Chapter (3)

Chapter (3)

ကောင်းကင်ပင်လယ် ကျယ်ပြောလှ၏

အချိန်အတော်ကြာအောင် ခန်းမထဲမှာ အပ်ကျသံတွေကို မကြားလိုက်ရလောက်အောင်အထိ တိတ်ဆိတ်သွားပြီး နောက်ဆုံးမှာတော့ ချင်းရှူံက ဆိုလာသည်။

"မင်းကို ကိစ္စသုံးခုလုပ်ဖို့အတွက် လူ့လောကကြီးကို သွားဖို့ ငါချုံမင်ကို ပြောထားတယ်.... ဟုန်ကျွင့် မင်းအဖေက မင်းကို ၁၂လောက် စောင့်ရှောက်လာတာ... ဒီအခြေအနေ သုံးရပ်ကို ဆောင်ရွက်ပြီး မင်းအဖေရဲ့ ဖြည့်ဆည်းပေးနိုင်မလား"

ဟုန်ကျွင့် ချုံမင်ကို ကြည့်လိုက်သည်။ ပြီးတော့ ချင်းရှူံကို ပြန်ကြည့်သည်။ ထို့နောက် ချုံမင်ကို ကြည့်ပြီး နောက်ဆုံး ခေါင်းညိတ်ပြလိုက်သည်။

"ဒီလိုဆိုမှတော့ ကျွန်တော် သွားမယ်"

ချင်းရှူံက စာတစ်စောင်ကို လွှဲပေးလိုက်သည်။

"တိရန်ကျယ် မသေဆုံးခင်မှာ ထန်မင်းဆက်ရဲ့ နတ်ဆိုးနှိမ်နင်းဌာနလို့ ခေါ်တဲ့ တရားဝင်အစိုးရ ဌာနတစ်ခုရှိခဲ့တယ်.... မင်းဒီစာကိုယူပြီး နတ်ဆိုးနှိမ်နင်းဌာနကို သွားရမယ် အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့အဖေအရင်း ခုန်ရွှမ်းကို သတ်ခဲ့တဲ့ ရန်သူက ဘယ်သူလဲဆိုတာ ဖြည်းဖြည်းချင်း ရှာတွေ့လာနိုင်တယ်.. ဒါက ပထမဆုံး ကိစ္စပဲ...."

ဟုန်ကျွင့် ခဏစဉ်းစားပြီး "ဘယ်သူက ရန်သူလဲ" လို့ မေးလိုက်သည်။

"မသိဘူး"

ချင်းရှူံက မတ်တပ်ထရပ်ပြီး သူ့လက်ချောင်းတွေကြားကနေ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ဒေါင်းအမွေးလေး ပေါ်လာကာ ဟုန်ကျွင့်ထံ ပေးလိုက်သည်။

"မင်းအဖေက ဘယ်လိုလူလဲ ဘယ်သူက မုန်းတီးပြီး ချစ်လဲ ဘယ်သူ့ကို ကြင်နာတယ် ဘယ်သူက သူ့ကို ရန်ငြိုးထားလဲ ငါတို့ မသိဘူး... ဒါတွေအားလုံးရဲ့ အဖြေကို မင်းတစ်ယောက်တည်းပဲ ရှာနိုင်မှာ"

ဟုန်ကျွင့် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဒေါင်းအမွေးကို ယူလိုက်သည်။

"မင်းငယ်ငယ်တုန်းက နတ်ဓားပျံလေးစင်းကို ပေးခဲ့ဖူးတယ်..."

ချုံမင်က သူ့လက်ကို မြှောက်ပြီး မြေပုံတစ်ခု ထုတ်ယူလာသည်။

"အခု ချန်အန်းက မိစ္ဆာတွေနဲ့ ပြည့်နေပြီ... မြေပုံပေါ်က မိစ္ဆာတွေအားလုံး မင်း သတ်လို့ရတယ်"

"အော့"

ဟုန်ကျွင့် ဖမ်းပြီး သူ့လက်ထဲမှာ မြေပုံကို ဖွင့်ကြည့်သော်လည်း ရေးထားသော မိစ္ဆာတွေရဲ့ နာမည်တစ်ခုမှ သူမရင်းနှီးချေ။

"ဇောက်ထိုးကြီး!" ချုံမင်က သတိပေး၏။

ဟုန်ကျွင့် မြေပုံကို ချက်ချင်း လှည့်ပြီး လေးလေးနက်နက် ကြည့်ချင်ဟန် ဆောင်ပေမယ့် သူ့မျက်လုံးတွေက ချုံမင်ကို ခိုးကြည့်ချင်နေသေးသည်။ သို့သော် ချုံမင်ကတော့ သူ့ကို မကြည့်နေချေ။

"တိရန်ကျယ်က ဘယ်သူလဲ"

ဟုန်ကျွင့်သည် ချုံမင်ရဲ့ အမူအရာ အနည်းငယ်ပျော့သွားသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ထမေးလိုက်သည်။

"လူတစ်ယောက်... မင်းအဖေရဲ့ သူငယ်ချင်းဟောင်း သူလည်း သေသွားတာကြာပြီ"

"နတ်ဆိုးနှိမ်နင်းဌာနက နတ်ဆိုးတွေကို စုဆောင်း သုတ်သင်ဖို့ တာဝန်ရှိတယ်"

ချင်းရှူံက ရှင်းပြသည်။

"အခု ချန်အန်းမှာရှိတဲ့ နတ်ဆိုးဂိုဏ်းက ယောင်ကျင်းနန်းတော်နဲ့ ကမ္ဘာ့ရန်သူတွေပဲ... မင်းဌာနထဲကို ဝင်ပြီးရင် သူတို့စကားကို နားထောင်လိုက်ပါ မင်းသာ ချန်အန်းမှာ အမြစ်တွယ်နေတဲ့ နတ်ဆိုး​ဘုရင်ကို မောင်းထုတ်နိုင်ရင်....မင်းအဖေနဲ့ ငါက မင်းနဲ့အတူ လူ့လောကကို လာအဖော်ပြုပေးမယ်"

"တကယ်လား?" ဟုန်ကျွင့်က ရုတ်တရက် ကြည့်လိုက်သည်။

"ငါဘယ်တုန်းက ပြောမိလဲ!!"

"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာလောက်က..."

ချင်းရှုံက နန်းတော်ထဲကို ခြေလှမ်း အနည်းငယ်လှမ်းပြီး ပြောပြလာသည်။

"ယောင်ကျင်း နန်းတော်နဲ့ ကောင်းကင်နတ်ဆိုးတွေကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်.... အချိန်အတော်ကြာပြီး နောက်ဆုံးတော့..."

"သူ့ကိုပြော​ပြစရာ မလိုဘူး" ချုံမင်က အနှောင့်အယှက် ဝင်ပေးသည်။

"သူ မလုပ်နိုင်ဘူး"

ချင်းရှူံက "သူက မင်းရဲ့သားပဲ... ယောင်ကျင်းနန်းတော်က!"

"ထပ်ပြောစရာ မလိုဘူး!" ချုံမင် ဒေါသထွက်လာသည်။

"ကျွန်တော် နတ်ဆိုးဘုရင်ကို အနိုင်ယူ​ပြမယ်!"

ဟုန်ကျွင့်က ဆိုရင်း ပြုံးပြလိုက်သည်။

"ဒါဆို ဒုတိယကိစ္စကရော...!"

"မင်း နဂါးနက်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ဖျက်စီးပစ်ရင်တောင်မှ"

ချုံမင်က သူ့သွားတွေကို အံကြိတ်ပြီး ဆိုလေသည်။

"ငါ လူ့လောကကို ပြန်မလာတော့ဘူး... မင်းရဲ့ ကြိုးစားအားထုတ်မှုကို မဖြုန်းစမ်းတီးနဲ့ မင်းအသက် အန္တရာယ် ရှိလာလိမ့်မယ်!"

ဟုန်ကျွင့် : "..."

"ဒါနဲ့ ဒီဆွဲသီးက..."

ချင်းရှူံက အချိန်မီ ပြန်ပြောပြီး ဟုန်ကျွင့်လက်ထဲသို့ ဆွဲသီးကို ထည့်လိုက်သည်။

"ချန်အန်းကို ရောက်ပြီးရင် ချန်ကျစ်အန်းလို့ ခေါ်တဲ့ လူတစ်ယောက်ကို ရှာပြီး ဒီမီးအိမ်က တောက်လောင်နေတဲ့ မီးခွက်လို့ ပြောလိုက်.... ထားတာ့ ဘာမှပြောစရာ မလိုဘူး.... သူ့ရှေ့ရောက်ရင် ဖွင့်လိုက် .."

ထိုသို့ပြောပြီးနောက် ချင်ရှုံးသည် ဆွဲသီးကို သွယ်လျသော လက်ချောင်းများဖြင့် ကိုင်ဆောင်ကာ အစီအရင် အလင်းရောင်ဖြင့် ထွန်းညှိလိုက်သောအခါ ဆွဲသီးက အလိုအလျောက် ကွဲထွက်သွားပြီး သလင်းကျောက်က လေထံသို့ တဖြည်းဖြည်း လွင့်ပျံလာခဲ့သည်။

"...ပြီးရင် သူ့ရှေ့မှာ သလင်းကျောက်ကို ဖိလိုက်..."

ဟုန်ကျွင့် အံ့သြသွားပြီး "ဘာလို့လဲ?"

"ဒါက ဘုရင်ရွှမ်တူးခွမ်း ငါ့ကို အပ်နှင်းထားတဲ့ နှလုံးမီးအိမ်ပဲ" ချင်းရှူံက ပြောပြသည်။

"ဆက်ခံသူက လူ့ကမ္ဘာမှာရှိတဲ့ ချန်မိသားစုထပဲ ဖြစ်နိုင်တယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က အမှားတစ်ခုကြောင့် အသေးစား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်... နှလုံးမီးအိမ်ရဲ့ စွမ်းအားက ချန်မိသားစုထဲကို မဝင်ရောက်နိုင်ခဲ့ဘူး.....နှလုံးမီးအိမ်က သူ့သခင်ကိုတွေ့ရင် သလင်းကျောက်က ကွဲသွားပြီး နှလုံးမီးအိမ်က အဲ့လူခန္ဓာကိုယ်ထဲသို့ အလိုအလျောက် ဝင်ရောက်သွားလိမ့်မယ်"

"အဲ့သေမျိုးကောင်တွေ အသက်ရှင်နေလားဆို တာတောင် မရှင်းသေးဘူး"

ချုံမင်က လှောင်ပြောင်သည်။

"သေရင်လညခး ကိစ္စမရှိပါဘူး...ချန်မိသားစုက အမွေဆက်ခံနိုင်သရွေ့တော့ အဆင်ပြေပါတယ်" ချင်းရှူံက ဖြတ်ပြော၏။

"အတိုချုပ်ပြောရရင် ဟုန်ကျွင့် မင်း နှလုံးမီးအိမ်ရဲ့ ဆက်ခံသူကို ရှာရမယ်... သူ့အထဲမှာ အလင်းရောင်ပေး... သူနဲ့ သူငယ်ချင်းလုပ်ပါ ဒီသုံးချက်ပြီးရင် ယောင်ကျင်းနန်းတော်ဆီ ပြန်လာနိုင်ပြီ.... မင်းအဖေက မင်းကို တောင်ပေါ်ကနေ ပြန်မမောင်းထုတ်တော့ဘူး"

"ကောင်းပြီ!" ဟုန်ကျွင့်က နှလုံးမီးအိမ်ကို သေသေချာချာ ဖယ်လိုက်ပြီး။

"ကျွန်တော် ဒီသုံးချက်စလုံးကို တစ်နှစ်အတွင်း ပြီးအောင် လုပ်ပြီး အိမ်ပြန်လာခဲ့မယ်"

ချုံမင်က လှောင်ပြောင်​လေသည်။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ခုန်ရွှမ်းရဲ့ နတ်ရောင်အလင်းငါးရောင်ရှိတယ်" ချုံမင်က ဆိုသည်။

"ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုံလောက်ပြီ... မင်းလက်မှာ လူနဲ့နတ်ဆိုးတွေကို သတ်ဖို့ ဓားတစ်လက်ရှိတယ်... ဘာပြဿနာမှ မရှိဘူး... ငါမင်းကို ဆယ့်နှစ်နှစ်လောက် ကြီးပြင်းလာအောင် ကျွေးမွေးခဲ့ပြီးပြီ... မင်းဒီမေးခွန်းကို မမေးခဲ့ရင် ချင်းရှူံက ငါ့ကို ထပ်ပြီး မကြင်နာဘူးလို့ စွပ်စွဲလိမ့်မယ်... အခု မင်းသေချာ စဉ်းစားကြည့်တော့..."

ဟုန်ကျွင့် ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး ချုံမင်ကို တိုက်ရိုက် ကြည့်နေလိုက်သည်။ ချုံမင်က နောက်ဆုံးတွင် သူ့ဘက်သို့ မျက်လုံးလှည့်လာပြီး စကားတစ်ခွန်းမှ ပြန်ပြောသည်။

"ယောင်ကျင်းနန်းတော်မှာ မင်းလိုချင်တာမှန်သမျှ ရွေးလို့ရတယ်... မင်းပြောသမျှ ငါပေးမယ်"

ကောင်းကင်က အလင်းရောင်သည် ခန်းမထဲသို့ ဝင်လာသည်။ သူတို့နှစ်ဦးကြားတွင် ကောင်းကင်ပြင်က တိမ်ဖြူများဖြင့် ဖုံးလွှမ်းနေပြီး ပြာလဲ့လဲ့နေသော ကောင်းကင်ကြီးက ရေဆေးချလိုက်သလိုပင်။ အချိန်အတော် ကြာပြီးနောက် ဟုန်ကျွင့်က နောက်ဆုံးမှာ ပြောလာခဲ့သည်။

"အဖေ...ကျွန်တော် အဖေ့ကို တောင်​အောက် လိုက်ပို့ပေး​စေချင်တယ် အဆင်ပြေလား?"

ချုံမင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မတ်တပ်ရပ်ကာ ဘေးသို့ လှည့်သွားခဲ့သည်။

"မရဘူး"

သူက ဟုန်ကျွင့်ဘက် လုံးဝ ပြန်မလှည့်လာတော့ချေ။

"ကြိုက်တာရွေးလို့ ရတယ်ဆို"

ဟုန်ကျွင့်က အပြုံးဖြင့် ပြောသည်။

"ငါအ​ဖေ့ကိုရွေးမယ်"

"မရှုပ်နဲ့တော့... ဟုန်ကျွင့် ဒါက မင်းအတွက်ပဲ"

ချင်းရှူံက ဆိုရင်း ဟုန်ကျွင့်ကို ခရီးဆောင်အိတ်တစ်ခု ပေးလိုက်သည်။ ဟုန်ကျွင့်လည်း ၎င်းကို ယူ၍ သူ့နောက်ကျောပေါ် ဆွဲတင်ကာ ချုံမင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သော်လည်း ချုံမင်က သူ့ကို နောက်ပြန် မလှည့်ကြည့်လာတော့ပေ။ ထိုအစား ဘေးဘက်ရှိ လမ်းမဆီသို့ လျှောက်သွားခဲ့သည်။

ဟုန်ကျွင့်မှာ သူလျှောက်နေတာကို ရပ်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ချုံမင်က ဆို၏။

"မင်း ဘာမှပြောစရာ မရှိရင် အခု ထွက်သွားလို့ ရပြီ"

ဟုန်ကျွင့် ခဏငြိမ်ပြီး "မရှိတော့ပါဘူး" လို့ ပြောလိုက်သည်။ ထို့နောက် လှည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဘေးခန်းမှ ထွက်ခွာသွားခဲ့လေသည်။

"အဲဒီအချိန်တုန်းက ခုန်ရွှမ်းနဲ့ အတူတူပဲ"

ချင်းရှူံ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ ချုံမင် အသံသည် အကြာကြီး ပြတ်တောက်နေပြီးမှ သူ့ပခုံးများ အနည်းငယ် တုန်ခါသွားကာ ဆိုလာခဲ့သည်။

"သူက သူပဲ.... ခုန်ရွှမ်းက ခုန်ရွှမ်း... ငါ လက်လွှတ်ထားတာ နှစ်တွေကြာနေပြီ ဒါပေမဲ့ မင်း လက်မလွှတ်သေးဘူး"

ထိုစကားကြောင့် ချင်းရှူံ လန့်သွားလေသည်။

တစ်ဖက်က ဟုန်ကျွင့်သည် ခရီးဆောင်အိတ်ငယ်တစ်ခုကို သယ်ဆောင်ပြီး ထိုက်ဟန်တောင်၏ အကွေ့အကောက် လမ်းပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့စဥ် သူ့အနောက်မှ ငါးကြင်းနတ်ဆိုးတစ်ကောင် ခုန်ဆင်းကာ ပြေးလိုက်လာခဲ့သည်။

"အရှင့်သား... အရှင့်သား...."

ငါးကြင်းနတ်ဆိုးခမျာ အသက်ရှုကြပ်နေရှာလေသည်။

"ငါ့ကိုမစောင့်ဘဲ ဘာလို့ ထွက်သွားရတာလဲ"

ဟုန်ကျွင့် ရုတ်​တရက်​ လှည့်​ကြည့်​ပြီး ဒီကောင်ကို သူ​မေ့သွား​ကြောင်း သတိရလိုက်​သည်​။

"မင်းဘာလို့ဒီကို ရောက်နေတာလဲ... မြန်မြန်ပြန်သွား! အဖေက ပြောတယ်... လူသား ကမ္ဘာကြီးက အန္တရာယ်များလွန်းတယ်တဲ့"

"အရှင်ချင်းရှူံက မင်းနောက်ကို လိုက်သွားဖို့ ငါ့ကို ပြောထားတယ်"

ငါးကြင်းနတ်ဆိုးသည် ကျောက်တုံးပေါ်တွင် ထိုင်ကာ ၎င်းရဲ့ အမြီးကို ယမ်းရင်း မေးလိုက်သည်။

"ချန်အန်းက ဘယ်မှာလဲဆိုတာ မင်းသိလို့လား"

ဟုန်ကျွင်း ခေါင်းကုတ်လိုက်သည်။

"ငွေတစ်စ ဘယ်လောက် တန်ဖိုးရှိလဲသိလား"

"မြင်းဘယ်မှာဝယ်ရမလဲ သိလား"

"လူနဲ့တွေ့ရင် နှုတ်ဆက်ရမယ်ဆိုတာ မင်းသိလား? ရုပ်ရည်ပိုကောင်းတဲ့ ယောကျ်ားတွေက လိမ်ဖို့ အလားအလာ ပိုများတယ်ဆိုတာ မင်းသိလား...."

"ကောင်းပြီ ကောင်းပြီ မပြောတော့နဲ့!"

ဟုန်ကျွင်း အိတ်ကို ဘေးပစ်ချကာ ထိုင်လိုက်သည်။

ငါးကြင်းနတ်ဆိုးက "အစာမစားခင် လက်ကိုဆေးပြီး ရာသီဥတုအေးတဲ့အခါ အဝတ်ပိုဝတ်ရမယ်... နွေဦး နွေ၊ ဆောင်းဦးနဲ့ ဆောင်းဆိုတာ လူ့လောကကြီးမှာ ရှိတယ်... ယောင်ကျင်းနန်းတော်နဲ့ မတူဘူး..."

အကွာအဝေး အတွင်းရှိ တိမ်များနှင့် မြူခိုးများကြားရှိ ထိုက်ဟန်တောင်ထိပ်တွင် ငှက်ကလေးများ တေးဆိုသံနှင့် ရွှေရောင်ဘီးများသည် တိမ်ပင်လယ်နှင့် နေရောင်တို့မှ တောက်ပစွာ ထွန်းလင်း တောက်ပနေလေသည်။

ဟုန်ကျွင့်၏ နားထဲတွင် ငါးကြင်းနတ်ဆိုး၏ စကားသံတွေက သိပ်မဝင်ချေ။ သူ့အတွေးများသည် ယောင်ကျင်းနန်းတော်၌ ဆယ့်နှစ်နှစ်ကြာ နေခဲ့ရပြီး ယခုတောင်ပေါ်မှ ဆင်းလာရပြီ။ ယခင်က အနီရောင် ဖုန်မှုန့်များကို သူ တောင့်တဖူးသော်လည်း ယခု သူအိမ်မှ ထွက်သွားနေရပြီ။ ချုံမင်ကို တကယ်ပဲ နှုတ်ဆက်ချင်ပေမယ့် အရမ်းထိတ်လန့်ပြီး ခဏလောက်အထိ ဝမ်းနည်းလို့လည်း မဆုံးနိုင်ခဲ့ပါဘူး။

"ဒီသုံးချက် သုံးချက်ပြီးရင် မင်း အိမ်ပြန်လာလို့ရပြီ" ငါးကြင်းနတ်ဆိုးက နှစ်သိမ့်ရှာသည်။

"မငိုနဲ့တော့"

"ငါမငိုဘူး!" ဟုန်ကျွင့် ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ဒါဆိုလည်း သွားကြရအောင်" ငါးကြင်းနတ်ဆိုးက ဆို၏။

"တောင်ပေါ်မှာ လမ်းလျှောက်ရင် ငါ့ခြေထောက်က နာတတ်တယ်"

ဟုန်ကျွင့်မှာ ငါးကြင်းနတ်ဆိုးကို ဖမ်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ငါးကြင်းနတ်ဆိုးရဲ့ လက်တွေ ခြေတွေကို သတိရှိစွာ ပြန်ရွေ့သွားတဲ့အတွက် ဟုန်ကျွင့်လည်း ဒီအချိန်မှာ သူ့နှလုံးသားကို တောင်ထိပ်ဆီသို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ သူ့နှလုံးသားက ရှုပ်ထွေးပြီး နားမလည်နိုင်သော စိတ်ခံစားမှုများစွာဖြင့် ပြည့်နှက်နေသည်။

"သွားကြစို့" ငါးကြင်းနတ်ဆိုးက "ငါတို့ မထွက်သွားရင် မှောင်​တော့မယ်"

ဟုန်ကျွင့် : "..."

ဟုန်ကျွင့်မှာလည်း လှည့်ပတ်ပြီး တောင်လမ်းတစ်လျှောက် လျှောက်သွားဖို့ကလွဲလို့ ရွေးစရာမရှိတော့ချေ။

သုံးရက်အကြာ ယောင်ကျင်းနန်းတော်၌။

"ဘယ်လိုဖြစ်လို့ သုံးရက်သုံးည လှည့်လည်ပြီးတာတောင် ထိုက်ဟန်တောင်ထွတ်ကနေ မထွက်နိုင်သေးတာလဲ"

ချုံမင်သည် ရေကန်ဘက်ကို မျက်နှာမူကာ စိတ်မရှည်သော အကြည့်ဖြင့် ရပ်နေလေသည်။ ထိုစဥ် ရေကန်ထဲတွင် ပုံတစ်ခုပေါ်လာ၏။ ဟုန်ကျွင့်သည် စမ်းချောင်းတစ်ခုတွင် ထိုင်ကာ ရေသောက်နေပြီး ချစ်စရာကောင်းသည့် ပုံစံ​လေးနှင့် စုတ်ပြတ်သတ်နေသည်။

"ရေစိမ်း မသောက်ရဘူးလို့ ငါပြောခဲ့တယ်... မသောက်ခင် သန့်စင်ရမယ်... မဟုတ်ရင် ဝမ်းသွားလိမ့်မယ်... တောင်ပေါ်ကနေ ထွက်သွားလိုက်တာနဲ့ ဘာလို့ စည်းကမ်း မရှိ​တော့တာလဲ"

"လမ်းပျောက်နေပြီ" ချင်းရှူံက ဘေးကနေ ပြန်ဖြေသည်။

"ငါးကြင်းက အသုံးမကျဘူးလို့ မင်းကို ငါပြောခဲ့သားပဲ...! မဖြစ်ဘူး.... မင်း တောင်ပေါ်ကဆင်းပြီး သူ့ကို သွားကြည့်လိုက်"

"ငါမသွားဘူး" ချင်းရှူံက ငြင်းလေသည်။

"မင်းသွားချင်ရင် မင်းကိုယ်တိုင်သွားလို့ရတယ်"

ချုံမင် ရုတ်တရက် ပြောလိုက်တဲ့ စကားနဲ့အတူ ချင်းရှူံလည်း ရေထဲက ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး။

"လမ်းကို တွေ့လုနီးနေပါပြီ... လမ်းညာဘက်ကနေ ထွက်သွားနိုင်တယ်"

ချုံမင်နဲ့ ချင်းရှူံတို့ ရေကန်ကို အတူတူ ကြည့်လိုက်ပြန်သည်။ ဟုန်ကျွင့်သည် လမ်းဆုံတစ်ခုတွင် ရပ်နေပြီး ဘယ်ညာ တစ်လှည့်စီ ကြည့်နေသည်။

"ညာဘက်ကလမ်း! ညာဘက်ကလမ်း!"

ချုံမင်နဲ့ ချင်းရှူံတို့ နှစ်ယောက် စိုးရိမ်တကြီးနဲ့ အတူတူ တိုက်တွန်းနေကြသည်။ အဆုံးတွင် ဟုန်ကျွင်းသည် သူတို့ မျှော်လင့်ချက်များ အတိုင်း မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီးမှသာ နောက်ဆုံးတွင် နှစ်ယောက်သား သက်ပြင်းချနိုင်ခဲ့သည်။ ချင်းရှူံ ဆိုလိုက်သည်။

"အခုထွက်သွားပြီး လူ့လောကရဲ့ တရားဝင်လမ်းကို လိုက်လျှောက်တော့မယ်... နောက်တစ်လဆို ချန်အန်းကို ရောက်နိုင်မှာပါ"

ဟုန်ကျွင်းသည် နောက်ဆုံးတွင် ရေကန်အတွင်းရှိ ရေမှန်မှမြင်ရသော အစွန်အဖျားမှ ဖြည်းညှင်းစွာ ထွက်သွားခဲ့ပြီ။ ထိုက်ဟန်တောင်ထွတ်၏ နောက်ဆုံးချောက်ကြီး၏ အပြင်ဘက်တွင် သူ့ရုပ်လွှာလေးသည် နောက်ကို တစ်ချက် လှည့်ကြည့်ကာ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။