Download Chereads APP
Chereads App StoreGoogle Play
Chereads

Blade to Eternity

🇲🇲Kaizn_kaze
--
chs / week
--
NOT RATINGS
862
Views
VIEW MORE

Chapter 1 - - My return to Roland

You can read with English sub at Wattpad, I tried my best to y'all read comfortably. - message by Author

"ကိုယ်တိုင်ရဲ့တာဝန်လို့ ခံစားရတယ်မလား?"

"ငါလုပ်လိုက်လို့ဖြစ်ရတာဆိုပီး မရည်ရွယ်ခဲ့တာတောင် အဲ့လိုမျိုးခံရခက်တယ်မလား?"

"ကိုယ်ချင်းစာကြည့်သင့်တယ် ၊ မင်းက အခြားသူစိမ်းတွေ‌အပေါ် စေတနာများပီး သူတို့ကို မင်းရဲ့မိသားစုထက် ဦးစားပေးနေခဲ့တာကြောင့် ဒီလိုတွေဖြစ်ရတာ"

ထိုအချိန် ကျတော့်ရဲ့ခေါင်းအရမ်းနာနေခဲ့တယ် မသိရင် တစ်ခုခုကအတွင်းကိုထိုးထားသလိုမျိုး..

မရင်းနီးတဲ့အသံတစ်ခုကိုလည်း တိုးလှင်စွာ ကျတော်ကြားနေခဲ့ရတယ်

...

"ဘာတွေဖြစ်နေတာလဲ?"

အသံကပျောက်သွားခဲ့တယ် စောစောကပြောခဲ့တာတွေက ဘာအကြောင်းတွေလဲ ငါတစ်ခုခုမှားလုပ်မိတာလား?

ကျတော့်ခေါင်းအရမ်းနာနေသေးတယ် ထိုနာတဲ့နေရာအတွင်းထဲမာ တစ်ခုခုကလှုပ်နေသလိုမျိုး..

မနက်ကြရင် ကျောင်းသွားရအုံးမယ်လေ ငါထမှဖြစ်မယ် အချိန်ရော ဘယ်လောက်ရှိနေမလဲ အဲ့တာထက်..

ငါဘာမှမမြင်ရသလို မျက်လုံးလဲမဖွင့်နိုင်ဘူး

ငါက.. သာမန်ကျောင်းသားတစ်ယောက်.. ဆယ်တန်းကျောင်းသားတစ်ယောက်..

အဲ့တာငါလေ "ဟုတ်တယ်မလား..?" မျက်တောင်၏ အကြောမှတစ်ဆင့် မျက်လုံးကိုအဖွင့်အပိတ်တစ်ချက်လုပ်လိုက်တယ်‌ဆိုကာ ခံစားလိုက်ရချိန်မာ ကျတော် မသိတဲ့နေရာတစ်ခုကိုရောက်နေခဲ့ပီ

အမြင်ရှေ့မာပင် ပျံ့ကျဲနေသောသွေးများ ၊ မသိလိုက်တဲ့အချိန်မာပင်ကိုင်ထားလျက်ဖြစ်တဲ့ ဓားရှည်တစ်လက် ၊ ကျောပေါ်သို့ဖွှာကျနေသော ကိုယ်တိုင်၏ဆံသား ၊ ဗလာနတ္ထိသဘောသာဆောင်နေတဲ့ မျက်လုံးများ အဖြူရောင်ဝတ်ရုံကိုခြုံထားခဲ့ပီး ကိုယ်တိုင်ရဲ့ ခန္ဓာကိုယ်မာလဲ သွေးများ ကျဲလို့နေခဲ့တယ်

"ဟင်?"

ပြင်းခက်စွာတိုက်နေသော လေပြင်းမာ သူ၏ ဆံသားကိုလျှင် ကိုယ်တိုင်၏မျက်နှာပေါ်သို့ တင်သွားစေခဲ့လေသည်

"ဒါက ဘယ်နေရာကြီးလဲ..?" မျက်တောင်တစ်ခက်အတွင်းရောက်လာခဲ့သော သူ့မာ အရာအားလုံးကို နားမလည်နိုင်တော့ပေ

"ငါက ကျောင်းသားတစ်ယောက်...?" သွေးများအိုင်လိုစည်းနေကာ ခန္ဓာကိုယ်သေများလဲ သူ၏ခြေအောက်တွင် ရှိနေခဲ့လေတယ်

ထိုအချိန်တွင် သူ၏ရှေ့မာ ရှိနေခဲ့သူမာ မျက်နှာဖုံးတစ်ခုကိုဝတ်ဆင်ထားခဲ့တယ် ၊ ဘီလူး ပုံသဏ္ဍာန်ပေါက်သော ထိုမျက်နှာဖုံးနှင့်သူမာ ဓားရှည်တစ်လက်ကိုကိုင်ထားခဲ့တယ်

သူကျတော်ဆီကိုပြေးလာခဲ့တယ် ၊ လက်နှစ်ဖက်လုံးမာ ဓားကိုညာဘက်လွဲကာကိုင်ထားခဲ့ပီး ကျတော့်ရဲ့လည်ပင်းဆီကို လွှဲလိုက်တယ်

" သူက.. Andra ပဲ "

...

"ငါအခု.. ဘာလုပ်ရတော့မာလဲ..?"

"ဒီမှတ်ဉာဏ်တွေက.. ငါက..-"

ရေနက်ထဲကိုမြုပ်သွားသလို ဖြစ်သွားတဲ့ဒီခံစားချက်.. မွန်းကျပ်ရတယ် အသက်ရှူလဲမဝသလို ဒါကြီးက..

လွတ်လပ်မှုမဟုတ်နေဘူး

...

အဲ့ဒီမှ ကျတော့်မျက်လုံးပြန်လည်ပွင့်လာခဲ့တဲ့နေရာက

ငြှီနံနေခဲ့တယ် တစ်ယောက်ယောက်က ကျတော့် ခန္ဓာကို ပွေ့ချီထားခဲ့ပီး ဓားမစောင်း ခုတ်သံများကိုလဲကြားလေတယ်

ရုတ်တရက်ပေါ်လာခဲ့တဲ့ ထိုမှတ်ဉာဏ်တွေကြောင့် ခေါင်းမာ ကိုက်နေဆဲပဲ

"ဒါပေမယ့်.. အဲ့ဒီပုံရိပ်တွေက..မဟုတ်ဘူး ငါက..

ငါက ဓားသမားတစ်ယောက်ဖြစ်ခဲ့တာ "

"Lain k Dave"

"ဒါဆိုရင် ငါလူပြန်ဝင်စားတာလား ၊ သာမန်ကျောင်းသားဘဝကရော? အခြားဘဝတစ်ခုသက်သက်ပဲထင်တယ်"

"ပတ်ဝန်းကရတဲ့ဒီအနံ့က မှားစရာမရှိ Roland ပဲ ငါ..

ငါပြန်ရောက်လာခဲ့ပီ ဒီမွေးရပ်မြေကို"

ပတ်ဝန်းကျင်၏ပုံစံမာ အခန်းတစ်ခုအထဲတွင်ဖြစ်ပီး

လူကြီး ၃ယောက်နှင့် ကလေးကိုချီပွေ့ထားသော မိန်းမတစ်ယောက်ရှိလေတယ် ဝမ်းမြောက်နေသော သူတို့၏အပြုံးမာလဲ မျက်နှာပေါ်တွင် အထင်းသားနေလေ၏

"ဒီလူတွေက ငါသိတဲ့သူတွေတော့မဟုတ်ဘူး ၊ ကြည့်ရတာ ငါမျိုးဆက်တွေကျော်ခဲ့ပီထင်တယ်"

၇နှစ်အကြာ..

အပင်တစ်ပင်ခြေတွင် အ‌ဖြူရောင်အဝတ်တစ်ခုအား ခန္ဓာတွင်ပတ်ထားကာ ခါးမှ အဝတ်စအသေးဖြင့်ထပ်မံပတ်၍ အဝတ်အားကျပ်အောင်ဝတ်ဆင်ထားပေသည်

အနက်ရောင်ဆံသား အညို-အနက် အရောင်မျက်လုံးနှင့် ဝဲဝဲရှိသော ဆံပင်ပုံသဏ္ဍာန် ကလေးအရွယ်ဟုမြင်ရပေသောသူ ၊ ထိုသူမာ စာအုပ်တစ်အုပ်ကိုဖတ်နေခဲ့တယ်

"ဗဟိုချက်မှ mana ထုတ်လွှင့်ရာ စိတ်မှထိန်းချုပ်သည်။တဲ့လား.." စာအုပ်ထဲတွင် ခြေနှစ်ဖက်အား သူတို့နှင့် တစ်ဖက်ခြမ်းရှိ ပေါင်နှစ်ဖက်ပေါ်တွင်တင်ကာ လက်နှစ်ဘက်မာ ဆီးဖုံးနားတွင် တစ်ဖက်ပေါ်တစ်ဖက်တင်ထားကာ ထိုင်နေပုံကိုမြင်ရလေတယ်

စာအုပ်ကိုဖတ်နေသူကလေးမာ ထိုအတိုင်းလိုက်လုပ်ကြည့်လေတယ်

...

"တစ်ဖက်တင်လို့ရပေမယ့် ဘယ်ဘက်ကိုတင်ဖို့က ဒီခန္ဓာနဲ့ကြတော့ ခက်တာပဲ" သူမျက်လုံးများကိုစုံမှိတ်လိုက်ကာ "mana အာရုံခံခြင်း..." ထိုအချိန်ကား ထိုသူ့အမြင်တွင် လေထဲမာ လွင့်မျောနေသော mana ဟုခေါ်ရပေမည့် အရောင်မျိုးစုံသော လေဝေ့ပုံစံလေးများကိုတွေ့ရလေတယ်

ဓားသာလျှင်အမြင့်မြတ်ဆုံးတိုက်ခိုက်ခြင်းပုံစံဖြစ်တဲ့ ဒီကမ္ဘာမာ mana ဆိုသော အရာများ နေရာတိုင်းတွင်ဝဲနေလေ၏ ၊ သောင်းပေါင်းချီသော တိုက်ခိုက်မှုပုံစံများထဲမှ ဓားအား mana နှင့်ဖုံး၍ တိုက်ခိုက်ခြင်းမာ အကောင်းဆုံးသော တိုက်ခိုက်ခြင်းဟု အသိအမှတ်ပြုရလေမည်

Lain k Dave, ဆိုသူမာ လွန်ခဲ့သော နှစ်ပေါင်းများစွာမာ တည်ရှိခဲ့သူတစ်ယောက် ကောင်းကင်မှမြေမမူ ဓားဖြင့်ခုတ်ဖြတ်နိုင်ခဲ့သူတစ်ယောက် ဖြစ်ပေတယ်

အခုတော့ လူဝင်စားဖြစ်လာကာ ၊ လူမဝင်စားခင်မာလဲ သာမန်ကျောင်းသားတစ်ယောက်အဖြစ် ဓားနှင့်တိုက်ခိုက်မှုတို့ ကင်းရှင်းသောနေရာတွင် နေခဲ့ပီးလေပြီ

ရာသီဥတုရဲ့ သာယာမှု ၊ လင်းလက်စွာ ကိုယ်ပေါ်သို့ ဖျာကျနေသော နေရောင် နှင့် အေးမြစွာ တိုက်ခက်သွားသောလေပြေမာ မှားစရာမရှိ ထိုကလေးကို စိတ်ရွှင်လန်းစေလေတယ်

ထိုသာယာမှုနှင့်အတူ သက်ပြင်းချလိုက်သော ထိုကလေး၏ အမှန်ပုံစံအစစ်မာ တစ်ချိန်က မကောင်းဆိုးဝါးတစ်ကောင်လို သောင်းကျန်းခဲ့သူ

Lain k Dave ဖြစ်ပေသည်