တရွှမ်နိုင်ငံအတွင်းရှိ ချူပြည်နယ်နှင့် ရေကြည်မြို့ကြားတွင် ရစ်ခွေတည်ရှိနေသည့် ဝေးလံခေါင်းပါးသောတောကြီးမျက်မဲထဲတွင် ပိန်ပါးပြီး အားအင်ချည့်နှဲ့နေသော ပုံရိပ်လေးတစ်ခုသည် ထူထဲသောပင်စည်တစ်ခုကို မှီနေပါတယ်။ သူ့ခြေထောက်နှစ်ဖက်စလုံးကိုလည်း သက်တောင့်သက်သာဖြန့်ကားထားပါတယ်။
ဒီပုံရိပ်လေးရဲ့ပိုင်ရှင်ကတော့ အသက်၁၃/၁၄နှစ်လောက်ပဲရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
ပုံမှန်မဟုတ်ဘဲ ဖြူဖျော့နေတဲ့မျက်နှာကလွဲလို့ ကောင်လေးက အတော့်ကို သာမန်ဆန်တဲ့အသွင်အပြင်ရှိပါတယ်။ အ၀တ်တွေက လျော့တိလျော့ရဲဖြစ်နေပြီး တောက်ပနေတဲ့စတီးဓါးတစ်ချောင်းကို သူ့ဘေးမှာဖြစ်သလို ပစ်ချထားပါတယ်။
ဓါးဟာတောက်ပနေပေမယ့် ခြောက်ကပ်ပြီး အနက်ရောင်ပြောင်းနေတဲ့သွေးစက်တွေနဲ့ စွန်းထင်းနေပါတယ်။ သွေးတိတ်အောင် ဖြစ်ကတက်ဆန်းအ၀တ်စတစ်ခုကိုလည်း ပခုံးမှာအကြိမ်များစွာ ချည်တုပ်ထားပါတယ်။
ကြပ်နေအောင်စည်းထားပေမယ့်လက်ဆက်တဲ့သွေးတွေက ယိုစီးကျနေပါတယ်။
မျက်လုံးများကိုပိတ်ထားပြီး အိပ်ပျော်နေသကဲ့သို့ ကောင်လေးက မလှုပ်မရှပ်နဲ့ပင်စည်ကြီးကိုမှီထားပါတယ်။
ရုတ်တရက် `ရှပ်..ရှပ်´ဆိုတဲ့ အသံတိုးတိုးလေးက တောနက်ထဲကနေထွက်ပေါ်လာပါတယ်။ တစ်စုံတစ်ခုက ကောင်လေးဆီကို အလျှင်အမြန်ချည်းကပ်လာပါတယ်။
ကောင်းလေးကမျက်လုံးတွေဖွင့်ကြည့်လိုက်တာနဲ့ သူ့ခြေချောင်းတွေကအလိုလို ဘေးဖက်ကို ဆက်ခနဲရွေ့သွားအောင် ခုန်အုပ်လိုက်ပါတယ်။
``ဘန်း´´
စတီးဓါးနဲ့ ပစ်ပေါက်ခံလိုက်ရပြီး ဓါးကလူငယ်လေးရဲ့ လက်ဖ၀ါးထဲမှာ အံကိုက်နေရာယူထားပါတယ်။ ကောင်လေးက အသံလာရာကိုလှမ်းကြည့်လိုက်ပြီး အနည်းငယ်မျှတုန့်ဆိုင်းမနေဘဲ နောက်ထပ်ဦးတည်ရာတစ်ခုကို ခုန်လွှားလိုက်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ တောနက်ထဲကို တိုး၀င်ပျောက်ကွယ်သွားပါတယ်။
တစ်ခဏကြာပြီးနောက် သံချပ်ကာအနက်၀တ်စစ်သားတွေဟာ ကြမ်းတမ်းတဲ့ တိုက်ပွဲ၀င်ပုံစံအတိုင်းချီတက်လာပြီး တောအုပ်ထဲကနေထွက်ပေါ်လာပါတယ်။
တပ်သား၂၀လောက်ပဲရှိပေမယ့် အဖွဲ့ထဲက တပ်သားတစ်ယောက်ချင်းစီဟာ အရပ်ရှည်၊ ကြံ့ခိုင်သံမာပြီး တပ်သားဟောင်းကြီးတွေလိုမျိုးလိုက်ဖက်တဲ့ပုံစံ
ရှိပါတယ်။ သူတို့က သွေးထွက်သံယိုတွေနဲ့ အသားကျနေတဲ့စစ်သားတွေဆိုတာ ပေါ်လွင်နေပါတယ်။
တပ်သားတွေက သစ်တောရဲ့ အခြားတစ်ဖက်ကနေထွက်လာပါတယ်။
သူတို့ထဲက တစ်ယောက်ကတိုးတိုးတိတ်တိတ်အမိန့်ပေးပြီးတဲ့နောက်မှာတော့ တစ်ယောက်စီက ကိုယ့်နေရာမှာကိုယ် ဖြောင့်တန်းနေအောင်ရပ်နေကြပါတယ်။
တစ်ချိန်ထဲမှာပဲ တပ်သားငယ်လေးတစ်ယောက်ဟာ အလောတကြီးရှေ့တက်လာပြီး စောဏက လူငယ်လေးနားနေခဲ့တဲ့နေရာမှာ ထိုင်ချလိုက်ပါတယ်။ အဲဒီနေရာမှာပဲ သူ့လက်တွေနဲ့လျှင်မြန်စွာတူးဆွကြည့်လိုက်ပြီး မကြာခင်မတ်ထပ်ထရပ်လိုက်ပါတယ်။
``ဗိုလ်ကြီး၀မ် ၀ရမ်းပြေးက မကြာသေးခင်ကမှ ထွက်သွားတာပါ။ အခုချက်ချင်းလိုက်သွားမယ်ဆိုရင် သူ့ကိုဖမ်းမိနိုင်ပါတယ်။´´ တပ်သားက သူတို့အုပ်စုထဲက အနက်ရောင်ခေါင်းဆောင်းဆောင်းမထားတဲ့ တစ်ဦးတည်းသောထိပ်ပြောင်ကြီးကို သတင်းပို့လိုက်ပါတယ်။
တပ်သားအားလုံးက အရပ်ရှည်ကြတယ်ဆိုပေမယ့် သူတို့ဘေးက ဘီလူးကြီးနှစ်ကောင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အတော်လေးပုသွားပါတယ်။ သူတို့က လူကြီးတစ်ယောက်ရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကလေးတွေလိုပါပဲ။
``ဟမ့်! သူ့ကို လိုက်ဖမ်းစရာမလိုဘူး။ ငါတို့က မြို့နားတစ်၀ိုက်ကို စောင့်ကြပ်ထားပြီးပြီ။ အဲ့ကောင်စုတ်လေး ဘယ်လောက်ဥာဏ်များများ သူလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီဘက်မှာ စစ်သူကြိီး စီတုက စောင့်ကြပ်နေတာကြာပြီ ။အခု ငါတို့လုပ်ရာမှာက ငါတို့လမ်းကြောင်းအတိုင်း အဲ့ဒီကောင်လေးအရင်ရောက်နှင့်ဖို့ပဲ။ ´´ လူ့ဘီလူးကြီးက ကောင်းလေးလွတ်မြောက်သွားတဲ့ဘက်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ်။
``ဆရာ ဒါကနိုင်ငံတော်က ဖမ်းဆီးခိုင်းထားတဲ့ ပြစ်မှုကြီးလေ။ သူ့ကိုဖမ်းနိုင်ရင် ကျွန်တော်တို့တော်တဲ့အကြောင်း သတ်သေပြပြီးသလိုဖြစ်သွားမှာပဲ။ ကျွန်တော်တို့ ဆုကို စစ်သူကြီးစီတုကိုပေးမလို့လား?´´ သံချပ်ကာ၀တ်တပ်သားတစ်ယောက်က အနည်းငယ် တုန့်ဆိုင်းသွားပြီး မေးမြန်းလိုက်ပါတယ်။
``တော်တဲ့အကြောင်းလား?။ ပြသနာမရှိဘူး။ စစ်သူကြီးစီတုက ငါတို့ဆုကို ရမလား မရဘူးလားဆိုတာ ၀ရမ်းပြေးကို ဖမ်းဖို့စွမ်းအားရှိ/မရှိအပေါ်ဘဲ မူတည်တယ်။ ဘာပဲဖြစ်ဖြစ် ခပ်ဖြည်းဖြည်းလေးသွားကြတာပေါ့။ သူတို့နှစ်ယောက်စလုံးပင်ပန်းနေတဲ့အချိန်စောင့်ဖမ်းလို့ရအောင်..´´လူ့ဘီလူကြီးက သူ့ထိပ်ပြောင်ကြီးကို ပွတ်ရင်း ခံစားချက်မဲ့စွာ ပြောလိုက်ပါတယ်။
``ဒါက ဘာကိုဆိုလိုတာလဲ?။ စစ်သူကြီးစီတုက ကျွန်တော်တို့ထက် လူအင်အားပိုများတယ်မလား? အဲ့ဒီကောင်လေးက တိုက်ကွက်အချို့သိတယ်ဆိုရင်တောင် စစ်သူကြီးစီတုကို ရင်ဆိုင်နိုင်ဖို့ ဖြစ်နိုင်ပါမလား? ´´ အံ့အားသင့်စွာနဲ့ တပ်သားလေးက သူ့ရဲ့အထက်ကအမိန့်ပေးနေတဲ့ အရာရှိကြည့်လိုက်ပါတယ်။
``ယုရှင်း၊ မင်းငါ့ဘေးမှာနေလာတာ အခုဆိုရင် အချိန်တချို့ကြာသွားပြီ။ မင်းက အတော်လေးသန်မာမယ်ဆိုတာ ငါပြောရဲတယ်။ ဒါပေမယ့် အစိုးရကမင်းကို အလိုရှိနေတယ်ဆိုရင် မင်းကလုံလုံခြုံခြုံနဲ့ လွတ်မြောက်ဖို့ ဘာကိုရင်ဆိုင်ရမယ်လို့ထင်လဲ? ´´ လူ့ဘီလူးကြီးက တပ်သားငယ်လေးကို တိုက်ရိုက်ပြန်မဖြေဘဲ နက်နဲတဲ့မေးခွန်းတစ်ခုနဲ့ပြန်ဖြေလိုက်ပါတယ်။
[ယုရှင်းသည် အရေးမပါပါဘူး။ဒါ့ကြောင့် မှတ်သားထားရန်မလိုပါ။]
``စုံစမ်းစစ်ဆေးရေးမှူးသမားတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင် ကျုပ်အတွက်က ၇ယောက်၈ယောက်လောက်ကို ပြသနာမရှိဘဲ ကိုယ်တွယ်နိုင်တယ်။ ဒါပေမယ့် ၁၀ယောက်ကျော်သွားရင်တော့ ကျွန်တော့အတွက် ပြသနာစလာပြီပဲ´´ တပ်သားငယ်လေးက ဘာကိုဦးတည်မှန်းမသိပေမယ့် မေးခွန်းကိုဖြေလိုက်ပါတယ်။
``၇ယောက်၈ယောက်လား...ဟမ့်၊ အဲ့ဒီကောင်လေးအတွက် ဖမ်း၀ရမ်းထုတ်တယ်ဆိုကတည်းက သူ့ကိုဖမ်းဖို့ကြိုးစားရင်းသေသွားတဲ့ စုံစမ်းစစ်ဆေးရေးတွေက အဲ့ဒီအသုံးမကျတဲ့ပမာဏရဲ့ ဆယ်ဆလောက်ရှိတယ်ကွ။´´ လူ့ဘီလူကြီးက ဟိန်းနေအောင်ရယ်မောလိုက်ရင်း ဘာလို့ဒီမေးခွန်းကိုမေးရတယ်ဆိုတာကို အေးစက်စွာရှင်းပြလိုက်ပါတယ်။
``စုံစမ်းစစ်ဆေးရေးမှူးတွေအားလုံးကို အထူးကျွမ်းကျင်သူတွေက လေ့ကျင့်ပေးထားတာပဲ။ ငါတို့လိုကျားနက်စစ်သည်တွေနဲ့ မယှဥ်နိုင်ပေမယ့် သာမန်လူတွေထက်တော့ အပုံကြီးသာတယ်´´ တပ်သားလေးရဲ့ မျက်နှာက မယုံနိုင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ဒီလူငယ်လေးက ဘာ့ကြောင့်အဲ့လောက်သန်မာနေရတယ်ဆိုတာ သူလုံး၀နားမလည်နိုင်ပါဘူး။
``ဒီလူငယ်လေးက ဘာမှမထူးခြားတဲ့ ကြမ်းတမ်းရက်စက်ခြင်းကျွန်းက လွတ်မြောက်လာတာပဲ။ ကျွန်းကို အရက်ဆက်ဆုံးလူတွေအတွက် ထောင်အဖြစ်ဒီဇိုင်းရေးဆွဲခဲ့တယ်။ အဲ့ဒီမှာလှောင်ပိတ်ခံထားရတဲ့လူတစ်ဦးချင်းစီမှာ ကြီးမားတဲ့အစွမ်းအစနဲ့ခွန်အားတွေရှိတယ်။ သူတို့ကို ဘယ်တော့မှ အထင်မသေးလိုက်နဲ့။ ´´ ဘီလူကြီးကအေးစက်စွာ ဖော်ထုတ်ပြလိုက်ပါတယ်။
``ဘာ!!! သူက ရက်စက်ခြင်းကျွန်းက လွတ်မြောက်လာတာလား? ´´
တပ်သားငယ်လေးက အသက်ရှူရပ်တန့်သွားပြီး ရုတ်တရပ် တခြားအတွေး၀င်ရောက်လာကြောင့် သူက အလျင်စလို မေးမြန်းလိုက်ပါတယ်။
``ဆရာ၊ ကျွန်တော်ကြားထားတာက ရက်စက်ကြမ်းကြုပ်ခြင်း ကျွန်းက ညတွင်းချင်း နစ်မြှပ်သွားတယ်ဆို ပြီးတော့ ထောင်သားတွေအားလုံး ကျွန်းနဲ့အတူ နစ်မြှပ်သွားတယ်ဆိုပြီးပြောခဲ့တယ်မလား? နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပင်လယ်သေကလည်း ကျွန်းကို၀န်းရံထားတယ်။ ရင်းတိုက်သားနဲ့ အထူးပြုလုပ်ထားတဲ့ လှေတွေတောင်အထဲကိုရေမ၀င်အောင်တားဆီးနိုင်မှရမယ်။ ဘယ်အရာကမှ ပေါလောပေါ်နေအောင် မစွမ်းဆောင်နိုင်ဘူး။´´
``အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးငါကိုယ်တိုင်လည်း မသေချာဘူး။ ဒါပေမယ့် အဲ့ဒီလူငယ်လေးအပြင် အနည်းဆုံးလူဆယ်ယောက်လောက် ပင်လယ်သေကနေ လွတ်မြောက်ခဲ့တယ်။ ငါတို့သာ သတင်းအချက်အလက် စစ်ဆေးရင်းနဲ့ လွတ်မြောက်သူတွေထဲက တစ်ယောက်ကို မတော်တဆရှာမတွေ့ခဲ့ဘူးဆိုရင် ရုံးတော်ကတောင် ဒီအကြောင်းကို လုံး၀မသိလောက်ဘူး။ ဒါ့ကြောင့်ကျားနက်အစောင့်အရှောက်တွေက ဒီနေရာ(သို့)တခြားနေရာတွေကို ကင်းလှည့်ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ငါတို့ဖမ်းရမယ့် လွတ်မြောက်ရာဇ၀တ်ကောင်ကအားအနည်းဆုံးပဲလေ။ ငါတို့လုပ်ရမှာက ရှေ့ဆက်ပြီး အဲ့ကောင်ကိုတွေ့အောင်ရှာဖို့ပဲ။ ငါတို့နဲ့တွေ့တာနဲ့ အဲ့ကောင်သေပြီပဲ ။´´ ခေါင်းစောင်းပြရင်းနဲ့ လူ့ဘီလူးကြီးက သူ့နောက်က အနက်ရောင်လှံတံကို ပုတ်ပြလိုက်ပါတယ်။
``ဟုတ်တာပေါ့!ဆရာက ပြည်နယ်တစ်ခုလုံးရဲ့ ထိပ်ဆုံးအယောက်တစ်ရာထဲမှာပါတယ်ဆိုတာ ဘယ်သူက မသိဘဲနေမှာလဲ ´´
တပ်သားငယ်လေးက သူ့မျက်နှာပေါ်မှာ လေးစားတဲ့အမူအရာတွေနဲ့ လူ့ဘီလူးကြီးကို မြှောက်ပင့်လိုက်ပါတယ်။
``ငါ့ကို မြှောက်နေတာရပ်စမ်း။ ငါတို့သွားသင့်ပြီ´´ သူ့လက်ကို ဝေ့ရမ်းလိုက်
ရင်း တပ်သားတွေကိုထွက်ခွာဖို့ လူ့ဘီလူးကြီးက ရှင်းရှင်းလင်းလင်း အမိန့်ပေးလိုက်ပါတယ်။
တပ်သားငယ်လေးက နှုတ်ဆက်ပြီး တခြားလူတွေကြားက သူ့နေရာသူပြန်လာခဲ့ပါတယ်။
တပ်သားတွေဟာ ချက်ချင်းဘဲ သူ့အစီအစဥ်အတိုင်း နေရာယူကြပြီး တောအုပ်ထဲကို လျင်မြန်စွာ ၀င်ရောက်ပျောက်ကွယ်သွားပါတယ်။
လက်ဖက်ရည်တစ်ခွက်စာကြာပြီးနောက် တပ်သားတွေဟာ တောအုပ်ထဲက ထွက်လာပြီး သေးငယ်ပေမယ့် ကျယ်၀န်းတဲ့ မျက်ခင်းပြင်ပေါ်ကို ရောက်ရှိလာပါတယ်။ သူတို့ကို ဆီးကြိုနေတဲ့မြင်ကွင်းကြောင့် တပ်သားတွေအားလုံး တုန်လှုပ်ကုန်ပါတယ်။ မူလက သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းနေတဲ့ နေရာတစ်ခုဟာ အခုတော့ သွေးချင်းနီနေပါပြီ။ သွေးတွေရဲ့ အလယ်မှာတော့
တူညီတဲ့ အနက်ရောင်သံချပ်ကာကို၀တ်ထားတဲ့တပ်သားတွေရဲ့ အလောင်းက မြေပြင်ပေါ်မှာ ပြန့်ကျဲနေပါတယ်။
သူတို့တစ်ဦးချင်းစီရဲ့ မျက်နှာပေါ်မှာ သူတို့မသေခင် အမှန်တကယ်သေလောက်အောင် ကြောက်ဖို့ကောင်းတဲ့ အရာကိုတွေ့လိုက်ရတဲ့အလား ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမူအရာတွေ ကျန်ရစ်ခဲ့ပါတယ်။
အလောင်းတစ်ခုစီရဲ့ လည်ပင်းတိုင်းမှာ သွေးတွေစီးကျနေတဲ့ လက်မအရွယ်အပေါက်လေးတွေကိုတွေ့ရပါတယ်။
``အားလုံးပေါင်းလိုက်ရင် အလောင်း၃၀ရှိတယ်။ သူ့တို့တစ်ဦးချင်းဆီကလည်း စစ်သူကြီးစီတု လက်အောက်ကပဲ။ ကြည့်ရတာ အားလုံးစုနေတဲ့ပုံပေါ်တယ်။ ဒါပေမယ့် စစ်သူကြီးစီတုရဲ့ အလောင်းက ဒီထဲမှာမရှိဘူး။´´
ယုရှင်းလို့ခေါ်တဲ့ တပ်သားငယ်လေးက အလောင်းတွေကို လျှင်မြန်စွာ ကြည့်ရှုစစ်ဆေးပြီးတဲ့နောက် ဖြူဖျော့ပြီး အနှောင့်အယှက်ဖြစ်နေတဲ့မျက်နှာနဲ့ သတင်းပို့လိုက်ပါတယ်။
သတင်းကိုကြားရတာနဲ့ လူ့ဘီလူကြီးရဲ့ မျက်နှာက မဲမှောင်သွားပါတယ်။ မြက်ခင်းပြင်ရဲ့ အခြားတစ်ဖက်ကို လှည့်ကြည့်ရင်းနဲ့ တစ်စုံတစ်ခုက သူ့မျက်လုံးကို ဖမ်းစားသွားပြီး အဲ့ဒီဘက်ကို အလျင်အမြန်လမ်းလျှေက်သွားလိုက်ပါတယ်။
တုံ့ဆိုင်းမှုမရှိဘဲ တပ်သားတွေလည်း သူြနောက်ကို လိုက်လာကြပါတယ်။
ဒါပေမယ့် သူတို့ကိုယ်သူတို့ စောင့်ကြပ်နေကြပြီး အရင်ကထက် ပိုပြီးသတိထားနေကြပါတယ်။
လူ့ဘီလူကြီးက လျှပ်စီးလက်သလို အလျင်နဲ့ ချည်းကပ်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်တဲ့ အခါမှာတော့ သူ့မျက်နှာမှာ ဒေါသတွေ ပူဆွေး၀မ်းနည်းမှုတွေနဲ့ ရောယှက်နေပါတယ်။
သစ်ပင်အောက်မှာတော့ အနက်ရောင်သံချပ်ကာ၀တ်လူကြီးတစ်ယောက်ရဲ့ ညှိုးနွမ်းနေတဲ့ ခန္ဓာကိုယ်ဟာ စတီးဓါးတစ်ချောင်းနဲ့ သူ့လည်ပင်းကိုထိုးဖောက်ပြီး သစ်ပင်မှာအစိုက်ခံထားရပါတယ်။သစ်ပင်အနားက မြေကြီးပေါ်မှာ ငွေရောင်ဖျော့တော့နေတဲ့ ဓါးရှည်တစ်လက်ဟာ ကြွင်းကျန်ရစ်ခဲ့ပါတယ်။
သက်လတ်ပိုင်းအရွယ်လူကြီးရဲ့ ခိုင်မြဲတဲ့ လက်ထဲမှာတော့ ဓါးရဲ့အသွားကို ဖမ်းဆုပ်ထားပါတယ်။
လက်ချောင်း တစ်ချောင်းစီတိုင်းမှာ ပြတ်ရှများစွာရှိနေပြီး အသက်ရှူရပ်သွားတာ အတော်လေးကြာနေတာတောင်မှ သူ့မျက်လုံးတွေက ရှေ့တည့်တည့်ကို စိုက်ကြည့်နေတုန်းပါပဲ။
..........
လျှို့မင်က တောထဲမှာ အချိန်အတော်ကြာခုန်ပေါက်ပြေးလွှားနေပြီး သူခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေပါတယ်။ တိုက်ပွဲကနေနောက်ထပ်ရခဲ့တဲ့ ငွေရောင်ဓါးဟာ သူ့လက်ထဲကနေ လေးသထက်လေးလံလာပါတယ်။
သူဟာ ငါးနှစ်ခြောက်နှစ်လောက် ဓါးပညာကို ကိုယ်တိုင်လေ့ကျင့်ခဲ့တာဖြစ်ပြီး သူ့ကို စောင့်ကြည့်နေတဲ့ တပ်သားတွေအားလုံးကို သတ်ပစ်နိုင်ခဲ့ပါတယ်။
တပ်သားတွေအားလုံးရဲ့ ရက်စက်ကြမ်းကြုပ်မှုက သူမျှော်လင့်ထားတာထက်ကျော်လွန်နေပါတယ်။ တပ်သားတွေ အားလုံးကို ပြေးရင်းလွှားရင်းနဲ့ သတ်ပစ်ခဲ့တာတောင်မှ တပ်သားတွေရဲ့ခေါင်းဆောင်က သူ့ဘ၀ကို အဆုံးရှုံးခံပြီး အကြောက်အရွံမရှိ သူ့ကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါ့ကြောင့် သူက ရက်စက်ခြင်းကျွန်းပေါ်မှာ သင်ကြားခဲ့တဲ့ လျို့၀ှက်နည်းစနစ်ကိုထုတ်သုံးဖို့ တွန်းအားပေးခံခဲ့ရပါတယ်။ ဒီနည်းစနစ်က သူ့ရဲ့အလားအလာကို လောင်ကျွမ်းစေပြီး ဒဏ်ရာအဟောင်းတွေကို ပြန်ပွင့်ထွက်စေပါတယ်။ လျို့၀ှက်နည်းစနစ်ကို အသုံးပြုခဲ့တာတောင် သူကအဲ့ဒီခေါင်းဆောင်ကို သတ်နိုင်ရုံပဲ ရှိပါတယ်။
ဒီလိုနည်းစနစ်မျိုး အသုံးပြုတာက သူရဲ့အရွယ်ရောက်ခါစ ခန္ဓာကိုယ်ကို ထိခိုက်စေပြီး သူ့ခန္ဓာကိုယ်က ကြာကြာတောင့်ခံနိုင်မှာမဟုတ်ပါဘူး။
နောက်ပိုင်းအကျိုးဆက်တွေကို တွေးမိတဲ့အခါမှာတော့ လျှို့မင်က မနေနိုင်ဘဲ သူ့ပုခုံးကို တစ်ချက်ကြည့်လိုက်ပါတယ်။
အ၀တ်စအထပ်ထပ်နဲ့စည်းထားတဲ့ သူပုခုံးက သွေးတွေနဲ့ စိုရွှဲနေပြီး တစ်ချိန်ထဲမှာပဲ နာကျင်မှု လှိုင်းတွေက လက်မောင်းကနေ တဖြည်းဖြည်းတက်လာပါတယ်။ သူ့ရဲ့ခေါင်းမာတဲ့ စရိုက်နဲ့တောင့်ခံနေတာတောင် လောင်ကျွမ်းနေတဲ့ဘေးထွက်ဆိုးကျိုးတွေက အများကြီးပိုများနေပါတယ်။
ကျားနက်စစ်သည်တော်တွေက တရွှမ်ပြည်ရဲ့ လက်ရွေးစင်စစ်သည်တော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။သူတို့က အရင်တုန်းက သူ့ကိုလိုက်ဖမ်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးတွေထက် အများကြီးသန်မာပါတယ်။
အခုလက်ရှိမှာတော့ သူက ကျားနက်တပ်သားတွေကို အစောပိုင်းက သတ်ဖြတ်မှုကြောင့် ကြောက်ရွှံ့ထိတ်လန့်စေပြီး သူ့နောက်ကို လိုက်မဖမ်းဖို့ပဲ မျှော်လင့်နိုင်ပါတယ်။
နောက်ထပ်၂ရက်၃ရက်လောက်အကြာမှာပဲ `လေပိတ်ဆို့ခြင်း´နည်းပညာရပ်ရဲ့
ဘေးထွက်ဆိုးကျိုးတွေက ပျောက်ကွယ်သွားပြီး အနီးအနားကမြစ်ထဲကို ခုန်ချထွက်ပြေးနိုင်မှာပါ။
လျို့မင်က အသက်သိပ်မကြီးသေးပေမယ့် ရှားပါးပြီး ခေတ်ရေစီးကြောင်းအတိုင်းမဟုတ်တဲ့ နည်းပညာတွေကိုသင်ယူခဲ့ပါတယ်။
အကယ်၍ မသင်ယူခဲ့ဘူးဆိုရင် ၇နှစ်၈နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ ကြမ်းတမ်းရက်စက်ခြင်း ကျွန်းပေါ်မှာ ကာကွယ်ပေးမယ့်လူရှိရင်တောင်မှ အသက်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။
လျို့မင်ရဲ့ အတွေးတွေ ပြန်ရောက်လာပြီး ကြောက်ရွံနေတဲ့လူကြီးတစ်ယောက်ရဲ့ မျက်နှာက သူ့မျက်စိရှေ့မှာ မြင်ယောင်လာပါတယ်။ လူကြီးရဲ့ အပြုအမူတွေက ကြမ်းကြုပ်တယ်ဆိုပေမယ့် ပြန်တွေးကြည့်လိုက်တိုင်း သူ့နှလုံးသားကို နွေးထွေးစေပါတယ်။
လျို့မင်ရဲ့မျက်နှာက ချက်ချင်းမဲမှောင်သွားပြီး အရှေ့ကိုရွေ့လျားနေတဲ့ခန္ဓာကိုယ်က ဘယ်ဖက်ကိုလိမ်ကောက်လိုက်ပြီး ဘောလုံးတစ်လုံးလိုကွေးထားပါတယ်။ တစ်ချိန်ထဲမှာဘဲ သူ့ရှေ့ကနေ`ရွှီးရွှီး´ ဆိုတဲ့အသံတွေထွက်ပေါ်လာပါတယ်။ တစ်ဒါဇင်လောက်ရှိပြီး ခြေထောက်တစ်၀က်စာရှည်တဲ့ မြားတွေက သူ့ရှေ့ကနေပစ်ခတ်လာပါတယ်။ တောအုပ်ထဲကနေအလင်းပြန်နေတဲ့မြားတွေ တစ်၀ီ၀ီထွက်ပေါ်လာပြီး
သူ့တို့က လူငယ်လေးကို ဖြတ်မိတယ်ဆိုရုံလေးပဲဖြစ်ပြီး သူ့နောက်က မီးခိုးဖြူသစ်ပင်ကြီးကို အစားစိုက်မိကြပါတယ်။
မြားများသည် နေရောင်အောက်တွင် အေးစက်စွာ တောက်ပလျက်ရှိပြီး အဆင့်မြင့်သတ္ထုများဖြင့်ပြုလုပ်ထားသည်မှာ ထင်ရှားလှသည်။ ဒူးလေးမှ ပစ်လွှတ်လိုက်သောမြားများသည် သစ်ပင်ထဲတွင် စိုက်၀င်နေဆဲဖြစ်ပြီး အနည်းငယ်တုန်ခါနေကြသည်။
``ဘယ်သူလဲ?´´
လူငယ်လေးသည် ခြုံပုတ်ပေါ်သို့လှိမ့်ရှောင်ပြီးနောက် အေးစက်စွာအော်ပြောလိုက်ရင်း ဓါးကို သူ့ရှေ့သို့ ဆွဲထုတ်လိုက်သည်။
``အတော် တော်တာပဲ။ ကျားနတ်စစ်သည်တော်တွေရဲ့လိုက်လံဖမ်းဆီးမှုအောက်မှာ အချိန်အကြာကြီးအသက်ရှင်နိုင်တာ အံ့သြစရာမဟုတ်တော့ဘူး။အခု ငါတို့နှစ်ယောက်နဲ့တွေ့ပြီဆိုတော့ သေဖို့ရာအသင့်ပြင်ထားလိုက်တော့။ ´´
ရှင်းလင်းပြတ်သားပြီး မိန်မဆန်တဲ့အသံတစ်ခု ရှေ့ကနေပြန့်လွင့်လာပြီး အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အရိပ်နှစ်ခုက လူငယ်လေးရဲ့ရှေ့က သစ်ပင်ပေါ်ကနေခုန်ဆင်းလာပါတယ်။
Cheer me up with power stones;)