Chapter (4)

Chapter (4)

နတ်အလင်း ဝင်ရောက်သွားခြင်း

တစ်လကြာသော်

မှောင်မိုက်သောည ဖြစ်သော်လည်း လွင်ပြင်ပေါ်တွင် မိုးသည်းစွာ ရွာသွန်းနေသဖြင့် မိုးကြိုးပစ်သံများနဲ့အတူ လျှပ်စီးကြောင်းကြီးက ရံဖန်ရံခါ လင်းလက်နေသဖြင့် လွင်ပြင် တစ်ခုလုံး လင်းထိန်သွညးသည်။

"ဘယ်သွား​ရောက်သွားလဲ မသိဘူး!"

ဟုန်ကျွင့် သူ့မျက်နှာကို သုတ်လိုက်သည်။ အမှောင်ထုထဲမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ပုန်းနေသလို အငွေ့အသက်တွေက မူမမှန်ပေ။ နတ်ဆိုးတွေက နေရာတိုင်းကို ပြေးထွက်သွားသည့်အတိုင်းပင်။

"မလိုက်တော့နဲ့!"

ငါးကြင်းနတ်ဆိုးက နောက်ကလိုက်လာပြီး အော်ပြောလေသည်။

"ငါတို့ ချန်အန်းကို ရောက်ခါနီးပြီ!"

ဟုန်ကျွင့်ကလည်း ကျယ်လောင်စွာ ပြန်အော်ပြောသည်။

"တစ်ယောက်ချင်းစီကို တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးကြည့်ရမယ်!"

ဟုန်ကျွင့်သည် အရေပြားတစ်ခုလုံး စိုစွတ်နေပြီး ဆံပင်များကလည်း နဖူးတွင် ကပ်ငြိလျက် ရှိသည်။ သူသည် တစ်ဖက်က မောဟိုက်နေရင်း တစ်ဖက်ကလည်း လမ်းမပေါ်တွင် ရပ်နေသည်။ ထိုက်ဟန်တောင်ထွတ်မှ ကွမ်းလုံသို့ တစ်လအကြာ ခြေလျင်ခရီးထွက်ပြီးနောက် သူ့အဝတ်အစားများက စုတ်ပြဲသွားခဲ့ပြီ။ သူ့တစ်ကိုယ်လုံးရဲ့ တစ်ဝက်လောက်က သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး သွေးတွေဟာ မိုးရေတွေနဲ့အတူ ရွှံ့တွေထဲ စီးကျနေခဲ့သည်။

ဤအခိုက်အတန့်တွင် ချင်းချွမ်လွင်ပြင်ဟာ တဲအိမ်များ မီးလောင်နေသည့် မြင်ကွင်းများနှင့် ပြည့်နှက်နေပြီး ခေါင်းတစ်ခြမ်း ကိုက်စေသည့် ကလေးငယ်များ၏ ကြေကွဲဖွယ် အော်ငိုသံတွေ ပြည့်နေတဲ့ မြင်ကွင်းက ဟုန်ကျွင့်ခေါင်းထဲ ပြေးနေခဲ့သည်။

လွင်ပြင်ပေါ်တွင် လယ်ကွင်းများ ဖြတ်၍ လမ်းလျှောက်နေသည့် မိစ္ဆာနတ်ဆိုးများ၏ အသံကို မိုးသံများ ဖုံးလွှမ်းသွားလေသည်။ လျှပ်စီးတစ်ချက် လက်ပြီးနောက် ကမ္ဘာတစ်ခုလုံးပေါ်တွင် မိုးသည်းထန်စွာ ရွာချလာခဲ့စဥ် ဟုန်ကျွင့် လည်ပင်းတွင် ချည်နှောင်ထားသော ဆွဲသီးသည် နွေးထွေးသော အလင်းရောင်ဖြင့် အမှောင်ထဲတွင် ထွန်းတောက်နေသည်။

ဝုန်း!

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နှစ်ပေခန့် ရှည်သော မိစ္ဆာတစ်ကောင်သည် စပါးကွင်းပြင်ထဲမှ ရုတ်တရက် ခုန်ထွက်လာခဲ့လေသည်။ ၎င်း၏ ပါးစပ်ထဲတွင် ချွန်ထက်သော သွားများဖြင့် ပြည့်နေပြီး ၎င်းတွင် သွေးစွန်းနေသော မျက်လုံးငါးလုံးရှိသည်။ အိမ်တစ်လုံးစား အရွယ်အစားရှိ ငါးခူကဲ့သို့ ဖြစ်ကာ ခြေသည်းလေးချောင်း ပါရှိသည်။ ခြေလက်တွေပေါ်မှာ ချွဲကျိနေတဲ့ အရည်တွေ ဖုံးလွှမ်းထားကာ ၎င်းက ဟုန်ကျွင့်ခေါင်းကို လှမ်းကိုက်ချလိုက်သည်။

"ဒါက အသားစားငါးမိစ္ဆာပဲ!"

ငါးကြင်းနတ်ဆိုး အော်ဟစ်လိုက်သည်။ ဟုန်ကျွင့် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ့လက်တွေကို ဝေ့ယမ်းလိုက်သည်။ မီးအလင်းရောင်နဲ့ အတားအဆီးကို ခါချလိုက်စဥ် တစ်ဖက်က မိစ္ဆာမှာ အတားအဆီးပေါ် ခေါင်းနဲ့ ပြေးဆောင့် ထိမှန်သွားတာကြောင့် နာကျင်စွာ ဟောက်ကာ နောက်ပြန် ပြုတ်ကျသွားခဲ့သည်။

လျှပ်စီးတစ်ချက် လက်သွားစဥ် ဟုန်ကျွင့်သည် သူ၏လက်ချောင်းများ ကြားရှိ ဓားပျံကို လှန်လိုက်လိုက်သည်။ ဓားပျံကို ထုတ်ပြီးသည်နှင့် ခေါင်းပေါ်ရှိ မိစ္ဆာရဲ့ ပင်မမျက်လုံးဆီသို့ ပစ်ခတ်လိုက်သည်။

နတ်ဓားပျံသည် ရှေးခေတ်က အရှင်လုယာ၏ လက်ဆင့်ကမ်း ရတနာတစ်ပါး ဖြစ်ပြီး ဓားပျံသည် လေ၊ မိုးကြိုး၊ ရေနှင့် မီးဟူ၍ အဆင့်လေးဆင့် ခွဲထားသည်။ လျှပ်စီးကြောင်းတွေက ရေတံခွန်လို လျှောဆင်းသွားကာ ကောင်းကင်မှ ချက်ချင်းပင် လျှပ်စီးကြောင်းတွေ ဖြာကျလာခဲ့သည်။

မိစ္ဆာသားရဲက သူ့ခေါင်းကို လှည့်ကာ နဖူးပေါ်ရှိ မျက်လုံးတစ်ဖက်က မိုးကြိုးဓားဖြင့် အထိုးခံလိုက်ရတာကြောင့် ကန်းသွားလေရာ ချက်ချင်း ဟောက်ကာ မြေပြင်ပေါ်သို့ လူးလဲကျသွား​တော့သည်။ ထို့နောက် ၎င်းက ရွှံ့ထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်မှာတော့ လမ်းမဟာ ရွှံ့တွေနဲ့ ပြည့်လျှံသွားသည်။ ရွှံ့ရေတွေဟာ မြေပြင်မှာ လှိုင်းလုံးတွေလို ကွဲထွက်ပြီး အဝေးသို့ လွင့်စင်သွားကြသည်။ ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးကို ချက်ချင်းဖမ်းပြီး သူ့နောက်ကျောမှာ ဖိထားပြီး မြင်းပေါ်တက်ပြီး "ကျား--!" (မြင်းမောင်းသံ) ဟု အော်၍ ပြေးထွက်လာခဲ့သည်။

မုန်တိုင်းကြောင့် ချန်အန်းမြို့သည် အမှောင်ထုထဲတွင် ဖုံးလွှမ်းလျက် ရှိသည်။ မြို့ထိပ်ရှိ အရာရှိများနှင့် စစ်သည်များသည် ဝါးဦးထုပ်များ ဆောင်းကာ မိုးကာ တံစက်မြိတ်များအောက်တွင် ထိုင်လျက် ရှိ၏။ ရုတ်တရက် မိစ္ဆာများ၏ ကျယ်လောင်သော ဟောက်သံများ ထွက်ပေါ်လာသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

"အပြင်မှာ ဘာဖြစ်နေတာလဲ?!"

အမှုထမ်းအရာရှိများနှင့် စစ်သည်များ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြသည်။ ၎င်းတို့က မြို့ထိပ်တွင် စုရုံးလာကာ မြို့ပြင်ကို လှမ်းကြည့်နေကြသည်။ ထိုအခိုက် ကောင်းကင်ယံတွင် လျှပ်စီးကြောင်းတစ်ချက် လတ်သွားရာ မြို့အပြင်ဘက် လမ်းမအဆုံးတွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ရွှံ့နွံများသည် အရပ်ရပ်သို့ ပျံ့လွင့်သွားကာ မြေပြင်က ပွင့်ထွက်နေသည်။ ထိုအရာကြီးက မမြင်နိုင်သော ရထားတစ်စင်းကဲ့သို့ပင် ချန်အန်း၏ အပြင်ဘက် ဂိတ်တံခါးဆီသို့ တရားဝင်လမ်းမ​ကြီးအတိုင်း ပြေးဝင်လာခဲ့သည်။

သူ့အနောက်တွင်တော့ မြင်းကုန်းပေါ်မှ တောရိုင်းလေးလို ပြေးလာနေသော လူငယ်တစ်ဦးသည် ဒေါသတကြီး အော်ဟစ်နေ၏။

"ဘယ်ကို ပြေးမလို့လဲ--!"

"မြှားပစ်.... မြှားပစ်-!"

"ချန်အန်းမြို့တွင်း အဝင်အထွက် မလုပ်ရဘူးလို့ အမိန့်ထုတ်ထားတယ်!!"

သို့သော် သတိပေးလိုက်တာက နောက်ကျသွားပြီ။ သို့မဟုတ် မတော်တဆမှုမှာ လျင်မြန်လွန်းသည်ဟု ဆိုရမည်။ မြို့စောင့်တပ်မှူးခမျာ သူ့စကားမဆုံးမီတွင် မမြင်နိုင်သော လျှပ်စီးကြောင်းတစ်ခုလို အရာတစ်ခုထဲက မြို့တံတိုင်းဆီ ပြေးဝင်လာခဲ့လေပြီ။

"ဝုန်း"ကနဲ ဟောက်သံနှင့်အတူ အနက်ရောင်အကောင်ကြီး တစ်ကောင်သည် တံတိုင်းဘေးမှ အမြန် ခုန်တက်လာခဲ့​လေသည်။

မြို့တွင်းရှိ အရာရှိများနှင့် စစ်သည်များအားလုံး ပါးစပ်များ ဖွင့်ဟထားကာ ကြီးမားသော ခြေလေးချောင်း ငါကြီးသည် ၎င်းတို့၏နဖူးထက်မှ လျှပ်တစ်ပြက်အတွင်း လေထဲသို့ ပျံတက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းက ဆယ်ပေလောက်အထိ ခုန်ပျံကာ ကျုံးထဲရှိ ရွှံ့နှင့်ရေများကို သယ်ဆောင်သွားလေသည်။ တစ်ဆက်တည်း မျှော်စင်မှ အုတ်တံတိုင်းကို ဆွဲထုတ်သွားတာကြောင့် ကြွေပြားများ မြို့ထဲသို့ ပြုတ်ကျသွားခဲ့သည်။

မြို့စောင့်တပ်မှူး "..."

နောက်အခိုက်အတန့်တွင် ငါးကြီးသည် ချန်အန်းမြို့ထဲက မြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။ သူ့ခွန်အားကြောင့် အုတ်ခဲများ တုန်ခါကာ ကွဲအက်သွားသည်။ ငါးကြီးသည် မြေကြီးထဲ နစ်မြုပ်သွားပြီးနောက် မြေမျက်နှာပြင်ပေါ် ပြန်လည် ပြေးထွက်လာကာ လျှပ်စစ်မီးများ လွင့်ပျံလျက် မြို့၏ လမ်းမကြီးထဲသို့ ပြေးဝင်သွားခဲ့သည်။

"အား--" ဒါဇင်နဲ့ချီတဲ့ အစောင့်တွေက သတိထားမိလာတာကြောင့် ကြောက်လန့်တကြား အော်ဟစ် ပြေးလွှားကြကုန်၏။

"မလိုက်တော့နဲ့!" အသံတစ်သံက အော်လိုက်သည်။

"ဓားပျံက သူ့ကိုယ်ပေါ်မှာ ရှိနေတုန်းပဲ!" လူငယ်ရဲ့အသံက တစ်ဆက်တည်း အော်လိုက်သည်။

"ဓားပျံကို ပြန်စုပ်ယူလိုက်လေ... မင်းငတုံးလား?"

"ပြန်ယူလို့ မဖြစ်ဘူး...ဓားပျံကြောင့် သူမြေကြီးထဲကို ဖောက်မဝင်နိုင်ဘူး ဖြစ်နေတာ... ဓားပျံကို ပြန်ယူလိုက်တာနဲ့ မြေကြီးထဲကို ငုပ်လျှိုးပျောက်ကွယ်သွားလိမ့်မယ်"

ချက်ချင်းပင် ချန်အန်းမြို့ မျှော်စင်၏ တံစက်မြိတ်ပေါ်သို့ ချိတ်ကြိုးတစ်ချောင်းသည် ဝှေ့ယမ်းသံနှင့်အတူ ဆွဲချိတ်လိုက်သည်။ အလင်းတန်းများ လင်းလတ်သွားပြီး နတ်ဘုရားကဲ့သို့ သန်မာသော ရုပ်ပုံသဏ္ဍာန်တစ်ခု ခုန်တက်လာခဲ့သည်။ အစောင့်များသည် ဟုန်ကျွင့် တံစက်မြိတ်ပေါ်သို့ ခုန်တက်သွားတာကို ကြောင်အလျက် စောင့်ကြည့်နေခဲ့သည်။ ဟုန်ကျွင့်က သူ့​လက်များကို ဝေဟင်၌ဖြန့်၍ မြေပြင်သို့ ခုန်ဆင်းသွားလေ၏။

"မြန်မြန် မြန်မြန် မြန်မြန်... ယွိလင်အစောင့်တွေကို မြန်မြန်အကြောင်းကြား--!"

မျှော်စင်ပေါ်တွင်ရှိ ​မြို့စောင့်တပ်မှူးက ထိတ်လန့်စွာ အော်လိုက်သည်။

ချန်အန်း​မြို့ထဲတွင်တော့ ဟုန်ကျွင့်သည် ချိတ်ကို ထပ်မံပစ်ချလိုက်ပြီး လမ်းတစ်ဖက်တစ်ချက်ရှိ တံစက်မြိတ်များတွင် ချိတ်ကာ အရှိန်လျှော့ရင်း မြေပေါ်သို့ လှိမ့်ဆင်းသွား​လေသည်။

"ဘယ်​ရောက်သွားတာလဲ" ဟုန်ကျွင့် ဆိုလိုက်သည်။

"ငါမင်းကိုမလိုက်ဖို့ ပြောသားပဲ..."

ဟုန်ကျွင့် ငါးကြင်းနတ်ဆိုးကို သူ့နောက်က အိတ်ထဲထည့်လိုက်သည်။ ငါးကြင်းနတ်ဆိုးက မိုးရေကိုသောက်ဖို့ သူ့ပါးစပ်ကို ဖွင့်ကာ တစ်ဖန် ပါးစပ်ကို ပြန်ပိတ်လိုက်၏။

"လိုက်တောင် လိုက်လာပြီးပြီကို... မင်းက ဘာတွေ အော်နေတာလဲ?"

"အနောက်မှာ အနောက်မှာ!"

ငါးကြင်းနတ်ဆိုးက ချက်ချင်း အော်လိုက်သည်။ ဟုန်ကျွင့်ရဲ့ မျက်လုံးတွေက လမ်းကြားထဲကို လျှပ်စီးလက်သလို ဝေ့ကြည့်လိုက်လေသည်။ သူတို့နံဘေးမှာလည်း လျှပ်စီးလက်သွားတာကို တွေ့လိုက်ရသည်။

"ညကြီး ကျူးကျော်လာသူ ရှိတယ်!!"

"အရောင်တောက်နေတဲ့ကောင်... သူ့ကိုဖမ်း!"

မြင်းခွာသံများ ကြားလိုက်ရပြီး ညဘက် ကင်းလှည့်အရာရှိများနှင့် စစ်သည်များသည် မြှားမိုးသံများနှင့်အတူ ပြေးချလာကြသည်။ ငါးကြင်းနတ်ဆိုးက အော်ဟစ်ရင်း ဟုန်ကျွင့်ကို အမြန်​ပြန်​ဆုတ်​ဖို့ ​တိုက်​တွန်းလိုက်​သည်။ ထိုစဥ် ဘေးအိမ်မှ ကျယ်လောင်သော အော်ဟစ်သံများနှင့်အတူ တိတ်ဆိတ်နေသော ညဉ့်သန်းခေါင်က လူများ၏ အော်သံများဖြင့် အစားထိုး ပျောက်ကွယ်သွားခဲ့သည်။

"ဒါက ဘယ်​နေရာလဲ"

ဟုန်ကျွင့် နောက်ဆုံးတွင် တံစက်မြိတ်ကို မျှော်ကြည့်ကာ အပေါ်ကိုတက်ရန် ချိတ်ကို လှမ်းပစ်ရန် ကြိုးစားသော်လည်း သူရောက်နေတဲ့ နေရာက အနက်ရှိုင်းဆုံးသော လမ်းကြားထဲမှာ ဖြစ်နေကာ အာရုံစူးစိုက်စရာ နေရာ မတွေ့ရတော့ပေ။

"တစ်ယောက်ယောက် လာနေပြီ"

ငါးကြင်းနတ်ဆိုးက အော်ပြောလိုက်သည်။ ဟုန်ကျွင့်က ရုတ်တရက် လှည့်ကြည့်လိုက်တော့ အရာရှိတွေနဲ့ စစ်သည်တွေက သူတို့ကို လာဖမ်းနေပြီ။ ခေါင်းဆောင်က သူ့ကိုတွေ့တာနဲ့ အော်လေ၏။

"တွေ့ပြီ.... ဒီမှာ!"

ဟုန်ကျွင့်လည်း ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမဘဲ မသိ​တော့ဘဲ ဆုတ်ခွာသွားရသည်။ သူသည် မိစ္ဆာ မဟုတ်သော အပြစ်မဲ့သူများကို မသတ်နိုင်ပေ။ သို့သော် တစ်ဖက်ခြမ်းရှိ အစောင့်များသည် ကရုဏာမပြဘဲ "ဝှစ်ကနဲ" အသံဖြင့် မြှားမိုးများကို ကောင်းကင်အပြည့် လွှတ်တင်လိုက်ကြသည်။ ဟုန်ကျွင်းသည် အကာအကွယ် နတ်အလင်းရောင်ကို ချက်ချင်း လွှတ်ထုတ်လိုက်၏။ ဟစ်အော်သံများဖြင့် လေးကိုင်ထားသည့် လူတချို့လည်း အော်ဟစ်ကာ မြင်းပေါ်မှ ပစ်ကျကုန်ကြသည်။

"အဆင်ပြေရဲ့လား?"

ဟုန်ကျွင့် အနည်းငယ် ကြောက်သွားပြီး သေမျိုးလူသားကို မှားယွင်းသတ်မိမည်ကို စိုးရိမ်​နေသည်။

"မိစ္ဆာနတ်ဆိုး!" ပြတ်သားသောအသံက အော်ပြန်၏။

"သူ့ကိုဖမ်း!"

ချက်ချင်းပင် စစ်သူကြီးတစ်ဦးသည် မြေပြင်အနှံ့ မြှားမိုးရွာစေခဲ့ပြီး ဟုန်ကျွင့်ဆီသို့ ပြေးဝင်သွားခဲ့သည်။

"မတိုက်တော့နဲ့ မြန်မြန်သာ သွားတော့!" ငါးကြင်းနတ်ဆိုးက အော်လေသည်။

"ဘယ်သွား​ကြမလဲ!"

ဟုန်ကျွင့် လှည့်ကြည့်လိုက်ပြီး သူများကို နာကျင်​စေမှာ ကြောက်လို့ ဓားပျံကိုမသုံးရဲဘဲ ပါးစပ်ကပဲ အော်ပြောလိုက်သည်။

"ငါက နတ်ဆိုးမဟုတ်ဘူး!"

"မင်းက နတ်ဆိုးလေ" ငါးကြင်းနတ်ဆိုးက အော်ပြောလာ၏။

"မင်းအဖေက သွေးစစ်မှန်တဲ့ နတ်ဆိုးတစ်ကောင်လေ... မင်းကဘာလို့ နတ်ဆိုးတစ်ကောင် မဟုတ်ရတာလဲ"

ဟုန်ကျွင့် : "..."

စစ်သူ​ကြီးသည် စွမ်းအား မရှိသော်လည်း သူသည် ကိုယ်ခံပညာကို အမှန်တကယ် တတ်မြောက်ထားသူ ဖြစ်သည်။ ဟုန်ကျွင့်သည် လမ်းကြားထဲမှ အကြိမ်ပေါင်းများစွာ ထွက်ပြေးရန် ကြိုးစားသော်လည်း သူ့လမ်းကို ဓားဖြင့် အကြိမ်ကြိမ် ပိတ်ဆို့ထားနိုင်သည်။ သို့နှင့် ဟုန်ကျွင့်လည်း ရွေးချယ်စရာ မရှိတော့ အရောင်ငါးရောင်ရှိသော နတ်အလင်းကာကွယ်မှု ကိုယ်ထည်ကို ထုတ်သုံးလိုက်ရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ချက်များကလည်း အလွန်အမင်း ဆူညံ့နေခဲ့သည်။

"ငါ မင်းကို မတိုက်ချင်ဘူး!"

ဟုန်ကျွင့် ဟစ်အော်လိုက်သည်။ ခြေလှမ်းအနည်းငယ် ကြာအောင် ပတ်ပြေးပြီးနောကိ ကျဉ်းမြောင်းတဲ့ နံရံပေါ် ပြေးတက်လိုက်သည်။ သူသည် နံရံပေါ် လှမ်းတက်လိုက်ပြီး သူ့ခေါင်းနဲ့ ခြေကို လှန်ကာ စစ်သူကြီးရဲ့ ခေါင်းပေါ်မှ လွတ်မြောက်ချင်ခဲ့သည်။

မထင်မှတ်ပဲ စစ်သူကြီးသည် ရုတ်တရက် လှည့်ကြည့်ကာ သူ့ရှေ့သို့ ပြေးထွက်လာလေ၏။ သူ့ရဲ့ဓားကို ထိုးသွင်းလာသောအခါတွင် ဓားရှည်သည် ရောင်စုံအလင်းတန်းများကို ဖြတ်သွားကာ ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ် အတားအဆီးကို ဖြတ်သွားခဲ့လေသည်။

ဟုန်ကျွင့်ဟာ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားတဲ့ နတ်အလင်းရောင်ကို ဖြတ်ကျော်နိုင်တဲ့ လက်နက်တွေ ကမ္ဘာပေါ်မှာ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးပါဘူး။ သူက လေထဲတွင် ချက်ချင်းလှည့်ကာ ဘယ်လက်၊ ညာလက်ကို ခေါက်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းသည် ရုတ်တရက် နောက်သို့ ဆုတ်သွားခဲ့သည်။

တခဏချင်းမှာပဲ ကြွေကျလာတဲ့ မိုးရေစက်တွေက လေထုထဲမှာ အေးခဲသွားသလို ရေတစ်စက်ချင်းစီက ဆန်းကြယ်ပြီး ထူးထူးဆန်းဆန်း မြင်ကွင်းကို ထင်ဟပ်လာစေပါသည်။

အလင်းရောင်ထဲတွင် သူသည် စစ်သူ​​ကြီးကို ကြောက်ရွံ့ ထိတ်လန့်​နေသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း နောက်အခိုက်အတန့်တွင် စစ်သူကြီး လက်ထဲမှ ဓားသည် သူ့လည်ချောင်းကို ရုတ်ချည်း နောက်ပြန်ဆုတ်သွားစေကာ သူ့လည်ပင်းတစ်ဝိုက်ရှိ ဆွဲသီးနှင့် လည်ဆွဲတို့ကို လွင့်ပျံလာ၍ ဓားသွားနှင့် ထိပ်တိုက် တွေ့သွားစေသည်။

တစ်ဖက်လူ လက်ထဲက လက်နက်က သာမန်သံမျိုးနဲ့ လုပ်ထားတာတော့ မနိုင်ချေ။ ဟုန်ကျွင့်လည်း သူ့ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုမျိုး အတွေးတွေက ခဏလောက် ဂနာမငြိမ် ဖြစ်သွားစဥ် ဓားက လည်ဆွဲနဲ့ ဆွဲသီးကို ချိုးဖျက်လိုက်လေပြီ။ သလင်းကျောက်ဆွဲသီးသည် ဖြောင်းကနဲ ပေါက်ကွဲသံဖြင့် ကွဲအက်သွားပြီး အလင်းမှုန်လို တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မုန်တိုင်းအောက်မှာ ချန်အန်းမြို့ထဲ၌ အဖြူရောင် အလင်းတန်းကြီး အရှိန်ပြင်းပြင်းဖြင့် ဝင်လာကာ ထန်မင်းဆက်ရဲ့ ခမ်းနားလှတဲ့ မြို့တော်ကြီးကို နေ့အလင်းရောင်လို လင်းလက် တောက်ပသွားစေခဲ့၏။

ထိုတောက်ပသော အလင်းရောင်သည် ချက်ချ​င်း ပျောက်ကွယ်သွားပြီး လေလှိုင်းများက ဟုန်ကျွင့်တို့ကို တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ဟုန်ကျွင့်လည်း လေစီးကြောင်းကြောင့် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

ထိုအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းသံမှလွဲ၍ ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ ဟုန်ကျွင့် ခက်ခက်ခဲခဲ ပြန်ထပြီး မျက်လုံးထဲက ရေတွေကို သုတ်ပစ်လိုက်သည်။ သူ့လည်ပင်းကို မသိစိတ်အလျောက် ထိမိလိုက်စဥ် ချက်ချင်းဆိုသလို လျှပ်စီးလက်သွားသလို ခံစားလိုက်ရတော့သည်။

ဆွဲသီးရော! ကျိုးသွား​ပြီလား?

ကျိုးသွား​ပြီလား? !

ကျိုး! ! !

ဟုန်ကျွင့်သည် မြေပြင်ပေါ်တွင် ညည်းတွားနေသော အရာရှိများနှင့် စစ်သည်များကို လှည့်ကြည့်လိုက်ပြီးနောက် သူ့ရှေ့မှ စစ်သူကြီးကို ကြည့်လိုက်ရာ ထိုစစ်သူကြီးသည် မလှုပ်မယှက်ဖြစ်ကာ မေ့မြောသွားခဲ့ပြီ ဖြစ်သည်။

"အဆင်​​ပြေရဲ့လား!" ဟုန်ကျွင့် စိုးရိမ်​တကြီးနဲ့ မေးလိုက်သည်။

"ထဦး!! ငါ့နှလုံးမီးအိမ် ဘယ်​​ရောက်​သွားတာလဲ!"

စစ်သူကြီးသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် သံချပ်ကာဦးထုပ်ကို ဝတ်ဆင်ထားပြီး တုန်ခါမှုအား ပြင်းပြင်းကြောင့် သူလည်းပဲ သတိလစ်သွားပုံပင်။ ဖရိုဖရဲ အော်သံများ၊ ဆူညံသံများနှင့် လမ်းပြင်ကနေ အမျိုးသမီးအော်သံတွေပါ ထွက်လာသည်။

သွားပြီ။ ဟုန်ကျွင့် အတွေးတွေ ယောက်ယက်ခတ်သွားသည်။ ဆွဲသီးက ပျောက်သွားပြီ။ ဘယ်လိုလုပ်ရမလဲ။ မဟုတ်ဘူး။ သူ စိတ်အေးအေး ထားရမယ်။ သူ့ဆွဲသီးက သေချာပေါက် ဒီလူ့ဆီမှာ ရှိနေလိမ့်မယ်

ဟုန်ကျွင့်သည် စစ်သူကြီးကို ဆွဲထုတ်ရန် အစွမ်းကုန် ကြိုးစားသော်လည်း သံချပ်ကာသည် အလေးချိန် ကီလိုဂရမ် နှစ်ရာနီးပါး အလေးချိန်ရှိသဖြင့် လူကို မမနိုင်ပေ။ ထို့ကြောင့် သူသည် ၎င်းကို ဆက်တိုက် ဆိုသလို စုတ်ဖြဲကာ ချပ်ဝတ်တန်ဆာ အားလုံးကို ​ဖြုတ်ချပစ်လိုက်သည်။ ရှိသမျှအားနှင့် ထိုစစ်သူကြီးကို ထမ်း၍ လမ်း၏ အနက်ဆုံးအရပ်သို့ မျှော်ကြည့်လိုက်၏။

လမ်း၏အဆုံးတွင် တစ်ပေနီးပါးမြင့်သော တံတိုင်းတစ်ခု ရှိနေသည်။ အဘယ်အရပ်သို့ ဦးတည်သွားသလဲ မသိရသေးသော်လည်း စစ်သူကြီးကို ဦးစွာဆွဲထုတ်လိုက်သည်။ ထိုအခါမှ ထိုလူသည် အရပ်ကိုးပေလောက် ရှိနေတာ တွေ့လိုက်ရသည်။ သူ့ကို နံရံတစ်ဖက်သို့ ဆွဲခေါ်လိုက်သည့် အခိုက်တွင် ဟုန်ကျွင့်တစ်ယောက် မောပန်းနွမ်းနယ်နေပြီ။ သူသည် နံရံပေါ် ခုန်တက်လိုက်ကာ စစ်သူကြီး၏ ခါးတွင် ချိတ်ကို ချိတ်ဆွဲကာ သူ့ကို ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။

နံရံနောက်ကွယ်တွင် ပန်းအိုးများ မှောက်လျက် ရှိသော ဥယျာဉ်တစ်ခုရှိသည်။ ဟုန်ကျွင့်သည် နံရံအနောက်ဘက်တွင် သူ့ကို လိုက်ရှာနေသည့် စစ်သည်တွေရဲ့ အသံကို ကြားလိုက်ရတာကြောင့် သတိလစ်နေသော စစ်သူ​​ကြီးရဲ့ လက်ကို အမြန်ဆွဲကာ ခြံရှေ့မှ ဆွဲထုတ်လိုက်သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်က လင်းထိန်နေပြီး ကောင်းကင်တွင်တော့ မိုးဖွဲဖွဲ ရွာနေသေး၏။ ဟုန်ကျွင့်သည် ခြံထဲမှ ထွက်လာသောအခါတွင် ဝင်္ကပါလမ်းများနှင့် လမ်းသွယ်များကို နေရာတိုင်းတွင် တွေ့​နေရသည်။ လမ်းထောင့်တစ်ဖက်ကို လှည့်ပြီးနောက် သူ ချက်ချင်း အံသြသွားရသည်။

ထိုအချိန်တွင် ထန်မင်းဆက်ရှိ ချန်အန်းမြို့ဟာ အပြင်ဘက်တံခါး ၁၂ ပေါက်နှင့် အတွင်းတံခါး ၁၁၀ ပါရှိပြီး ၎င်းကို ဆရာကြီးယွီဝမ်ခိုင် ကိုယ်တိုင် ဒီဇိုင်းထုတ်ထားလေသည်။ ဟုန်ကျွင့်သည် လမ်းတစ်လျှောက်တွင် ရွာများစွာကို ဖြတ်သန်းခဲ့ရသော်လည်း ယခုလို မြို့တော်ကြီးကို မရောက်ဖူး​သေးပေ။ ထို့ကြောင့် ဘယ်ကိုသွားမှန်းတောင် မသိဘဲ ဖြစ်နေ၏။

"ဟေး ကျောက်ကျစ်လုံ ကျောက်ကျစ်လုံ!!"

ဟုန်ကျွင့်သည် သူ့နောက်မှ နှစ်ပေါင်မျှသာရှိသော ငါးကြင်းနတ်ဆိုးကို ပြန်ကြည့်လိုက်သည်။ ငါးကြင်းနတ်ဆိုး၏ မျက်လုံးများ ပြူလာကာ ပါးစပ်က ပွင့်နေသော်လည်း အချိန်အတော်ကြာတဲ့အထိ မလှုပ်ရှားလာပေ။ ဟုန်ကျွင့်လည်း သူလွင့်သွားစဥ် ငါးရဲ့ခေါင်းကို ထိသွားလို့ သတိလစ်သွားခဲ့တာ ဖြစ်မယ်လို့ တွေးလိုက်သည်။

"မြန်မြန်ထတော့!"

ဟုန်ကျွင့်မှာ ကူကယ်ရာမဲ့ ဖြစ်နေပေမယ့် သူ ဒီလူကို ထားခဲ့ပြီး ဘယ်ကိုမှ ပြေးမသွားနိုင်ခဲ့ပါဘူး။

ဟိုအဝေးက အစောင့်တစ်ယောက်က ဖြတ်သွားတာကြောင့် ဟုန်ကျွင့်လည်း အသံမထွက်ရဲတော့ပေ။ ထိုစဥ် သူ့အရှေ့ လမ်းကြားထဲမှာ ရုတ်တရက် တံခါးသေးသေးလေး ပွင့်လာတာကို တွေ့လိုက်ရသည်။ အမျိုးသမီး တစ်ယောက်က ခိုးခိုးခစ်ခစ် ရယ်လျက် အမျိုးသားတစ်ဦးကို လိုက်ပါ ပို့ဆောင်ပေးနေ၏။ သူတို့က ခဏမျှ ကျီစယ်ကြပြီးတဲ့အခါ အမျိုးသားက မြင်းပေါ်တက်ကာ ထွက်သွားခဲ့သည်။

ဟုန်ကျွင့်လည်း ထိုလူကို ဆွဲလျက် အမှောင်ထဲတွင် ခဏကြာအောင် ပုန်းအောင်းနေလိုက်သည်။ သူ့အနောက်မှ မြင်းခွာသံကို အဆက်မပြတ် ကြားနေရပြီး ရှာဖွေရေးအစောင့်များ နီးကပ်လာတာ​ကြောင့် အခြားရွေးချယ်စရာ မရှိတော့ရာ ပွင့်​နေရာ ပြတင်း​ပေါက် တံခါးဆီသို့ ပြေးထွက်သွားခဲ့ရသည်။