အမျိုးသမီးသည် တုတ်ခိုင်သန်စွမ်းပြီး အသက်(၃၀)ပတ်ဝန်းကျင်လောက်ရှိသည်။သူမသည် ကြက်သွေးနီရောင်အကျီကို ၀တ်ဆင်ထားပြီး အနီရောင်ပန်းပွင့်ကြီးတစ်ပွင့်က ဆံနွယ်ထက်တွင် နေရာယူထား၏။ရုပ်ဆိုးကြမ်းတမ်းသော မျက်နှာရှိပြီး သူမ၏လက်ထဲတွင် အရွယ်ရောက်ပြီးသား လူကြီးတစ်ရပ်စာနီးပါး ရှည်သည့်ကျိုင်းတံကို ကိုင်ဆောင်ထားသည်။
သူမဘေးက အမျိုးသားသည် အသက်၄၀ ၀န်းကျင်တွင်ရှိပြီး သာမန်ကြည့်ကောင်းရုံမျက်နှာပေါက်သာရှိသည်။ သူသည် အပြာရောင်ပိုးထည်၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ့ခါးတွင် အ၀ါရောင်ဓါးအိမ်နှင့် ဓါးတိုလေးကို ချိတ်ဆွဲထားသည်။ လက်ထဲတွင်တော့သုံးပေအရှည်ရှိသည့် ဒူးလေးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ၎င်းသည် ယခုလေးတွင် လျို့မင်ကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ မောင်းတင်ထားခြင်းတော့မရှိပေ။
``ခင်ဗျားတို့နှစ်ယောက်က ကျားနက်အစောင့်တပ်ဖွဲ့က မဟုတ်ဘူးမလား´´
လျှို့မင်သည် ထိုလူနှစ်ယောက်ကို အကဲခတ်ရင်း သက်ပြင်းတစ်ချက်ချ၍ မေးမြန်းလိုက်သည်။
ရက်စက်ကြမ်းကြုတ်ခြင်းကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ ကြာအောင် နေထိုင်ခဲ့ပြီးနောက် တိုက်ပွဲမစခင် သူ့ရန်သူ့၏ အားနည်းချက်ကို စူးစမ်းရှာဖွေရန် လျှို့မင်သည် ယခင်ကတည်းက သင်ကြားခံခဲ့ရသည်။
သူ့မေးခွန်းသည် ထိုလူများ မည်မျှသန်မာသည်ကို လေ့လာရန်နှင့် အချိန်ဆွဲဖို့ရန်အတွက်ပင်ဖြစ်သည်။အမှန်တွင်တော့ သူ့တို့နှင့် အကြည့်ချင်းဆုံလိုက်သည့် အချိန်ကတည်းက လျို့မင်၏ ဦးနှောက်သည် စတင်အလုပ်လုပ်နေပြီဖြစ်သည်။ တုတ်ခိုင်သောလက်မောင်းအိုးများနှင့် လေးလံသောခြေလှမ်းရှိသည့် အမျိုးသမီးသည် သိသာထင်ရှားစွာပင် ခွန်အားကို အသုံးပြုသောလူမျိုးဖြစ်သည်။ သူမသည် မြန်နှုန်းအရာတွင် အနည်းငယ် နိမ့်ကျသော်လည်း သူ့မလက်ထဲက လက်နက်နှင့် အနည်းငယ်မျှပင် ထိတွေ့ခွင့်ပြုရန်မဖြစ်နိုင်ပါ။ အမျိုးသားသည် ဖြူဖွေးတည်ငြိမ်သည့် လက်များ ရှိပြီး ခန့်မှန်း၍မရသောလူမျိုးဖြစ်သည်။ သူ့ထံတွင် အထူးကျွမ်းကျင်မှု အချို့ရှိနိုင်ပြီး ထိုသူနှင့်ရင်ဆိုင်ရာတွင် အပြည့်အ၀အာရုံစိုက်၍ သတိထားရန်လိုသည်။ တစ်ဖက်က လူနှစ်ယောက်သည်တော့ အားနည်းပုံရသည့် ဆယ်ကျော်သက်ကလေးသည် အချိန်တိုအတွင်း သတင်းအချက်အလက်များစွာကို ထည့်သွင်းစဥ်းစားနေပြီဖြစ်ကြောင်းကို မသိရှိကြပေ။ ဤမျှငယ်ရွယ်သည့် ပြိုင်ဖက်တစ်ယောက်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ရာ သူတို့နှစ်ယောက်သည် မနေနိုင်ဘဲ စိတ်၀င်စားသည့် အမူအရာကို ဖော်ပြမိကြသည်။
အမျိုးသားသည် လက်တစ်ဖက်နှင့် မြားတံအသစ်တစ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး အပေါက်ကလေးများပါသော ဒူးလေးတွင် အသစ်ပြန်လည်တပ်ဆင်ရင်း အေးစက်စွာဖြင့်
``တောင်ပိုင်း ယန်မြို့တော်က လျှိုရန်ကျုံး၊ လွန်ခဲ့တဲ့(၇)နှစ်က ဘုရင့်အမြတ်တော်သင့်ခဲ့တာကြောင့် နန်လန်ပြည်နယ်က အကျဥ်းထောင်ကိုပို့ဆောင်ခံခဲ့ရပြီး ဖျားနာမှုနဲ့သေဆုံးခဲ့တယ်။ သို့သော်လည်း သူ့သားက အသက်ငယ်သေးတာကြောင့် ရှင်သန်ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် သူ့ဘ၀တစ်လျှောက်လုံးကို ကြမ်းတမ်းရက်စက်ခြင်းကျွန်းပေါ်မှာပဲ အကျဥ်းချခံရမယ်။ သို့ပေမယ့် လွန်ခဲ့တဲ့တစ်လအကြာက ကြမ်းတမ်းရက်စက်ခြင်းကျွန်းက အကြောင်းပြချက်မရှိဘဲ ပင်လယ်သေထဲကို နစ်မြှပ်သွားတယ်။ ထောင်သားအများစုက ရေနစ်သေဆုံးခဲ့ပေမယ့် လျှို့မင်နဲ့အခြား၁၁ယောက်က ပင်လယ်သေထဲကနေ လွတ်မြောက်လာခဲ့တယ်။ အခု တရားရုံးတော်က လွတ်မြောက်သွားတဲ့အကျဥ်းသားတွေကို အသေရရအရှင်ရရဖမ်းဖို့ ငွေအဆင့်မုဆိုးတွေကို ကြေငြာထားတယ်။ ငါပြောတာမှန်လား ´´
သူ့ဘေးနားက အမျိုးသမီးသမီးက စူးစူးရှရှရယ်မောလိုက်တာကြောင့် အမျိုးသားရဲ့အသံက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။
``ကောင်စုတ်လေး.. ဒီလူက ငါတို့လက်ထဲမှာ လွန်ခဲ့တဲ့၇ရက်အကြာက သေသွားတာပဲ။ မင်းတို့အဖွဲ့ထဲကပဲ မလား´´
သူမခါးမှာ ချိတ်ထားတဲ့ သားရေအိတ်တစ်လုံးကို မြေပြင်ပေါ်သာမန်ကာလျံကာ ပစ်ချလိုက်တယ်။
``ဒုတ်´´ အိတ်က ဆက်ခနဲပွင့်သွားပြီး သွေးစွန်းနေတဲ့ ခေါင်းပြတ်တစ်လုံး လှိမ့်ထွက်လာတယ်။ ခေါင်းပေါ်ကမျက်နှာမှာ အမွှေးတွေနဲ့ ပြည့်နှက်နေပြီး အသက်(၄၀)လောက် ရှိပုံပေါ်တယ်။
၎င်းက ဖျော့တော့တဲ့အပြုံးကို ချိတ်ဆွဲထားပြီး မျက်နှာအမူအရာကတော့ ခါးသီးမှောင်မိုက်နေတယ်။
လျှို့မင်က ခေါင်းကိုတစ်ချက်ကြည့်လိုက်ပြီး သူ့နှလုံးသားက လျှင်မြန်စွာပဲချောက်နက်ထဲကို ကျဆင်းသွားတယ်။ သူက နာမည်တစ်ခုကို တီးတိုးရွတ်ဆိုလိုက်တယ်။
``သံခေါင်း´´
``ဆိုတော့...ကြည့်ရတာငါမမှားဘူးပဲ။မင်းလည်းသူ့ကိုမှတ်မိတယ်ဆိုတော့။
ကောင်စုတ်လေး.. မင်းသာ အသာတကြည်အဖမ်းခံမယ်ဆိုရင် ငါတို့နှစ်ယောက်က မင်းကိုအနည်းငယ်လျှော့ပေါ့ပေးနိုင်တာကြောင့် တရားရင်ဆိုင်ပြီးနောက်မှာ အသက်ရှင်ခွင့်ရနိုင်မှာပါ။ ဒါပေမယ့် အခုမှ တစ်ခုခုလှုပ်ရှားဖို့ကြိုးစားမယ်ဆိုရင် ငါတို့မင်းကို မပျက်မကွက်သတ်ပစ်ရလိမ့်မယ် ´´
အပြာရောင်၀တ်စုံ၀တ်အမျိုးသားက ဒူးလေးကိုတင်ပြီးတာနဲ့ ပြောလိုက်ပါတယ်။
``ခင်ဗျားတို့နှစ်ယောက်က ကျုပ်အကြောင်း အများကြီးသိထားတယ်ဆိုတော့ တရားရုံးတော်ကပဲ ဖြစ်ရမယ်။ ခင်ဗျားတို့က ဘယ်ရာထူးကလဲ။ ကျုပ်ကိုလှည့်စားဖို့အဓိပ္ပာယ်မရှိတဲ့ ကတိတွေပေးတယ်ဆိုတော့ ငယ်သေးတယ်ဆိုပြီး လာလိမ်နေတာလား။ အင်ပါယာရဲ့ဥပဒေကို ဘယ်သူမှ ဆန့်ကျင်လို့မရဘူး။ ကျုပ်သတ်ခဲ့တဲ့ ကျားနက်စစ်သည် အရေအတွက်နဲ့တင် ဘုရင်ကိုယ်တိုင်လျှောက်လဲချက်လာပေးရင်တောင် အပိုင်းပိုင်းခုတ်သတ်ခံရမှာ သေချာနေပြီ။´´ လျှို့မင်က မျက်တောင်တစ်ဖျက်ဖျက်ခတ်ရင်းပြောလိုက်ပြီး တစ်စက္ကန့်လေးတောင် အပြာရောင်၀တ်လူကို အယုံအကြည်မရှိပါဘူး။
လူကြီးက သူ့အဖြေကို နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမငြင်းသလို ဘာမှလဲ၀န်လဲ၀န်မခံပါဘူး။
အနီရောင်၀တ်စုံ၀တ် အမျိုးသမီးဖက်ကတော့ ရယ်မောပြောဆိုလိုက်ပါတယ်။``ဒီကလေးက အရမ်းငယ်သေးတာတောင် အင်ပါရီယယ်စည်းမျဥ်းတွေကို ကောင်းကောင်းနာလည်နိုင်တာ မယုံကြည်နိုင်စရာပဲ။ ကြမ်းတမ်းရက်စက်ခြင်းကျွန်းက လူတွေက တကယ်ကိုထူးခြားတာပဲ။ သူတို့ကအသက်ငယ်နေတယ်ဆိုရင်တောင် လျှော့တွက်ထားလို့ရဘူး။ မင်းပြောတာမှန်တယ် ငါနဲ့ငါ့ယောက်ျားနဲ့က တရားစီရင်ရေးရုံးတော်မှာ အမှုထမ်းနေတာပဲ။ အထူးသဖြင့် ငါတို့က ငွေအဆင့် ကျွမ်းကျင်သူတွေပဲ။ ကောင်ငယ်လေး မင်းသေပြီး မြစ်၀ါမြစ်ကို ရောက်တဲ့အခါကျမှ အားနည်းတဲ့လူကို အနိုင်ကျင့်တယ်ဆိုပြီး ငါတို့ကိုအပြစ်မတင်ပါနဲ့။ ယောကျာ်းရေ..လုပ်လိုက်ကြစို့´´
ရုပ်ဆိုးဆိုးအမျိုးသမီးက စကားပြောပြိီးတာနဲ့ သူမရဲ့အမူအရာတွေ ရုတ်ချည်းအေးစက်သွားပါတယ်။သူမက လေထုကိုထိုးခွင်းပြီး တရွှီရွှီမြည်အောင် ကျိုင်းတံကို ပြင်းထန်စွာဝေ့ရမ်း တိုက်ခိုက်ပါတယ်။
သူမရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့် ပုံမှန်မဟုတ်ဘဲ လှုပ်ရှားနိုင်ပါတယ်။ သူမလက်ထဲက ကျိုင်းတံကကြီးမားတာတောင် အလေးချိန်မရှိသလိုမျိုး ဝေ့ရမ်းနေပါတယ်။
ပြီးပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အပြာ၀တ်လူက အခြားတစ်ဖက်ကနေ ဒူးလေးတစ်ဒါဇင်လောက်နဲ့ လျှို့မင်ဆီကို အလင်းတန်းတွေလိုမျိုး ပစ်ခတ်တိုက်ခိုက်ပါတယ်။
လျှို့မင်ရဲ့မျက်နှာက ရှုံ့မဲ့နေပါတယ်။ သူက ဘယ်ညာရှောင်တိမ်းရင်းနဲ့ ဒူးလေးရှေ့ကို ခုန်၀င်လာပါတယ်။ သူက အလယ်မှာဆက်နေနေရင် အနီရောင်၀တ် အမျိုးသမီးရဲ့တိုက်ခိုက်တာကို ရင်ဆိုင်နေရဦးမှာပါ။
သူ့တို့နှစ်ယောက်က လင်မယားဖြစ်နေတာကြောင့် သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုက ပြစ်ချက်လုံး၀မရှိတာကို မအံ့သြတော့ပါဘူး။
လျို့မင်က ဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ သူ့မျက်နှာက ပြောင်းလဲသွားပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲက တွက်ချက်နေတုန်းပါပဲ။ နောက်တော့ လျှို့မင်က အသက်တစ်ရှိုက်ရှူသွင်းလိုက်ပြီး သူ့ရဲ့ ငွေဓါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါတယ်။ အလင်းတစ်ချက်လက်သွားပြီး သူဓါးနဲ့ ရုပ်ဆိုးဆိုးအမျိုးသမီးရဲ့ ဦးခေါင်းကိုခုတ်ပိုင်းလိုက်ပါတယ်။
ကျိုင်းတံကြီးနဲ့ တိုက်ရိုက်ရင်ဆိုင်နေရတာတောင် လျှို့မင်က သတိပြုမိပုံမပေါ်ပါဘူး။ အခြေခံအားဖြင့်ဆိုရင် ဒါက သူသေကိုယ်သေ ခုတ်ချက်ခြင်းဖလှယ်လိုက်တာပါပဲ။
ရုပ်ဆိုးဆိုးအမျိုးသမီးရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားပါတယ်။ သူမရဲ့ရန်သူက သူမနဲ့အတူသေဖို့ရာ ဆန္ဒရှိမှာမဟုတ်ပါဘူး။ဒါပေမယ့် သူမဘ၀ကို မစွန့်စားနိုင်ပါဘူး။ ဒါကြောင့် ငွေဓါးကို တားဆီးဖို့ရာ သူမရဲ့ကျိုင်းတံကို အတင်းအကျပ် အနောက်ပြန်ဆုတ်လိုက်ပါတယ်။
လျှို့မင်လည်း သူလက်ကောက်၀တ်ကို ဆက်ခနဲလှုပ်ရှားလိုက်ပြီး ကျိုင်းတံနဲ့ မထိမိအောင် မထင်မရှားပြန်ရုပ်သိမ်းလိုက်ပြီး နောက်မှ ရက်ရက်စက်ဓါးနဲ့ ဘယ်တစ်ချက် ညာတစ်ချက် နှစ်ကြိမ်လွှဲခုတ်လိုက်ပါတယ်။
``ထန် ထန်´´လျှို့မင်ဆီထိုးစိုက်လာတဲ့ မြားနှစ်ချောင်းစလုံး ပြန်ကန်ထွက်သွားသည်။
``ကောင်စုတ်လေး´´ သူ့မြားတွေရပ်တန့်သွားသောကြောင့် အပြာ၀တ်စုံ၀တ်လူသည် မနေနိုင်ဘဲ အဝေးမှကျိန်ဆဲလိုက်သည်။ သူ့ခါးကတစ်စုံတစ်ခုကို ဖြုတ်ယူလိုက်ပြိီး ဒူးလေးကိုထပ်မံ၍ ဆွဲတင်ပြန်သည်။
ခုနက သူထုတ်သုံးခဲ့တဲ့ အထူးပစ်ချက်က မြားရဲ့ လမ်းကြောင်းကို လျှို့၀ှက်စွာ ထိန်းချုပ်နိုင်ပြီး မရေမတွက်နိုင်အောင်သန်မာတဲ့ရန်သူတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီလူငယ်လေးကို ရင်ဆိုင်တဲ့ နေရာကျမှ အသုံးမ၀င်ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။
ရုပ်ဆိုးဆိုးအမျိုးသမီးလည်း အံ့အားသင့်သွားပေမယ့် အလျင်အမြန် သတိပြန်ရ သွားပါတယ်။ သူမဟာ ကျိုင်းတံကို ဒေါသတကြီး ခုတ်ပိုင်းလိုက်ပြီး နောက်တစ်ကြိမ်စတင် တိုက်ခိုက်ပါတယ်။
သူမလေးလံတဲ့ လက်နက်ကြီးကို ကိုင်ပြီး တိုက်ခိုက်တဲ့အခါတိုင်း ပတ်၀န်းကျင်က လေထန်လာပါတယ်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရက်စက်ကြမ်းကြုပ်မှုနဲ့အတူ လူပုံစံပြောင်းထားတဲ့ သာရဲကြီးလိုမျိုး ကြီးထွားလာပါတယ်။
သူမရဲ့ ခွန်အားတွေက တားမရ ဆီးမရပါပဲ။
အကျဥ်းချုပ်လိုက်ရင်တော့ လျှို့မင်ရဲ့ ငွေဓါးက ကျိုင်းတံနဲ့ လုံး၀ ထိပ်တိုက်မရင်ဆိုင်မိပါဘူး။ ရိုက်ချက်အများစုကို ရှောင်ရှားဖို့ ကြိုးစားရင်းနဲ့ ဓါးဟာငွေရောင် အလင်းတန်းအဖြစ် ရုပ်ဆိုးဆိုးအမျိုးသမီးရဲ့ အနားမှာ ဝေ့၀ိုက်နေပါတယ်။ သူက အခွင့်မသာပေမယ့် သူ့ခုတ်ချက်တွေအားလုံးက ရုပ်ဆိုးဆို့အမျိုးသမီးရဲ့ သေကွင်းသေကွက်တွေကိုပဲ ချိန်ရွယ်ထားပါတယ်။ လျှို့မင်ရဲ့တိုက်ခိုက်မှုတိုင်းက သူမရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်စေပြီး သူမကိုယ်သူမ ပြန်လည်ကာကွယ်ဖို့ တွန်းအားပေးခံရပါတယ်။
သူမရဲ့အစွမ်းက လျှို့မင်ထက်သာနေတောင် ဒီလိုမျိုးအခြေအနေက သူမကိုစိတ်ရှုပ်ထွေးစေပြီး အော်ဟစ်ပစ်လိုက်ချင်ပါတယ်။
လျှို့မင်ကတော့ ဂရုမစိုက်ဘဲ ဒီအတိုင်း ချမြဲချဆဲပါပဲ။ သူ့ကိုကြည့်ရတာ သက်တောင့်သက်သာ ဖြစ်နေပုံရပါတယ်။ သို့သော်လည်း အမှန်ကတော့ သူ့ခန္ဓာကိုယ်က နောက်ဆုံးလက်ကျန်အားအင်တွေကို ညှစ်ထုတ်ဖို့ လျှို့မင်က လျှို့၀ှက်နည်းစနစ်ကို နောက်တစ်ကြိမ်ထပ်သုံးထားတာပါ။ အဲ့လိုမှမလုပ်ရင် ကျိုင်းတံကြောင့်ဖြစ်ပေါ်လာတဲ့ လေအဟုန်နဲ့တင် သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားလောက်ပါပြီ။ သူကပြန်တိုက်နိုင်မှာမဟုတ်ပါဘူး။
အဝေးကနေ ဒီအခြေအနေကိုမြင်နေရတဲ့ အပြာရောင်၀တ်အမျိုးသားက တုန်လှုပ်သွားပါတယ်။ သူ့အမျိုးသမီး ဘယ်လောက်သန်မာတယ်ဆိုတာ သူအသိဆုံးပါ။ သူတို့နှစ်ယောက်က မကြာခဏ လက်ရည်စမ်းလေ့ရှိပေမယ့် သူ့ရှေ့ကလူလိုမျိုး ထိပ်တိုက်မရင်ဆိုင်ရဲပါဘူး။ ဒါပေမယ့် သူရှေ့က ဆယ်ကျော်သက်လူငယ်လေးက လက်တွေ့လုပ်ပြလိုက်ပါပြီ။ ဒီလူငယ်လေးက သူ့အမေဗိုက်ထဲမှာကတည်းက သိုင်းပညာလေ့ကျင့်ထားသလားလို့တောင် ထင်မှတ်ရပါတယ်။
သူသိရသလောက်တော့ ချမ်းသာတဲ့ မိသားစုကြီးတွေရဲ့ ဆက်ခံသူတွေသာ
ခန္ဓာကိုယ်သန်မာအောင် လေ့ကျင်နိုင်ကြတာပါ။ သူတို့တွေက ဆေးရည်အမျိုးမျိုးနဲ့ ရေစိမ်ချိုးရပြီး ပြဒါးရှင်ဆေးလုံးတွေကို ခြေဖျက်စုပ်ယူရပါတယ်။ သူသိသမျှအပြင်းထန်ဆုံး နည်းလမ်းတွေသုံးရင်တောင် သူ့ရှေ့က ကောင်လေးလောက် သန်မာမှာမဟုတ်ပါဘူး။
သိသာထင်ရှားစွာပဲ ဒီလူငယ်လေးက အရမ်းငယ်သေးပြီး သူ့ခွန်အားက မလုံလောက်သေးပါဘူး။ တကယ်လို့ နောက်ထပ်၃/၄နှစ်လောက်သာ အချိန်ပေးလိုက်မယ်ဆိုရင် သူတို့လင်မယားနှစ်ယောက်လုံးပေါင်းပြီး တိုက်ခိုက်ရင်တောင် လုံခြုံစွာ ထွက်ပြေးနိုင်မှာမဟုတ်ပါဘူး။
ဒါပေါ့ အခုတော့ အဲ့လိုဖြစ်စရာအကြောင်း မရှိတော့ပါဘူး။ သူတို့ဒီကောင်လေး အရင်ကြိုတွေ့ထားပြီ မဟုတ်လား။
ဒီအကြောင်းကိုတွေးမိတာနဲ့ အပြာ၀တ်လူရဲ့ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တွေက ပိုမိုကြီးမားလာပါတယ်။ သူက လက်တစ်ဖက်နဲ့ ဒူးလေးကို ချိန်မြှောက်လိုက်ပြီး နောက်လက်တစ်ဖက်ကတော့
သစ်သားဓါးအိမ်ထဲက ဓါးကို ထုတ်ယူလိုက်ပါတယ်။
ဓါးတိုလေးက မီးခိုရောင်သန်းနေပြီး အလေးချိန်မရှိလုနီးပါးပါပဲ။၎င်းက အရိုးကနေပြုလုပ်ထားတာပါ။ အသံမကြားရအောင် လှုပ်ရှားမှုအနည်းငယ်ပဲပြုလုပ်ပြိိီး အမျိုးသားက တိုက်ပွဲနေရာကို ခိုးကြောင်ခိုး၀ှက်ချည်းကပ်လာပါတယ်။
လျှို့မင်က တစ်ချက်ကြည့်ရုံနဲ့ အမျိုးသားရဲ့ အကြံအစည်ကို ကောင်းစွာသိပြင်နိုင်ပါတယ်။ နဂိုကတည်းက တင်းကျပ်နေတဲ့ သူနှလုံးသားဟာ မျှော်လင့်ချက်ကင်းသထက် ကင်းမဲ့လာပါတယ်။
သူက တစ်ယောက်တောင်မနည်းရင်ဆိုင်နေရတာပါ။ နှစ်ယောက်လုံးပေါင်းတုက်မယ်ဆိုရင် သူ့အသက်က ဒီနေရာမှာပဲ အဆုံးသတ်ရတော့မှာပါ။
ကြည့်ရတာ သူ့အသက်ကို နောက်တစ်ကြိမ်ထပ်စွန့်စားရမယ့်ပုံပါပဲ။
စဥ်းစားပြီးတာနဲ့ သူ့နှလုံးသားက နဲနဲလေးမှ တုံ့ဆိုင်းမနေဘဲ ကျိုင်းတံကို အမှန်တကယ်ရှောင်ရှားနေရာက ရပ်တန့်လိုက်ပါတယ်။ ဓါးကိုသူ့မောင်းကနေ ကိုင်မြှောက်လိုက်ပြီး ``လည်ပင်းကိုဖြတ်´´လို့ တီးတိုးရွတ်ဆိုလိုက်ပါတယ်။
လျှို့မင်ရဲ့ လက်မောင်းကသွေးကြောတွေ ပေါက်ထွက်လာပြီး သူ့လက်မောင်းက အနည်းဆုံး စက်၀ိုင်းတစ်၀ိုင်းစာ ရုတ်တရက်ကြီးမားလာပါတယ်။
ငွေဓါးက ငွေရောင်အလင်းတန်းအဖြစ် ထူးဆန်းစွာ ရွေ့လျားသွားပြီး အမျိုးသမီးရဲ့ လည်ချောင်းကိုဖောက်ထွက်သွားပါတယ်။ ၎င်းရဲ့အလျင်က အရှေ့ကဖော်ပြထားခဲ့တာထက်ကို အလွန့်အလွန်လျှင်မြန်ပါတယ်။
အမျိုးသမီးက မြင်ကွင်းကြောင့်ထိတ်လန့်သွားပြိီး သူ့မရဲ့ကျိုင်းတံကို ခုခံဖို့ပြန်ဆုတ်လိုက်ပေမယ့် နောက်ကျသွားခဲ့ပါပြီ။
သူမဟာ ထိခိုက်ထားပေမယ့် နှလုံးသားထဲမှာ ဆုံးဖြတ်ချက်ချလိုက်ပြီး သူမရဲ့ကျိုင်းတံနဲ့ ကောင်လေးရဲ့ ရင်ဘက်တည့်တည့်ပစ်လိုကရင်း လက်နှစ်ဖက်လုံးကို ဖြေလျော့လိုက်ပါတယ်။
သူမရဲ့စိတ်ထဲမှာတော့ သူမသာသေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေနဲ့တိုက်ခိုက်မယ်ဆိုရင် ကောင်လေးက သူ့ဘ၀ကိုကာကွယ်ဖို့ နောက်ပြန်ဆုတ်သွားမယ်လို့ တွေးနေတာပါ။
ဒါပေမယ့် လျှို့မင်ရဲ့ မျက်လုံးထောင့်က အနည်းငယ်တွန့်သွားရုံက လွဲလို့ ဘာမှပြောင်းလဲမသွားပါဘူး။ သူက လေကိုတစ်၀ကြီးရှူသွင်းလိုက်ရင်း သူ့ခါးကိုလိမ်လိုက်တာကြောင့် ရင်ဘက်
က မယုံနိုင်စရာကောင်းလောက်အောင်
ပြားချပ်သွားပါတယ်။
``ခလွမ်´´
ကျိုင်းတံကြီးက လူငယ်လေးရဲ့ ရင်ဖက်ကို ဖောက်ထွက်သွားပြီး နက်ရှိုင်းတဲ့အရာကြီး ကျန်ရစ်ခဲ့ပြီး သွေးတွေဖိတ်စဥ်လာပါတယ်။
ဒါပေမယ့် လျို့မင်ရဲ့ အမူအရာက လုံး၀မပြောင်းလဲပါဘူး။ ကြမ်းတမ်းရက်စက်တဲ့ ထိုးနှက်မှုတွေကို ခံလိုက်ရတဲ့ လူက သူမဟုတ်သလိုပါပဲ။ သူ့လက်တွေကို ရွဲ့စောင်းပြီး အမျိုးသမီးရဲ့ လည်းချောင်းက ဓါးကိုဆွဲထုတ်လိုက်ပါတယ်။
သူမရဲ့လက်တွေက လည်းပင်းကို ထိတွေ့ရင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်။ သူမရဲ့အဆီတွေနဲ့ ခန္ဓာကိုယ်က မြေပြင်ပေါ်မှာ တွန့်လိမ်နေပါတယ်။
အဖြစ်အပျက်တွေအားလုံးက လျှပ်စီးလျပ်သလို လျှင်မြန်လွန်းပါတယ်။
အပြာရောင်၀တ်စုံ၀တ်လူက ဒီအရာတွေအားလုံး တွေ့မြင်လိုက်ရတဲ့အချိန်မှာ သူကပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်။ သူက အံ့အားသင့်စွာနဲ့ အော်ဟစ်လိုက်ရင်း ဒူးလေးမှာမြား၁၀ချောင်းတိတိ ဆွဲတင်ပစ်ခတ်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့လက်ထဲက အရိုးဓားမြှောင်က လျှို့မင်ရဲ့ကျောအနောက်ဖက်ကို ရုတ်ချည်းရောက်ရှိလာပါတယ်။
လျှို့မင်က အမျိုးသမီးကိုနောက် တစ်ချက်ထပ်ခုတ်တော့မယ့် အချိန်မှာပဲ သူ့မသိစိတ်က ကြီးမားတဲ့ အန္တရာယ်ကို ခံစားလိုက်ရပါတယ်။ ဘာမှတွေးမနေဘဲနက် သူ့ပုခုံးကို ဘေးတိုက်နေရာရွေ့လိုက်ပါတယ်။
သူ့ဆံပင် အချို့က လေပေါ်ကို လွင့်လာပြီး လက်ဆက်တဲ့ သွေးတစ်ချို့နဲ့ မမြင်ရတဲ့ချွန်ထက်တဲ့ အရာတစ်ခုက လျှို့မင်ရဲ့ မျက်နှာရှေ့ကနေ ဖြတ်သန်းသွားပါတယ်။
``စိတ်၀ိဥာဏ်လက်နက်! ခင်ဗျားက ကျင့်ကြံသူတစ်ယောက်ပဲ´´ ကျွမ်းတစ်ပတ်ထိုးပြီး လျှို့မင်က မတ်တပ်ရပ်လိုက်ပါတယ်။
သူက အမျိုးသားရဲ့ လက်ထဲက အရာကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး
မနေနိုင်ပဲ အော်ဟစ်လိုက်ပါတယ်။
အမျိုးသားရဲ့လက်ထဲက ဓားမြှောင်ကနေ ပုံမှန်မဟုတ်တဲ့ ရောင်ခြည်တွေထုတ်လွှတ်နေပြီး အဖြူဖျော့ဖျော့အလင်းရောင်လေးက မှိတ်တုပ်မှိတ်တုပ်လင်းနေပါတယ်။
Translator - VIntage