ဤမြို့သည် မကြာသေးခင်အချိန်ကမှ မိစ္ဆာများ ဝင်ရောက်စီးနင်းခြင်းကို ခံလိုက်ရကြောင်းသိရှိသွားရ၏။
လဲ့ယွီမြို့ဟာ ဝေးလံခေါင်ဖျားသောနယ်စွန်နယ်ဖျား မြို့တစ်ခုသာဖြစ်ပြီး ဖွံဖြိုးတိုးတက်သော၊ ချမ်းသာသောမြို့တစ်မြို့လည်း မဟုတ်ရပါချေ။ ဆယ်စုနှစ်ကြာ အေးအေးချမ်းချမ်း တည်ရှိလာခဲ့ပြီးမှ ယခုတွင်ပထမဆုံး မိစ္ဆာများ၏နှောင့်ယှက်ခြင်းကို ခံရခြင်းဖြစ်လေသည်။
ရိုးသားစွာပြောရလျှင် စုန့်ချီမှာ သူကိုယ်တိုင်တောင် မိစ္ဆာများကို ကြောက်တတ်သူဖြစ်ရာ ဤလူအား ကူညီပံ့ပိုးပေးဖို့ စိုးစဉ်းတောင် မတွေးပါချေ။ သို့သော် မည်သူထင်မည်နည်း။ အနှီဟူငနဲကောင်သည် စုန့်ချီအား မိစ္ဆာတံခါးရှင်နှင့် အကြပ်ကိုင်ကာ ငွေညစ်လေသည်။ ဤသို့ဖြင့်ပင် ဤနေရာသို့ ရောက်လာခဲ့ရခြင်းဖြစ်တော့၏။
လဲ့ယွီမှ အရှေ့ဘက်မိုင်အနည်းငယ်အကွာတွင် အမည်မဲ့ တည်းခိုဆောင်တစ်ခုရှိသည်။ လွန်ခဲ့သော နှစ်လခန့်က ၊ မြို့ထဲက မိန်းမပျိုငါးယောက်ဟာ မင်္ဂလာဝေါယာဉ်ကြီးတစ်ခုပေါ် တင်ဆောင်ခံရလျက် ထိုတည်းခိုဆောင်ထဲသို့ ဝင်သွားကြသည်။ ထိုအချိန်မှစ၍ ထိုမိန်းမပျိုငါးယောက်လုံးမှာ ပဟေဠိဆန်စွာ ပျောက်ခြင်းမလှ ပျောက်သွားကြလေသည်။ ဟူမျိုးနွယ်၏ ဒုတိယသခင်မလေးသည် ခြောက်ယောက်မြောက် မိန်းကလေးဖြစ်သည်။
ထိုသခင်မလေးဟူ ကိုယ်တိုင်ဆိုခဲ့ပုံမှာ ဤသို့ဖြစ်၏။ သူမ၏လည်တိုင်တွင် ဆွဲထားသော ကျောက်စိမ်းဆွဲကြိုးလေးသည် ရုတ်တရက် ကြိုးပြတ်သွားခဲ့ရာမှ ကျောက်စိမ်းနှင့် ဝေါယာဉ်ကြမ်းပြင်တို့ ထိခတ်ကာကြကွဲသံက သူမကို လန့်ကာအသိပြန်ကပ်လာစေခဲ့သည်။ ဤသို့ဖြင့် သူမသည် မင်္ဂလာဝေါယာဉ်ထဲမှ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး အသက်ဘေးမှလွတ်လာခဲ့လေသည်။
ဝေါယာဉ်ကိုသယ်ဆောင်လာသူ အထမ်းသမားများဟာ မျက်နှာနှင့် အသားရောင်ပါကင်းမဲ့နေသော မကောင်းဆိုဝါးကောင်များဖြစ်သည် ဟူ၍လည်း သူမက ဆိုခဲ့သေးသည်။ မကောင်းဆိုးဝါးများသည်သူမကို ဖမ်းဆီးခြင်းမပြုဘဲ သူမ ထွက်ပြေးလွတ်မြောက်သွားသည်ကို မြင်ပြီးလျှင် ထူးဆန်းစွာပဲ ပျောက်ကွယ်သွားကြသည်။
ဤသို့ပျောက်ဆုံးမှုများ ဖြစ်ပြီးနောက်တွင်တော့ မြို့စားမင်းသည် တည်းခိုဆောင်ကို ရှာဖွေစစ်ဆေးရန် လူတစ်ချို့အား သုံးကြိမ်သုံးခါ စေလွှတ်ခဲ့သည်။ သို့သော် တစ်ဦးတစ်ယောက်မျှ ပြန်ထွက်မလာနိုင်ခဲ့ပါချေ။
လူအချို့က ထိုတည်းခိုဆောင်အား မီးရှို့ဖျက်ဆီးရန်ကြံစည်ခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။ ဆီများပက်ဖျန်း၍ ထင်းတုံးများအစုအပြုံလိုက်ဖြင့် မီးတိုက်ကြသည့်တိုင် မီးလုံးဝမစွဲပါချေ။ ထို့အပြင် ထိုတည်းခိုဆောင်ထဲ ဝင်သွားကြသော လဲ့ယွီမှခရီးသွားများ တစ်ယောက်မကျန် ပျောက်ဆုံးသွားကြလေသည်။ မိစ္ဆာတစ်ကောင် မြို့ထဲကို ဝင်ရောက်ကျူးကျော်လာကြောင်း သိရှိသွားကြသဖြင့် မြို့သားများသည် ပစ္စည်းများသိမ်းထုပ်၍ ထွက်ပြေးရန် ကြံစည်ကြသည်။ သို့သော် သူတို့သည် တစ်နေ့နှင့် တစ်ညခရီးဆက်သည့်တိုင် ထိုမြို့တွင်း၌သာ တစ်ဝဲဝဲ၊ တလည်လည်ဖြင့် မထွက်ခွာနိုင်ဖြစ်နေကြပေ၏။ သူတို့အပေါ် မန္တာန်တစ်ခု စီရင်ထားသကဲ့သို့ပင်။
စုန့်ချီကြားသိထားသည့်အရ သူ့မတိုင်ခင်က တောက်ဓမ္မရဟန်း သုံးပါးသည်လည်း တည်းခိုဆောင်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ ရောက်လာခဲ့ကြသေးသည်ဟု သိရ၏။ ထိုသူတို့အားလုံး တည်းခိုဆောင်ထဲမှာတင် ပျောက်ဆုံးသွားကြလေ၏ ၊ သူသည်ကား လဲ့ယွီမှ ရောက်လာသူ လေးယောက်မြောက်တောက်ဓမ္မရဟန်းပင် ဖြစ်လိမ့်မည်။
စုန့်ချီသည် မွေးရပ်မြေမှထွက်ခွာလာပြီးနောက်
ပါလာမျှ ငွေအသပြာအကုန်လုံးကို သုံးစွဲ၍ကုန်ပြီးကတည်းက စုတ်ချာလှသည့် အသက်ရှင်ရေးအတွက် လူအများကြားတွင် လိမ်လည်ကာငွေတောင်းရမ်းစားနိုင်ဖို့ တောက်ဓမ္မဘုန်းကြီးအဖြစ် ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သည့်တိုင် ဤဟန်ဆောင်မှုဟာ ယခုတော့ဖြင့် ပြဿနာကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါချေ။
သူသည် ချက်ချင်း လှည့်ပြီးထွက်သွား၍ရပေသည်။ သို့ပေမည့် သူသာလွယ်လွယ်နှင့်လက်လျော့လိုက်လျှင် မိစ္ဆာတံခါးရှင်နှင့်ပက်သက်ပြီး ဘာသဲလွန်စမှရတော့မည် မဟုတ်ပေ။ စုန့်ချီဟာ အဘယ်မှာဤသို့ အဖြစ်ခံပါလိမ့်မည်နည်း။ ထို့ကြောင့် သူ့ကိုယ်သူ အားတင်းလျက် ဤနေရာကို ရောက်အောင်လာခဲ့ခြင်းဖြစ်၏။
ဧည့်ကြိုသုံးယောက်၊ နန်းတွင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသားလေးယောက်။ နည်းနည်းထူးဆန်းတဲ့ မုတ်ဆိတ်ရှည် ဓားသမားတစ်ယောက်မှလွဲ၍ ကျန်အရာအားလုံးက ပုံမှန်ဆန်ဆန်ပင် ထူးခြားမှုမရှိပေ။
သို့သော် ပို၍ပုံမှန်ဆန်လေ၊ ပို၍မင်္သကာစရာကောင်းလေပင်ဖြစ်သည်။ ချို့ယွင်းချက်၊ ဟာကွက်ကင်းလေ၊ မိစ္ဆာကျင့်ကြံမှုအဆင့် မြင့်မားလေဖြစ်သည်။
စုန့်ချီ၏ နှလုံးသားအောက်ခြေ၌ ချက်ချင်းကို ပြန်လှည့်ပြေးချင်စိတ်ပေါက်နေပြီဖြစ်သည်။ ယခုနေ ထိုအတွေးက ပိုလိုတောင်ဆိုးလာသေးသည်။
" လာ၊ လာ၊ လာ ဒီမှာမင်းရဲ့ အခန်း"
မုတ်ဆိတ်ရှည်က ဝင်ပေါက်နှင့်အနီးဆုံးရှိ အခန်းငယ်တစ်ခုကို ညွှန်ပြကာ တက်တက်ကြွကြွ ပြောလာသည်။
" မင်းရဲ့အခန်းဘေးမှာငါနေတာ၊ အခန်းချင်းနီးတာမို့ တစ်ခုခုဖြစ်ရင် လှမ်းသာအော်ခေါ်လိုက်"
"ဘာဖြစ်မှာမို့လဲ"
စုန့်ချီသည် ဖာသိဖာသာ မေးကြည့်လိုက်သည်။
မုတ်ဆိတ်ရှည်က တောင့်တင်းသွားပြီး ခေါင်းတကုတ်ကုတ်ဖြင့် ဖြစ်သွား၏။
" ငါလဲ တပ်အပ်တော့ဘယ်ပြောနိုင်မလဲကွ.....
အမယ်လေးဘုရားသခင် ဟိုကောင်လေးက စားစရာလေးသွားယူတာကို ဘာလို့အဲ့လောက်တောင် ကြာနေမှန်းမသိပါဘူး။ ငါတစ်ချက်လောက်သွားကြည့်လိုက်ဦးမှပဲ....."
ထိုသူမှာ လိပ်ပြာမလုံသည့်အလား ပါးစပ်မှ တတွတ်တွတ်ရွတ်လျက် အလောတကြီးထွက်ခွာသွားလေသည်။ စုန့်ချီသည် သူထွက်သွားပုံကို သေချာစူးစိုက် ကြည့်နေပြီးနောက် စာအုပ်ကိုလက်မောင်းများထဲပိုက်ထားရင်း အတွေးမပြတ် အခန်းထဲသို့ဝင်လာခဲ့တော့သည်။
နေဝင်ဆည်းဆာရောင်ခြည်သည် မိုးကုပ်စက်ဝိုင်းမှ တဖြည်းဖြည်းဖြင့် မှေးမှိန်လာကာ ရွှန်းစိုတောက်ပသော အရောင်အဆင်းတို့သည် ညအမှောင်ထဲဝယ် ပျောက်ခြင်းမလှပျောက်ကွယ်သွားလေ၏။ လမင်းသော်တာသည် ကောင်းကင်ယံတွင် မြင့်မြင့်သာလျက် ညချမ်းချိန်ခါ ကျရောက်လာပေတော့သည်။
စုန့်ချီသည် ဖယောင်းတိုင်မီးအိမ်ကို မီးညှိလိုက်ပြီး ပြတင်းပေါက်အနီးတွင် ထိုင်လိုက်ကာ သူ၏ကြေးနက်ရောင် ဓားကောက်ရှည်ကို ဂရုတစိုက်ပွတ်တိုက် သန့်ရှင်းနေလိုက်သည်။ ပြောင်လက်နေသည့်ဓားရိုးသည် ဖယောင်းတိုင်မီးရောင်အောက်တွင် ရွှန်းစိုတောက်ပြောင်နေသည်။
မိစ္ဆာသွေးကို မတော်တဆသောက်သုံးမိလိုက်သည့်အချိန်မှစ၍ စုန့်ချီသည် နာမည်အသစ်ပြောင်းလဲ၍ ဇာတိချက်ကြွေ မွေးရပ်မြေအား စွန့်ခွာကာ နေရာအနှံ့ခရီးဆက်ခဲ့ရာမှ ယခုတုမ်းဝမ့်သို့ ရောက်ရှိလာခဲ့ခြင်းအထိ သူလုပ်ခဲ့သမျှ အားလုံးသည်ကား မိစ္ဆာတံခါးကို ရှာဖွေနိုင်ရန်အတွက်သာ ဖြစ်ပေသည်။ ဤလေးနှစ်လေးမိုးလုံးတွင် ၊ သူသည် မရေမတွက်နိုင်သော ဒုက္ခသုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ရပြီးနောက် သာမန်လူကဲ့သို့နေနိုင်ရန် သူ့ခန္ဓာကိုယ်ကို မည်ကဲ့သို့ထိန်းချုပ်ရမည်အား သင်ယူခဲ့ပြီးဖြစ်သည်။
သူသည် လေကိုစေ၍ မိုးကိုမဆင့်ခေါ်နိုင်ပါသော်ငြား အနည်းဆုံးတော့ မိစ္ဆာဝိသေဿလက္ခဏာများကို ဖုံးကွယ်ထားနိုင်ပါသေးသည်။ ထို့ကြောင့်သာ သူ့ကို သာမန်လူသားတစ်ယောက်ပုံစံနှင့် မထူးမခြားနား မြင်နေရခြင်းဖြစ်ပေသည်။
သို့သော်ငြားလည်း ဤနေ့ညပေါင်းတစ်ထောင်ကျော်အတောအတွင်း လူသားတစ်ယောက်ပြန်ဖြစ်ကိုဖြစ်ရမည် ဟူသော ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မစွန့်နိုင်လွှတ်ခဲ့ပါချေ။ တစ်နေ့တွင်တော့ သူ၏မူလလူသားဘဝလေးကို ပြန်ရနိုင်လိမ့်မည်ဟု အသေအချာကို ယုံကြည်ထားပါသည်။
စုန့်ချီသည် အတွေးနယ်ချဲ့နေရမှ လက်စသတ်လိုက်ပြီး ကိုယ်နှင့်မကွာသယ်ဆောင်ထားလေ့ရှိသည့် စာအုပ်ကို ဖွင့်၍လှန်လျောလိုက်သည်။
❝ မိစ္ဆာပပျောက်ရေး လမ်းစဉ် ❞
စာဖတ်ခြင်းသည် အချိန်မြန်မြန်ကုန်ဆုံးစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
မူလဘဝက စုန့်ချီသည် သူတော်စင်စာဆိုများ၊ ပညာရှင်ကျောင်းသားများ၏ ဂန္တဝင်စာအုပ်စာပေပေါင်းမြောက်မြားစွာကို ဖတ်ရှုဆည်းပူးလေ့ရှိခဲ့သည်။ သူသည် ဤသို့ရိုးရာစာအုပ်စာပေများကြားတွင်သာ တစ်ချိန်လုံး ကျင်လည်နေခဲ့မိကြောင်း သတိပြုမိသွားရချိန်၌ သူဟာ အနှစ်နှစ်ဆယ်ကျော်ကြာ ပျော်ရွှင်မှုများကို ဖြုန်းတီးမိလျက်သားဖြစ်တော့၏။
သူသည် ညအတော်နက်သည်အထိ စာဖတ်နေခဲ့ပြီး ဝတ္ထု၏နောက်ဆုံးစာကြောင်းကို ဖတ်ပြီးပြီးချင်းမှာတင် ကျယ်လောင်သော မောင်းထုသံတစ်သံ ခပ်လှမ်းလှမ်းအရပ်မှ ကြားလိုက်ရသည်။ မောင်းထုသံသည် တဒုန်းဒုန်းမြည်လျက်ထွက်လာပြီး ညအမှောင်ထဲဝယ် ပဲ့တင်ထပ်မြည်ဟီးနေတော့သည်။
ထို့နောက် ခရာမှုတ်သံနှင့် လေမှုတ်တူရိယာသံတို့ပါ ယှဉ်တွဲလျက်ထွက်လာကာ မြူးကြွကြွ တီးမှုတ်သံတို့သည် တိတ်ဆိတ်နေသော ညတာကို တမုဟုတ်ချင်း ဖြိုခွင်းလိုက်သည်။
တစ်ချိန်တည်းလိုလိုပင် စုန့်ချီသည် သူ့ဘေးရှိ ဖယောင်းတိုင်ကို မီးမှုတ်လိုက်ကာ သူ့လက်များကမူ ကျောနောက်ဆီသို့ ရွေ့သွားပြီး ဓားကောက်ရှည်ကို ဆုပ်ကိုင်ထားလိုက်တော့သည်။
───── ❃ ─────
[ နိဒါန္းပဏာမ ]
တည္းခိုေဆာင္ငယ္ေလးတစ္ခု
ေနဝင္ဖ်ိဳးဖ်ေရာင္ျခည္ေဖ်ာ့ေဖ်ာ့သည္ ေျမျပင္တစ္ခြင္ ျဖန္႔က်က္လ်က္ရွိ၏။ ဤအရပ္မွ မိုင္အနည္းငယ္ခန္႔အကြာအေဝးထိ တည္းခိုေဆာင္ငယ္ေလးတစ္ခုကိုသာ ေတြ႕ျမင္ေနရ၏။
ဝါၾကန္႔ၾကန္႔အဖံုးအကာႏွင့္ စာအုပ္တစ္အုပ္ကို လက္ေမာင္းမ်ားၾကား ေထြးပိုက္လ်က္ စုန္႔ခ်ီသည္ တည္းခိုေဆာင္အေရွ႕၌ ေခတၱခဏၾကာ ရပ္ေနမိသည္။ ေနရာမွားယြင္းလာျခင္း မဟုတ္ေၾကာင္း အတည္ျပဳၿပီးသည့္အခါမွ ေျခကိုႂကြကာ တည္းခိုေဆာင္အတြင္းသို႔ ဦးတည္လိုက္ေလသည္။
ဧည့္ႀကိဳစားပြဲေရွ႕၌ဝယ္ လူသံုးေယာက္ဟာ ဖရဲေစ့မ်ားခြာစားလ်က္ ဝိုင္းဖြဲ႕ကာစကားစျမည္ ေျပာေနၾကသည္။ နီေစြးေစြးႏႈတ္ခမ္းမ်ား၊ ျဖဴျဖဴေဖြးေဖြးသြားတန္းမ်ားႏွင့္ ဝင္ေရာက္လာသူ အမ်ိဳးသားပ်ိဳေလးသည္ သူတို႔၏အာရံုကို ဖမ္းစားသြားသည္။ အမ်ိဳးသားပ်ိဳသည္ တိမ္တိုက္သဏၭာန္အကြက္ေဖာ္ထားေသာ ခဲျပာေရာင္ေတာက္ဓမၼဝတ္ရံုရွည္ကို ဝတ္ဆင္ထားၿပီး ဆံပင္ရွည္မ်ားကို ခပ္ျမင့္ျမင့္ စုခ်ည္ထားသည္၊ ဝတ္ရံုအနားစမ်ားကမူ လမ္းေလွ်ာက္တိုင္း တလြင့္လြင့္ တလူးလူးျဖင့္။
ထိုသံုးေယာက္ထဲမွ ေမ်ာက္ကဲ့သို႔ မဲေျခာက္ေျခာက္ပိန္လွီလွီႏွင့္ လူအိုႀကီးက လ်င္ျမန္စြာထရပ္လိုက္၏။ ထိုသူက ခ်က္ခ်င္းဆိုသလို စားလက္စဖရဲေစ့မ်ားကို ေဘးတြင္ပံုထားလိုက္၍ ခါးကိုင္းကာ ႀကိဳဆိုေလသည္။
" ေတာက္က်န္ေလး၊ ညေရးညတာ တည္းခိုခ်င္လို႔ပါလားခင္ဗ်ာ"
[ ေတာက္က်န္ = တာအိုဘာသာက်င့္ၾကံသူ ရဟန္း (သို႔) ေတာက္ဓမၼပညာရွင္]
စုန္႔ခ်ီသည္ ခ်က္ခ်င္းအေျဖမျပန္ေသးဘဲ ေခါင္းကိုေမာ့ကာ တည္းခိုေဆာင္ကို အကဲခတ္ၾကည့္ရႈလိုက္သည္။ တည္းခိုေဆာင္ရွိ နံရံမ်ားတြင္ အုတ္က်ိဳးနီေရာင္ ေဆးသုတ္ထားသည္။ ယခုလို ေနဝင္ဖ်ိဳးဖ်ေမွာင္စ အခ်ိန္တြင္ မီးမထြန္းထားေသာ ခပ္မႈိင္းမႈိင္းအခန္းႀကီးသည္ ေျခာက္ျခားဖြယ္ရာ ေကာင္းလွေပ၏။
လူအိုႀကီးက အလြန္ပင္ အရိ္ပ္အကဲနားလည္လွသည္။ သူသည္ အေနာက္ကိုလွည့္၍ ဧည့္ႀကိဳအငယ္ေလးႏွစ္ေယာက္ကို လက္ဟန္ေျခဟန္ျပကာ ခိုင္းေစလိုက္ရာ ေကာင္ေလးႏွစ္ေယာက္လည္း မီးအိမ္ကိုယူကာ ဖေယာင္းတိုင္ကို အလ်င္အျမန္ မီးညိႇလိုက္ၾက၏။ အလင္းေရာင္ဟာ အခန္းတြင္း တစ္ခဏခ်င္း ပ်ံ႕ႏွံ႔လႊမ္းျခံဳသြားသည္။
ထိုအခါမွ စုန္႔ခ်ီမွာ ပိုမို သက္ေသာင့္သက္သာျဖစ္သြားရ၏။ သူသည္ လည္ေခ်ာင္းကို ရွင္းလိုက္ရင္း အေမးရွိလိုက္ပါ၏။
" အခန္းအလြတ္မ်ား ရွိေသးလား"
" ရွိတယ္ခင္ဗ်၊ ရွိတယ္၊ ရွိတယ္။ အခန္းအလြတ္ေတြ အမ်ားႀကီးက်န္ပါေသးတယ္!"
လူအိုႀကီးက ျပံဳးလ်က္ ဝမ္းပန္းတသာေျပာသည္။ သူသည္ ဧည့္ႀကိဳစားပြဲေဘးသို႔ ေလွ်ာက္သြားလိုက္ရင္း ခပ္ထူထူစာအုပ္တစ္အုပ္ကို ဖြင့္လိုက္သည္။
" ေတာက္က်န္ေလးက တစ္ေန႔လံုး ခရီးဆက္လာရတာဆိုေတာ့ ပင္ပန္းေနေလာက္ေရာေပါ့၊ ေတာက္က်န္ေလးအတြက္ တိတ္ဆိတ္ၿပီး ေကာင္းေကာင္း အနားယူႏိုင္မယ့္ အခန္းတစ္ခန္းကို စီစဥ္ေပးပါ့မယ္"
ထိုစကားကိုၾကားလွ်င္ စုန္႔ခ်ီ ျမန္ျမန္ဆန္ဆန္ပဲ အျငင္းစကားဆိုလိုက္၏။
" အဲ့လိုလုပ္ဖို႔ မလိုပါဘူးဗ်၊ ကြ်န္ေတာ့္ကို လူေျခမျပတ္တဲ့အခန္းပဲေပးပါ"
လူအိုႀကီးမွာ တစ္ဒဂၤမွ် တြန္႔ဆုတ္သြားၿပီး သကာလ...
" ဒါဆိုရင္ေတာ့ ေတာက္က်န္ေလး အခ်ိန္ေကာင္းမွာ ေရာက္လာတာပဲဗ်ာ။ သခင္ေလးတစ္စုနဲ႔ နန္းတြင္းစာေမးပြဲေျဖမယ့္ ပညာရွင္ေက်ာင္းသားေတြ ဒီေန႔ပဲေရာက္လာၾကလို႔ ေတာက္ဘက္အေဆာင္မွာ တည္းခိုေနၾကပါတယ္။ အဲ့ဒီေနရာမွာ အခန္းလြတ္တစ္လံုးေတာ့ က်န္ေနေသးတယ္ဗ်"
ဝမ္းေျမာက္ဝမ္းသာျဖင့္ သူသည္ ႏႈတ္ခမ္းမ်ားဖြင့္ဟလိုက္ကာ ဆိုလိုက္ေလသည္။
" ကြ်န္ေတာ္ အဲ့အခန္း ယူမယ္ "
" ေတာက္က်န္ေလး ဘယ္ႏွရက္ေနမွာပါလဲ"
စုန္႔ခ်ီ စိတ္ထဲတြင္ ေရတြက္ၾကည့္လိုက္သည္။
" သံုးရက္ "
သူ႔နံေဘးမွ ဧည့္ႀကိဳအငယ္ေလးက ေပသီးခံုကိုယူၿပီး တြက္ခ်က္လိုက္သည္။
" တစ္ရက္တည္းခိုခ ဒဂၤါေလးဆယ္၊ တစ္ညအတြက္ ဒဂၤါးႏွစ္ဆယ္၊ ဒီတစ္ညကေန ေနာက္သံုးရက္ ေန႔လယ္အထိဆိုရင္....."
" ေငြတစ္တံုးနဲ႔ ဒဂၤါးေျခာက္ဆယ္က်သင့္ပါတယ္"
ထိုစကားကိုၾကားလိုက္ရလွ်င္ စုန္႔ခ်ီသည္ ဝတ္ရံုလက္အတြင္းရွိ အိတ္ေထာင္ေလးထဲမွ ေငြတံုးေလးကို စမ္းၾကည့္လိုက္ကာ စိတ္လက္မခ်မ္းမသာျဖင့္ ေတြးလိုက္မိေတာ့၏။ ဘာလို႔အဲ့သေလာက္ ေစ်းမ်ားရတာတုန္း။ ငါေတာ့ ျခဴတစ္ျပားေတာင္မက်န္ဘဲ စားရမဲ့ေသာက္ရမဲ့ျဖစ္ရေတာ့မေပါ့!
" က်ဳပ္တို႔ တည္းခိုေဆာင္က တစ္ရက္ကို ထမင္းသံုးနပ္ပါ ဧည့္ခံပါတယ္"
လူအိုႀကီးသည္ စုန္႔ခ်ီ က်ဥ္းတဥ္းၾကပ္တဥ္းေရာက္ေနပံုကို ရိပ္မိပံုေပၚေသာေၾကာင့္ ေဖာေဖာသီသီ အျပံဳးတစ္ပြင့္ႏွင့္ ထပ္ျဖည့္ကာဆိုလာေလသည္။
ေကာင္းေလစြ! အနည္းဆံုးေတာ့ သူ အစာေရစာ ငတ္ျပတ္ၿပီး မေသရေတာ့ဘူးေပါ့။
ဤေနရာသို႔ေရာက္လာရျခင္း၏ ရည္ရြယ္ခ်က္ကို ျပန္သတိရမိလိုက္သည့္အခါ သူ အံတင္းတင္းႀကိတ္လိုက္ကာ သူ႔တြင္ရွိသည့္ လက္က်န္ေငြအသျပာအားလံုးကို ဧည့္ႀကိဳစားပြဲေပၚသို႔ တင္ေပးလိုက္ေတာ့၏။
" ဦးႀကီးတို႔ကို ဒုကၡမ်ားေစမိပါၿပီဗ်ာ"
" ေတာက္က်န္ေလးက သိပ္ၾကင္နာတတ္တာပဲ"
လူအိုႀကီးသည္ ေငြစမ်ားကို ေရပင္မေရတြက္ဘဲ သစ္သားေသတၱာထဲသို႔ ပစ္ထည့္လိုက္သည္။ ထို႔ေနာက္ သူက ဧည့္ႀကိဳေကာင္ေလးကို မွာၾကားလိုက္ေလ၏။
" ျမန္ျမန္ ၊ ေတာက္က်န္ေလးကို အခန္းလိုက္ျပေပးလိုက္"
" ေတာက္က်န္ ၊ ကြ်န္ေတာ့္ေနာက္ကို လိုက္ခဲ့ေပးပါ"
ဧည့္ႀကိဳေကာင္ေလးက သူ႔အား ဖိတ္ေခၚလိုက္ၿပီး ပိုးထည္ကန္႔လန္႔ကာကို မတင္လိုက္ကာ စုန္႔ခ်ီအား တည္းခိုေဆာင္၏ ေနာက္ေဖးျခံဝင္းထဲသို႔ ေခၚေဆာင္သြားေတာ့သည္။
ျခံဝင္းက အင္မတန္ပင္ က်ယ္ဝန္းၿပီး မည္သည့္မ်ိဳးစိတ္ဟူ၍ အမည္တိတိက်က်မသိရသည့္ အပင္မ်ားကိုလည္း စိုက္ပ်ိဳးထားသည္။ ေႏြဦးရာသီအစပ်ိဳးခ်ိန္ျဖစ္သျဖင့္ အဖူးအၫႊန္႔မ်ားဟာ အဝါေရာင္ေတာက္ေတာက္အေညႇာင့္မ်ား ေပါက္လာၾကၿပီျဖစ္၏။ ေက်ာက္ျပားမခင္းထားေသာ ေနရာမ်ားတြင္ ျမက္ပင္မ်ား၏ထိပ္ဖ်ားအခြ်န္အတက္မ်ား ထိုးေထာင္ေနၾကသည္။ ေႏြဦး၏အေငြ႕အသက္မ်ား ေလထဲတြင္ပ်ံ႕ႏွံ႔ေနသေယာင္ပင္။
အတန္ၾကာလမ္းေလွ်ာက္လာၿပီးေနာက္တြင္ ေက်ာက္ျပားခင္းထားေသာ ေလွ်ာက္လမ္းသည္ ေတာင္ႏွင့္ေျမာက္ ႏွစ္ခြကြဲသြားသည္။ သူ႔အေရွ႕မွ ဧည့္ႀကိဳေလးက လမ္းၫႊန္၏။
" ေတာက္က်န္ ၊ ဒီလမ္း "
စုန္႔ခ်ီသည္ အတန္ငယ္ၾကာေတြးေနမိသည့္အရာကို ထုတ္ကာေမးလိုက္၏။
" ေတာင္ဘက္အေဆာင္မွာတည္းေနတဲ့
လူအားလံုးက နန္းတြင္းစာေမးပြဲလာေျဖၾကတဲ့ ေက်ာင္းသားေတြခ်ည္းပဲလား"
" အကုန္လံုးေတာ့မဟုတ္ဘူးဗ် "
ဧည့္ႀကိဳေကာင္ေလးက ျပန္ေျဖ၏။
" လူေပါင္းစံုကေတာ့ တစ္ခ်ိန္လံုးဝင္ထြက္သြားလာေနၾကတာပါပဲ။ ဒီေန႔ဆိုရင္ နန္းတြင္းစာေမးအတြက္လာတဲ့ ဧည့္သည္ေလးေယာက္ကို ကြ်န္ေတာ္တို႔ လက္ခံထားတယ္။ ေနာက္ထပ္္တစ္ေယာက္လည္းရွိေသးတယ္ဗ်၊ ပုခံုးက်ယ္က်ယ္ ခါးဆစ္တုတ္တုတ္နဲ႔ ေလလြင့္ဓားသိုင္းသမားနဲ႔တူတယ္"
" ေဟ့! "
ထိုစဥ္ သူတို႔အေရွ႕မွ ေအာ္ေခၚသံတစ္ခုကိုု ၾကားလိုက္ရသည္။
စုန္႔ခ်ီသည္ ေခါင္းေမာ့၍ အကဲခတ္ၾကည့္လိုက္ေသာ္ သူတို႔ရွိရာသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလွ်ာက္လာေနေသာ လူတစ္ေယာက္ကို ေတြ႕လိုက္ရေလသည္။ ထိုလူ၏မ်က္ႏွာတြင္ မုတ္ဆိတ္ေမႊးမ်ား ထူပိန္းေနၿပီး မ်က္ခံုးေမႊးႏွစ္ဖက္ကလည္း မုတ္ဆိတ္မ်ားႏွင့္လိုက္ဖက္စြာ ခ်ံဳထူေနသည္။ သူ႔ပံုစံဟာ အင္မတန္ ရက္စက္ၾကမ္းၾကဳတ္ပံုေပါက္ေလ၏။ မတိုင္ခင္က ဧည့္ႀကိဳေကာင္ေလးေျပာသည့္ ဓားသိုင္းသမားပဲျဖစ္ရမည္။
" ငါအခုပဲ မင္းကို လာရွာေတာ့မလို႔။ ငါ့အတြက္စားစရာတစ္ခုခုလုပ္စမ္းဦး။ ငါဗိုက္ဆာလွၿပီဟ"
ထိုလူက လမ္းေလွ်ာက္လာရင္း ေအာ္ေျပာေလ၏။ သူ႔ေလသံမွာ ရုပ္သြင္ကဲ့သို႔ပင္ ခက္ထန္ၾကမ္းတမ္းေလသည္။
" အလိုေလး..ဓားသူရဲေကာင္းခင္ဗ်ာ ၊ လြန္ခဲ့တဲ့တစ္နာရီေလာက္ကပဲ စားၿပီးတာကို ဘယ္ႏွယ့္ေၾကာင့္ ဗိုက္ျပန္ဆာလာရတာတုန္း"
ဧည့္ႀကိဳေကာင္ေလးက ပူပန္ဗ်ာပါဒျဖင့္ အေမးစကားဆိုေလ၏။
" ငါကဘယ္လုိလုပ္သိမွာတုန္း "
မုတ္ဆိတ္ရွည္သည္ စိတ္မရွည္စြာ မ်က္ခံုးမ်ားတြန္႔ခ်ိဳးသြား၏။
" ငါ့ဗိုက္ကဆာရင္ ဆာတာပဲေပါ့။ ငါ့ကို ဘယ္အခ်ိန္ထိ ေစာင့္ခိုင္းဦးမလို႔လဲ။ စားဖို႔တစ္ခုခုသြားယူစမ္းပါ!"
သူသည္ ေျပာလို႔ဆိုလို႔ဝ၍ သူ႔အၾကည့္မ်ားကို ေဘးသို႔ေသြဖယ္လိုက္ကာမွ စုန္႔ခ်ီကို သတိထားမိသြားပံုရသည္။ သူ႔မ်က္ႏွာဟာ ခ်က္ခ်င္းဆိုသလို
အေရာင္ေျပာင္းသြားသည္။ ပထမတြင္ သူဟာ ေၾကာင္အမ္းသြားဟန္ရွိၿပီးမွ ႏႈတ္ခမ္းမ်ားကို ခပ္က်ယ္က်ယ္ဟကာ ျပံဳးလိုက္သည္။
" ငါတို႔ အရင္ကေတြ႕ဖူးၾကလား "
သူသည္ စုန္႔ခ်ီေဘးသို႔ေလွ်ာက္လာၿပီး လက္ကိုဆန္႔ထုတ္ကာ သူ႔လည္ပင္းကို သိုင္းဖက္ရန္ ႀကိဳးပမ္းေလသည္။
" ဒီအေဆြေလးက ဘယ္ကလာတာတဲ့လဲ"
စုန္႔ခ်ီသည္ က်င္လည္စြာ ေနာက္ဆုတ္လိုက္ကာ သူ႔လက္ကို ေရွာင္တိမ္းလိုက္သည္။ သူသည္ အျပံဳးမပ်က္ ျပန္ေျဖလိုက္ပါ၏။
" ရွီးလ်န္ (ေတာင္ပိုင္းေဒသ)ကပါ "
" ေၾသာ့...ရွီးလ်န္လား "
မုတ္ဆိတ္ရွည္က တစ္ခဏခန္႔ ေတြးေတာေနဟန္ျပဳၿပီးမွ၊
" ေတာ္ေတာ္ေဝးမယ့္ ေနရာပဲ "
" ဒီေနရာက တုမ္းဝမ့္ (အေရွ႕ပိုင္းေဒသ)ပါ၊ အတိအက်ဆိုရရင္ ရွီးလ်န္နဲ႔ မိုင္ေပါင္းေထာင္ခ်ီေဝးပါတယ္ခင္ဗ်"
ဧည့္ႀကိဳေကာင္ေလးက ခပ္ညည္းညည္းေျပာလာ၏။
" အဲ့တာမင္းနဲ႔ဘာဆိုင္ေနလို႔တုန္း။ ငါ့အတြက္ ထမင္းတစ္ပန္းကန္သာ သြားယူေပးေခ်!"
မုတ္ဆိတ္ရွည္က ဧည့္ႀကိဳေလးကုိ စိမ္းစိမ္းဝါးဝါးၾကည့္ကာ ေျပာဆိုေသာ္လည္း စုန္႔ခ်ီကိုမူ အျပံဳးမပ်က္ ခ်ိဳသာစြာသာေျပာေလ၏။
" မင္းက ေတာင္ဘက္အေဆာင္ကို သြားမလို႔မဟုတ္လား၊ ငါမင္းကို လိုက္ပို႔ေပးမယ္"
စုန္႔ခ်ီမွာ ဇေဝဇဝါျဖစ္သြားရေသာ္ျငား သတိဝီရိယကိုမူ ဆက္လက္ကပ္ထားလ်က္ပင္။ သူသည္ မုတ္ဆိတ္ရွည္ကို ေက်းဇူးတင္စကားဆိုလိုက္ၿပီး ခံုးတံတားေလးကို ျဖတ္ေက်ာ္၍ သူ႔အေနာက္မွလိုက္ပါသြားေတာ့၏။
ေတာင္ဘက္အေဆာင္တြင္ အခန္းေျခာက္ခန္းရွိၿပီး အၾကမ္းဖ်င္းအားျဖင့္ စက္ဝိုင္းပံုစံပတ္ပတ္လည္ တည္ေဆာက္ထားသည္။ အခန္းတိုင္းကို အစိမ္းေရာင္အုတ္ႂကြပ္ျပားမိုးထားၿပီး နံရံက အုတ္က်ိဳးနီေရာင္ျဖစ္သည္။ ၾကည့္လိုက္တာနဲ႔တင္ စိတ္ေျခာက္ျခားဖြယ္ရာေကာင္းလွေပ၏။
ျခံဝင္းထဲတြင္ ရိုး႐ိုးရွင္းရွင္းအဝတ္အစားႏွင့္ ပညာရွင္ေက်ာင္းသားတစ္ေယာက္ဟာ လက္ထဲတြင္ စာအုပ္တစ္အုပ္ကို ကိုင္ထားလ်က္ မတ္တပ္ရပ္ကာ ေခါင္းတစ္လႈပ္လႈပ္ျဖင့္ စာအံေနသည္။ သူတို႔ကိုျမင္ေသာ္ ေခါင္းကိုယဲ့ယဲ့မွ် တစ္ခ်က္ၿငိမ့္၍ ႏႈတ္ဆက္၏၊ ထို႔ေနာက္ ဆက္လက္စာအံေနေလသည္။
တျခားေသာအခန္းမ်ားမွာ တင္းတင္းၾကပ္ၾကပ္ပိတ္ထားၾကၿပီး ထို႔အထဲမွ အခန္းတစ္ခ်ိဳ႕သာ ျပတင္းေပါက္မ်ား ဖြင့္ထားၾကေသာ္လည္း အနားတစ္ဝိုက္တြင္မူ လူရိပ္လူေျခမေတြ႕ရေပ။
စုန္႔ခ်ီ အထိတ္လန္႔ဆံုးအရာမွာလည္း ဤအရာပင္ျဖစ္သည္။ ပထမဆံုးျမင္ကြင္းမွာတင္ လူရိပ္လူေျခတိတ္ဆိတ္ေနျခင္းပင္။
အကယ္၍ မူမမွန္ျဖစ္ေနသည့္အရာအား ႀကိဳတင္ေတြ႕ရွိပါလွ်င္ ထိုအရာအေပၚ အာရံုအားလံုးစုပံုကာ ေစာင့္ၾကည့္ေန၍ ရေပသည္။ သို႔ေသာ္ျငား မည္သည့္အရာက မူမမွန္ျဖစ္ေနျခင္းလည္း မသိသည့္အခါ အရာရာတိုင္းကို သတိ္ထားေစာင့္ၾကည့္၍ တစ္ခ်ိန္လံုး ႏိုးႏိုးၾကားၾကားေနဖို႔သာ တတ္ႏိုင္လိမ့္မည္။
ေျပာသာေျပာရ၏။ သူကိုယ္တိုင္ဟာလည္း မူမွန္သည့္လူသားတစ္ေယာက္ေတာင္ ဟုတ္မေနပါေခ်၊
ဤေနရာသို႔ေရာက္ရွိလာခဲ့ျခင္းကို ေျဖရွင္းရမည္ဆိုပါလွ်င္ ဇာတ္လမ္းရွည္ႀကီးတစ္ပုဒ္ကဲ့သို႔ပင္။
လြန္ခဲ့ေသာ တစ္ႏွစ္ခန္႔က ၊ သူသည္ တုမ္းဝမ့္နယ္နိမိတ္သို႔ဝင္ေရာက္လာၿပီး ❛ မိစၧာတံခါးရွင္ ❜ အေၾကာင္း ႀကိဳးစားပမ္းစား စံုစမ္းေမးျမန္းခဲ့ပါေသာ္လည္း ဘာသဲလြန္စမွမရခဲ့ေပ။ သူ ၾကံဳဆံုရခဲ့သမွ် မိစၧာတိုင္းဟာလည္း သူ႔အသက္ကို နႈတ္ယူလိုၾကသူခ်ည္းသာ ျဖစ္ေသးသည္၊ ထို႔ေၾကာင့္ပင္ စုန္႔ခ်ီ၏စံုစမ္းရွာေဖြမႈဟာ မ်ားစြာေႏွာင့္ေႏွးခဲ့ရသည္။ ဇြဲနပဲရွိရွိျဖင့္ အားထုတ္ႀကိဳးပမ္းမႈမ်ားေၾကာင့္သာ အဆံုးတြင္မွ သဲလြန္စတစ္ခ်ိဳ႕ကို ခက္ခက္ခဲခဲႏွင့္ ရရွိခဲ့သည္။
မိစၧာေလာကတြင္ မိစၧာၿမိဳ႕ေတာ္ဆယ္ႏွစ္ၿမိဳ႕ရွိသည္ဟူ၍ ေကာလဟာလမ်ားရွိေလသည္။ လတိုင္း၏ဆယ့္ငါးရက္ေျမာက္ေန႔တြင္ မိစၧာၿမိဳ႕ေတာ္ဆယ့္ႏွစ္ၿမိဳ႕ထဲမွ တစ္ၿမိဳ႕သည္ လူသားကမၻာႏွင့္ဆက္သြယ္ႏိုင္ရန္ ဝင္ေပါက္တံခါးကို ဖြင့္လွစ္ေလ့ရွိေလသည္။ လူသားမ်ားက ဝင္ေရာက္ႏိုင္သလို၊ မိစၧာမ်ားကလည္း ထြက္ခြာႏိုင္သည္။ မည္သို႔ဆိုေစကာမူ မိစၧာတံခါးရွင္ဟာ တင္းတင္းၾကပ္ၾကပ္ေစာင့္ၾကပ္ထားဆဲျဖစ္သည္။
မိစၧာဘုရင္ ခ်မွတ္ထားေသာ စည္းကမ္းမ်ားအရ လူသားႏွင့္ မိစၧာတို႔သည္ အလုပ္ကိစၥရွိလာမွသာ ဝင္ခ်ည္၊ ထြက္ခ်ည္ျပဳႏိုင္မည္ျဖစ္ၿပီး ဆူပူေသာင္းက်န္းခြင့္ အလွ်ဥ္းမရွိပါေခ်။
ထိုသို႔ဆိုလွ်င္ေတာင္ လူသားတစ္ေယာက္အတြက္ မိစၧာၿမိဳ႕ေတာ္တြင္ ေျခခ်ႏိုင္ဖို႔ဟူသည္ သိပ္ကိုအႏၲရာယ္မ်ားလြန္းလွသည္။ ထို႔ေၾကာင့္ပင္ မိစၧာေလာကကို လုပ္ငန္းကိစၥေၾကာင့္ ဝင္ေရာက္မည့္သူ မ်ားမ်ားစားစားမရွိႏိုင္ပါေခ်။
စုန္႔ခ်ီသည္ ေနရာအႏွံ႔အျပား ခရီးဆက္ၿပီးေနာက္တြင္ေတာ့ လဲ့ယြီ ဟူေသာၿမိဳ႕တစ္ၿမိဳ႕မွ ဟူ မ်ိဳးႏြယ္လူတစ္ေယာက္သည္ ငယ္ရြယ္စဥ္အခါက မိစၧာၿမိဳ႕ေတာ္ႏွင့္ကုန္သြယ္မႈ ျပဳလုပ္ခဲ့ဖူးသည္ဟူေသာ သတင္းကိုၾကားခဲ့ရေလသည္။
စုန္႔ခ်ီသည္ ဝမ္းသာမ်က္ရည္တို႔ပင္စို႔လ်က္၊ လဲ့ယြီသို႔ အလ်င္အျမန္ခရီးႏွင္ခဲ့ရာ အဆံုးတြင္ေတာ့ ထိုသူကုိ ေခ်ာင္က်က်ရပ္ကြက္၌ ရွာေတြ႕သြားေလ၏။ သို႔ေပမည့္ စုန္႔ခ်ီမွာ ဘာမွပင္မေမးျမန္းရေသးခင္ ထိုလူသည္ မေကာင္းဆိုးဝါးဝင္ပူးထားသည့္ပမာ စုန္႔ခ်ီ၏ေျခေထာက္ကိုဖက္၍ ဆြဲဆြဲငင္ငင္ငိုေႂကြးေလသည္။
စုန္႔ခ်ီသည္ သူ႔အား ေခ်ာ့ေမာ့ကာအက်ဳိးအေၾကာင္း ေမးျမန္းလိုက္သည့္အခါမွ ဤၿမိဳ႕သည္ မၾကာေသးခင္အခ်ိန္ကမွ မိစၧာမ်ား ဝင္ေရာက္စီးနင္းျခင္းကို ခံလိုက္ရေၾကာင္းသိရွိသြားရ၏။
လဲ့ယြီျမိဳ႕ဟာ ေဝးလံေခါင္ဖ်ားေသာနယ္စြန္နယ္ဖ်ား ၿမိဳ႕တစ္ခုသာျဖစ္ၿပီး ဖြံၿဖိဳးတိုးတက္ေသာ၊ ခ်မ္းသာေသာၿမိဳ႕တစ္ၿမိဳ႕လည္း မဟုတ္ရပါေခ်။ ဆယ္စုႏွစ္ၾကာ ေအးေအးခ်မ္းခ်မ္း တည္ရွိလာခဲ့ျပီးမွ ယခုတြင္ပထမဆံုး မိစၧာမ်ား၏ေႏွာင့္ယွက္ျခင္းကို ခံရျခင္းျဖစ္ေလသည္။
ရိုးသားစြာေျပာရလၽွင္ စုန္႔ခ်ီမွာ သူကိုယ္တိုင္ေတာင္ မိစၧာမ်ားကို ေၾကာက္တတ္သူျဖစ္ရာ ဤလူအား ကူညီပံ့ပိုးေပးဖို႔ စိုးစဥ္းေတာင္ မေတြးပါေခ်။ သို႔ေသာ္ မည္သူထင္မည္နည္း။ အႏွီဟူငနဲေကာင္သည္ စုန္႔ခ်ီအား မိစၧာတံခါးရွင္ႏွင့္ အၾကပ္ကိုင္ကာ ေငြညစ္ေလသည္။ ဤသို႔ျဖင့္ပင္ ဤေနရာသို႔ ေရာက္လာခဲ့ရျခင္းျဖစ္ေတာ့၏။
လဲ့ယြီမွ အေရွ႕ဘက္မိုင္အနည္းငယ္အကြာတြင္ အမည္မဲ့ တည္းခိုေဆာင္တစ္ခုရွိသည္။ လြန္ခဲ့ေသာ ႏွစ္လခန္႔က ၊ ၿမိဳ႕ထဲက မိန္းမပ်ိဳငါးေယာက္ဟာ မဂၤလာေဝါယာဥ္ႀကီးတစ္ခုေပၚ တင္ေဆာင္ခံရလ်က္ ထိုတည္းခိုေဆာင္ထဲသို႔ ဝင္သြားၾကသည္။ ထိုအခ်ိန္မွစ၍ ထိုမိန္းမပ်ိဳငါးေယာက္လံုးမွာ ပေဟဠိဆန္စြာ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားၾကေလသည္။ ဟူမ်ိဳးႏြယ္၏ ဒုတိယသခင္မေလးသည္ ေျခာက္ေယာက္ေျမာက္ မိန္းကေလးျဖစ္သည္။
ထိုသခင္မေလးဟူ ကိုယ္တိုင္ဆိုခဲ့ပံုမွာ ဤသို႔ျဖစ္၏။ သူမ၏လည္တိုင္တြင္ ဆြဲထားေသာ ေက်ာက္စိမ္းဆြဲႀကိဳးေလးသည္ ရုတ္တရက္ ႀကိဳးျပတ္သြားခဲ့ရာမွ ေက်ာက္စိမ္းႏွင့္ ေဝါယာဥ္ၾကမ္းျပင္တို႔ ထိခတ္ကာၾကကြဲသံက သူမကို လန္႔ကာအသိျပန္ကပ္လာေစခဲ့သည္။ ဤသို႔ျဖင့္ သူမသည္ မဂၤလာေဝါယာဥ္ထဲမွ ထြက္ေျပးလြတ္ေျမာက္လာႏိုင္ခဲ့ၿပီး အသက္ေဘးမွလြတ္လာခဲ့ေလသည္။
ေဝါယာဥ္ကိုသယ္ေဆာင္လာသူ အထမ္းသမားမ်ားဟာ မ်က္ႏွာႏွင့္ အသားေရာင္ပါကင္းမဲ့ေနေသာ မေကာင္းဆိုဝါးေကာင္မ်ားျဖစ္သည္ ဟူ၍လည္း သူမက ဆိုခဲ့ေသးသည္။ မေကာင္းဆိုးဝါးမ်ားသည္သူမကို ဖမ္းဆီးျခင္းမျပဳဘဲ သူမ ထြက္ေျပးလြတ္ေျမာက္သြားသည္ကို ျမင္ၿပီးလွ်င္ ထူးဆန္းစြာပဲ ေပ်ာက္ကြယ္သြားၾကသည္။
ဤသို႔ေပ်ာက္ဆံုးမႈမ်ား ျဖစ္ၿပီးေနာက္တြင္ေတာ့ ၿမိဳ႕စားမင္းသည္ တည္းခိုေဆာင္ကို ရွာေဖြစစ္ေဆးရန္ လူတစ္ခ်ိဳ႕အား သံုးႀကိမ္သံုးခါ ေစလႊတ္ခဲ့သည္။ သို႔ေသာ္ တစ္ဦးတစ္ေယာက္မွ် ျပန္ထြက္မလာႏိုင္ခဲ့ပါေခ်။
လူအခ်ိဳ႕က ထိုတည္းခိုေဆာင္အား မီးရႈိ႕ဖ်က္ဆီးရန္ၾကံစည္ခဲ့ပါေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ ဆီမ်ားပက္ဖ်န္း၍ ထင္းတံုးမ်ားအစုအျပံဳလိုက္ျဖင့္ မီးတိုက္ၾကသည့္တိုင္ မီးလံုးဝမစြဲပါေခ်။ ထို႔အျပင္ ထိုတည္းခိုေဆာင္ထဲ ဝင္သြားၾကေသာ လဲ့ယြီမွခရီးသြားမ်ား တစ္ေယာက္မက်န္ ေပ်ာက္ဆံုးသြားၾကေလသည္။ မိစၧာတစ္ေကာင္ ၿမိဳ႕ထဲကို ဝင္ေရာက္က်ဴးေက်ာ္လာေၾကာင္း သိရွိသြားၾကသျဖင့္ ၿမိဳ႕သားမ်ားသည္ ပစၥည္းမ်ားသိမ္းထုပ္၍ ထြက္ေျပးရန္ ၾကံစည္ၾကသည္။ သို႔ေသာ္ သူတို႔သည္ တစ္ေန႔ႏွင့္ တစ္ညခရီးဆက္သည့္တိုင္ ထိုၿမိဳ႕တြင္း၌သာ တစ္ဝဲဝဲ၊ တလည္လည္ျဖင့္ မထြက္ခြာႏိုင္ျဖစ္ေနၾကေပ၏။ သူတို႔အေပၚ မႏၲာန္တစ္ခု စီရင္ထားသကဲ့သို႔ပင္။
စုန္႔ခ်ီၾကားသိထားသည့္အရ သူ႔မတိုင္ခင္က ေတာက္ဓမၼရဟန္း သံုးပါးသည္လည္း တည္းခိုေဆာင္ကိစၥကို စံုစမ္းေျဖရွင္းဖို႔ ေရာက္လာခဲ့ၾကေသးသည္ဟု သိရ၏။ ထိုသူတို႔အားလံုး တည္းခိုေဆာင္ထဲမွာတင္ ေပ်ာက္ဆံုးသြားၾကေလ၏ ၊ သူသည္ကား လဲ့ယြီမွ ေရာက္လာသူ ေလးေယာက္ေျမာက္ေတာက္ဓမၼရဟန္းပင္ ျဖစ္လိမ့္မည္။
စုန္႔ခ်ီသည္ ေမြးရပ္ေျမမွထြက္ခြာလာၿပီးေနာက္
ပါလာမွ် ေငြအသျပာအကုန္လံုးကို သံုးစြဲ၍ကုန္ၿပီးကတည္းက စုတ္ခ်ာလွသည့္ အသက္ရွင္ေရးအတြက္ လူအမ်ားၾကားတြင္ လိမ္လည္ကာေငြေတာင္းရမ္းစားႏိုင္ဖို႔ ေတာက္ဓမၼဘုန္းႀကီးအျဖစ္ ဟန္ေဆာင္ထားခဲ့ျခင္း ျဖစ္ေလသည္။ သို႔သည့္တိုင္ ဤဟန္ေဆာင္မႈဟာ ယခုေတာ့ျဖင့္ ျပႆနာႀကီးတစ္ခုျဖစ္လာလိမ့္မည္ဟု သူဘယ္တုန္းကမွ မေတြးထားခဲ့ဖူးပါေခ်။
သူသည္ ခ်က္ခ်င္း လွည့္ၿပီးထြက္သြား၍ရေပသည္။ သို႔ေပမည့္ သူသာလြယ္လြယ္ႏွင့္လက္ေလ်ာ့လိုက္လွ်င္ မိစၧာတံခါးရွင္ႏွင့္ပက္သက္ၿပီး ဘာသဲလြန္စမွရေတာ့မည္ မဟုတ္ေပ။ စုန္႔ခ်ီဟာ အဘယ္မွာဤသို႔ အျဖစ္ခံပါလိမ့္မည္နည္း။ ထို႔ေၾကာင့္ သူ႔ကိုယ္သူ အားတင္းလ်က္ ဤေနရာကို ေရာက္ေအာင္လာခဲ့ျခင္းျဖစ္၏။
ဧည့္ႀကိဳသံုးေယာက္၊ နန္းတြင္စာေမးပြဲေျဖဆိုမယ့္ ေက်ာင္းသားေလးေယာက္။ နည္းနည္းထူးဆန္းတဲ့ မုတ္ဆိတ္ရွည္ ဓားသမားတစ္ေယာက္မွလြဲ၍ က်န္အရာအားလံုးက ပံုမွန္ဆန္ဆန္ပင္ ထူးျခားမႈမရွိေပ။
သို႔ေသာ္ ပို၍ပံုမွန္ဆန္ေလ၊ ပို၍မသၤကာစရာေကာင္းေလပင္ျဖစ္သည္။ ခ်ိဳ႕ယြင္းခ်က္၊ ဟာကြက္ကင္းေလ၊ မိစၧာက်င့္ၾကံမႈအဆင့္ ျမင့္မားေလျဖစ္သည္။
စုန္႔ခ်ီ၏ ႏွလံုးသားေအာက္ေျခ၌ ခ်က္ခ်င္းကို ျပန္လွည့္ေျပးခ်င္စိတ္ေပါက္ေနၿပီျဖစ္သည္။ ယခုေန ထိုအေတြးက ပိုလိုေတာင္ဆိုးလာေသးသည္။
" လာ၊ လာ၊ လာ ဒီမွာမင္းရဲ႕ အခန္း"
မုတ္ဆိတ္ရွည္က ဝင္ေပါက္ႏွင့္အနီးဆံုးရွိ အခန္းငယ္တစ္ခုကို ညႊန္ျပကာ တက္တက္ႂကြႂကြ ေျပာလာသည္။
" မင္းရဲ႕အခန္းေဘးမွာငါေနတာ၊ အခန္းခ်င္းနီးတာမို႔ တစ္ခုခုျဖစ္ရင္ လွမ္းသာေအာ္ေခၚလိုက္"
"ဘာျဖစ္မွာမို႔လဲ"
စုန္႔ခ်ီသည္ ဖာသိဖာသာ ေမးၾကည့္လိုက္သည္။
မုတ္ဆိတ္ရွည္က ေတာင့္တင္းသြားၿပီး ေခါင္းတကုတ္ကုတ္ျဖင့္ ျဖစ္သြား၏။
" ငါလဲ တပ္အပ္ေတာ့ဘယ္ေျပာႏိုင္မလဲကြ.....
အမယ္ေလးဘုရားသခင္ ဟိုေကာင္ေလးက စားစရာေလးသြားယူတာကို ဘာလို႔အဲ့ေလာက္ေတာင္ ၾကာေနမွန္းမသိပါဘူး။ ငါတစ္ခ်က္ေလာက္သြားၾကည့္လိုက္ဦးမွပဲ....."
ထိုသူမွာ လိပ္ျပာမလံုသည့္အလား ပါးစပ္မွ တတြတ္တြတ္ရြတ္လ်က္ အေလာတႀကီးထြက္ခြာသြားေလသည္။ စုန္႔ခ်ီသည္ သူထြက္သြားပံုကို ေသခ်ာစူးစိုက္ ၾကည့္ေနၿပီးေနာက္ စာအုပ္ကိုလက္ေမာင္းမ်ားထဲပိုက္ထားရင္း အေတြးမျပတ္ အခန္းထဲသုိ႔ဝင္လာခဲ့ေတာ့သည္။
ေနဝင္ဆည္းဆာေရာင္ျခည္သည္ မိုးကုပ္စက္ဝိုင္းမွ တျဖည္းျဖည္းျဖင့္ ေမွးမွိန္လာကာ ရႊန္းစိုေတာက္ပေသာ အေရာင္အဆင္းတို႔သည္ ညအေမွာင္ထဲဝယ္ ေပ်ာက္ျခင္းမလွေပ်ာက္ကြယ္သြားေလ၏။ လမင္းေသာ္တာသည္ ေကာင္းကင္ယံတြင္ ျမင့္ျမင့္သာလ်က္ ညခ်မ္းခ်ိန္ခါ က်ေရာက္လာေပေတာ့သည္။
စုန္႔ခ်ီသည္ ဖေယာင္းတိုင္မီးအိမ္ကို မီးညႇိလိုက္ၿပီး ျပတင္းေပါက္အနီးတြင္ ထိုင္လိုက္ကာ သူ၏ေၾကးနက္ေရာင္ ဓားေကာက္ရွည္ကို ဂရုတစိုက္ပြတ္တိုက္ သန္႔ရွင္းေနလိုက္သည္။ ေျပာင္လက္ေနသည့္ဓား႐ိုးသည္ ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ ရႊန္းစိုေတာက္ေျပာင္ေနသည္။
မိစၧာေသြးကို မေတာ္တဆေသာက္သံုးမိလိုက္သည့္အခ်ိန္မွစ၍ စုန္႔ခ်ီသည္ နာမည္အသစ္ေျပာင္းလဲ၍ ဇာတိခ်က္ေႂကြ ေမြးရပ္ေျမအား စြန္႔ခြာကာ ေနရာအႏွံ႔ခရီးဆက္ခဲ့ရာမွ ယခုတုမ္းဝမ့္သို႔ ေရာက္ရွိလာခဲ့ျခင္းအထိ သူလုပ္ခဲ့သမွ် အားလံုးသည္ကား မိစၧာတံခါးကို ရွာေဖြႏိုင္ရန္အတြက္သာ ျဖစ္ေပသည္။ ဤေလးႏွစ္ေလးမိုးလံုးတြင္ ၊ သူသည္ မေရမတြက္ႏိုင္ေသာ ဒုကၡသုကၡေပါင္းစံုကုိ ရင္ဆိုင္ခဲ့ရၿပီးေနာက္ သာမန္လူကဲ့သို႔ေနႏိုင္ရန္ သူ႔ခႏၶာကိုယ္ကုိ မည္ကဲ့သို႔ထိန္းခ်ဳပ္ရမည္အား သင္ယူခဲ့ၿပီးျဖစ္သည္။
သူသည္ ေလကိုေစ၍ မိုးကိုမဆင့္ေခၚႏိုင္ပါေသာ္ျငား အနည္းဆံုးေတာ့ မိစၧာဝိေသႆလကၡဏာမ်ားကို ဖံုးကြယ္ထားႏိုင္ပါေသးသည္။ ထို႔ေၾကာင့္သာ သူ႔ကုိ သာမန္လူသားတစ္ေယာက္ပံုစံႏွင့္ မထူးမျခားနား ျမင္ေနရျခင္းျဖစ္ေပသည္။
သို႔ေသာ္ျငားလည္း ဤေန႔ညေပါင္းတစ္ေထာင္ေက်ာ္အေတာအတြင္း လူသားတစ္ေယာက္ျပန္ျဖစ္ကိုျဖစ္ရမည္ ဟူေသာ ဆံုးျဖတ္ခ်က္ကို ဘယ္ေတာ့မွ မစြန္႔ႏိုင္လႊတ္ခဲ့ပါေခ်။ တစ္ေန႔တြင္ေတာ့ သူ၏မူလလူသားဘဝေလးကို ျပန္ရႏိုင္လိမ့္မည္ဟု အေသအခ်ာကို ယံုၾကည္ထားပါသည္။
စုန္႔ခ်ီသည္ အေတြးနယ္ခ်ဲ႕ေနရမွ လက္စသတ္လိုက္ၿပီး ကိုယ္ႏွင့္မကြာသယ္ေဆာင္ထားေလ့ရွိသည့္ စာအုပ္ကို ဖြင့္၍လွန္ေလ်ာလိုက္သည္။
❝ မိစၧာပေပ်ာက္ေရး လမ္းစဥ္ ❞
စာဖတ္ျခင္းသည္ အခ်ိန္ျမန္ျမန္ကုန္ဆံုးေစဖို႔ အေကာင္းဆံုးနည္းလမ္း ျဖစ္သည္။
မူလဘဝက စုန္႔ခ်ီသည္ သူေတာ္စင္စာဆိုမ်ား၊ ပညာရွင္ေက်ာင္းသားမ်ား၏ ဂႏၲဝင္စာအုပ္စာေပေပါင္းေျမာက္ျမားစြာကို ဖတ္ရႈဆည္းပူးေလ့ရွိခဲ့သည္။ သူသည္ ဤသို႔႐ိုးရာစာအုပ္စာေပမ်ားၾကားတြင္သာ တစ္ခ်ိန္လံုး က်င္လည္ေနခဲ့မိေၾကာင္း သတိျပဳမိသြားရခ်ိန္၌ သူဟာ အႏွစ္ႏွစ္ဆယ္ေက်ာ္ၾကာ ေပ်ာ္ရႊင္မႈမ်ားကို ျဖဳန္းတီးမိလ်က္သားျဖစ္ေတာ့၏။
သူသည္ ညအေတာ္နက္သည္အထိ စာဖတ္ေနခဲ့ၿပီး ဝတၳဳ၏ေနာက္ဆံုးစာေၾကာင္းကို ဖတ္ၿပီးၿပီးခ်င္းမွာတင္ က်ယ္ေလာင္ေသာ ေမာင္းထုသံတစ္သံ ခပ္လွမ္းလွမ္းအရပ္မွ ၾကားလိုက္ရသည္။ ေမာင္းထုသံသည္ တဒုန္းဒုန္းျမည္လ်က္ထြက္လာၿပီး ညအေမွာင္ထဲဝယ္ ပဲ့တင္ထပ္ျမည္ဟီးေနေတာ့သည္။
ထို႔ေနာက္ ခရာမႈတ္သံႏွင့္ ေလမႈတ္တူရိယာသံတို႔ပါ ယွဥ္တြဲလ်က္ထြက္လာကာ ျမဴးႂကြႂကြ တီးမႈတ္သံတို႔သည္ တိတ္ဆိတ္ေနေသာ ညတာကို တမုဟုတ္ခ်င္း ၿဖိဳခြင္းလိုက္သည္။
တစ္ခ်ိန္တည္းလိုလိုပင္ စုန္႔ခ်ီသည္ သူ႔ေဘးရွိ ဖေယာင္းတိုင္ကို မီးမႈတ္လိုက္ကာ သူ႔လက္မ်ားကမူ ေက်ာေနာက္ဆီသို႔ ေရြ႕သြားၿပီး ဓားေကာက္ရွည္ကို ဆုပ္ကိုင္ထားလိုက္ေတာ့သည္။
──────── ❃ ────────
Thanks fo Reading