Chereads / Doulou:My Spirit Is a Spirit Ring(Translated burmese version) / Chapter 2 - Chapter 1:Death and awaking(part one)

Chapter 2 - Chapter 1:Death and awaking(part one)

ဒုလိုသလော တိုက်ကြီးရဲ့ ကောင်ကင် ဒုလို တိုက်ကြီး အနောက်တောင်ဘက် သေးငယ်တဲ့ တောင်တန်းပေါ်ကရွာလေး၏တစ်နေရာတွင်.....

မြေကြီးတွေက တအားကို တုန်ရင်နေလေတယ်။ရွာလေးထဲမှာရှိတဲ့ ရွာသူရွာသားတွေက တောင်ပေါ်မှာ ​

ပျိုလဲနေတဲ့ ဘုရားကျောင်းကြီးကို လှမ်းကာမြင်နေရလေတယ်။အဲ့ ဒီရဲ့ ဘုရားကျောင်းပေါ်မှာ ရွှေရောင် ချပ်ဝပ်ကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ရှိနေလေသည်။သူက ခုန်ပျံလိုက်ကာ သူ့ရဲ့လက်ထဲမှာရှိတဲ့ ရွှေရောင်ဓား​ကြီးကို ေဝ့ရမ်းပြီး မြေကြီးပေါ်သိို့ ပျင်းထန်စွာ ခုန်ချလိုက်လေသည်။..

"ဟေး အဲ့တာက ဝိဉာဉ်ကိုးကွင်း

..Title Doulou ကြီးလား."...

ဒီကမ္ဘာမှာဆိုရင်လေ စာကိုဘယ်လိုရေးရမှန်းမသိတဲ့ ရွာသားတွေတောင် ဒီလိုတောက်ပနေတဲ့ ဝိဉာဉ် စက်ဝိုင်းတွေရှိခြင်းရဲ့အဓိပ္ပါယ်ကိုသိပါတယ်။ ဘာလဲဆိုရင် ဝိဉာဉ်သခင်တွေလို့ခေါ်ပါတယ်။

ရွာသားတွေဟာ ဒီကြောက်ဖို့ကောင်းလွန်းလှတဲ့ တည်ရှိမှုကြီးကို ဒူးထောက်ကြတော့မည့်အချိန်တွင်..လက်ထဲမှာ သာမာန်မဟုတ်တဲ့

လူသတ်တူကြီးတစ်လက်ကို သူ့လက်ထဲကိုင်ထားတဲ့ ယောက်ျားတစ်ယောက်ဟာ ကောင်ကင်ပေါ်သို့

ခုန်ဝင်သွားတာတွေ့လိုက်လေသည်။..ထိုသူ့မှာလဲ ဝိဉာဉ်ကွင်း ၉ကွင်းရှိလေသည်။

အဝါ၂ကွင်း၊ခရမ်း၂ကွင်း၊အမဲကွင်း၄ နဲ့ အနီး၁ကွင်းပင်ဖြစ်သည်။

တိတိကျကျပြောမယ်ဆိုရင်တော့ နောက်ဆုံးကွင်းဟာ အနီကွင်းဖြစ်လေသည်။ဒီအနီကွင်းဟာဆိုရင် တစ်ခြားသော ကွင်းတွေနဲ့ မတူဘဲ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားတွေနဲ့ လူတွေရဲ့ နှလုံးကို တုန်လုပ်စေနိုင်ပေသည်။

" ဒါငါတို့ရွာမှာ ကလေးမွေးသွားတဲ့ ကလေးအမေရဲ့ ယောကျာ်း မဟုတ်ဘူးလား?သူတို့ လွန်ခဲ့တဲ့ ၃ရက်လောက်က ထွက်သွားပီထင်နေတာ။ဘုရားရေ သူက တဂယ်တော့ Title duolou ဖြစ်နေပါရောလား"ရွာသားတစ်ယောက်ဟာ တူကိုင်ထားပြီး သာမာန်လုံးဝမဖစ်နိုင်တဲ့ ထိုလူကို မှတ်မိသွားပါသည်။

BOo....M..!!!!

ရွှေရောင်ဓားကြီးနဲ တူကြီးတို့ရိုက်ခက်အိသွားတယ်။အဲ့ဒါကြောင့် ​မြေကြီးတွေဟာ နောက်ထက်တစ်ခါ တုန်ဟီးသွားပြီး..ချိုင့်ကြီးတွေပါဖြစ်ကုန်တယ်။ချိုင့်ကြီးတစ်ခုရဲ့အတွင်းထဲမှာတော့ ဓားကိုင်ထားတဲ့ Title doulou ရှိနေခဲ့လေတယ်။ရွာထဲက ရှိတဲ့ လူတစ်စုဟာ သူ့ကို ရွာထဲသို့ လမ်းပြကာ ခေါ်ဆောင်သွားလေတယ်။ဒါဏ်ရာ ရနေတဲ့ tittle doulou ဟာ ရွာသားတွေကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်လေသည်။

"မင်းတို့က ထန်ဟောက်ကို အစာနဲ့ရေ ထောက်ပံတဲ့အပြင် ကလေးကို မွေးပေးတောင် ကူညီပေးလိုက်သေးတယ်ပေါ့လေ ဟုတ်လား.?''.ဟု ဒါဏ်ရာရနေသည့် tittle doulou ကမေးလေသည်။

''အို ကြီးမြတ်လှတဲ့ Title douluo ရေ ဒါဘာလို့လဲဆို ငါတို့က ကောင်းတဲ့ရည်ရွယ်ချက်နဲ့..." ရွာသားတွေဟာ ဒူးထောက်ဂါဝရ ပြုကာ ရှင်းပြကျခြင်နေကျပါတယ်။

''ထန်​ေဟာက်ကို ကူညီခဲ့တဲ့ သူတွေအကုန်လုံးက ဝိဉာဉ်ခန်းမရဲ့ ရန်သူတွေဘဲ! !!! သူတို့ကို အကုန်သတ်ပြစ်!!!''..သူ့ရဲ့မျက်လုံးတွေ ကိုကြည့်လိုက်ရင်မူးမေ့သွားစေနိုင်ပါတယ်။ သူထင်နေတာက ဒီရွာသားတွေကြောင့်သာမဟုတ်ရင် သူက ထန်ဟောက်ရော ဝိဉာဉ်သားရဲကိုပါသတ်နိုင်ခဲ့မှာ။

''ဝိဉာဉ်သားရဲ နဲ့ ဝိဉာဉ်အရိုးတွေက ဝိဉာဉ်ဟောခန်းမဘဲ သက်ဆိုင်တယ်ကွ!!!.."

အကူအညီတောင်းသဖွယ်ဖြစ်နေတဲ့ ငိူကြွေးမှုတွေ နဲ့ ရက်စက်တဲ့ရီသံဟာ

ရွာလေးထဲတွင် ပဲ့တင်ထပ်နေတော့လေသည်။..

နောက်ဆုံးမှာတော့ ရွာလေဟာ လုံးဝဉသုံ တိတ်စိတ်မှု အခြေအနေသို့ရောက်ရှိသွားလေသည်။အရာအားလုံးဟာတိတ်ဆိတ်သွားသော်လည်း..သေသင့်သည်ဖြစ်သည့် ကလေးတစ်ယောက်ဟာ သူ့ရဲ့မျက်လုံးကိုဖွင့်ကာ အော်ငိုနေလေတော့သည်။...

''ငါတောင်းပန်ပါတယ်၊ဒါတွေအကုန်ငါ့ကြောင့်ပါ! ငါအသုံးမကျလိုဖြစ်တာပါကွာ"ဟုဆိုကာ ကြေကွဲဖွယ်ကောင်းတဲ့ ညည်းတွားသံလေးဟာ အချိန်ကြာမြင့်စွာ တောင်ပေါ်က ရွာလေတွင် ကြားနေရလေသည်။(ထန်ဟောက်)

.....

ကောင်းကင်ဒို အင်ပါရာ၏ အနောက်တောင်ကျဆုံးနေရာ ဖူရှင်နို စီရင်စု သန့်စင်ဝိဉာဉ်ရွာ....

အလွန်မြင့်မားတဲ့ တောင်ထိပ်တစ်နေရာတွင် ၆နှစ်အရွယ်ကောင်လေးတစ်ယောက်က ရုတ်တရုတ်ခရမ်းရောင် တွေတောက်နေတဲ့ သူ့မျက်လုံးတွေကို နေထွက်လာနဲ့တပြိုင်နက် ဖွင့်လိုက်ပါတယ်။

''လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင် သိုင်း ကို ၃လတောင်လေ့ကျင့်နေတာ အခုထိ ပထမအဆင့်ကို ဘာကြောင့် မတက်နိုင်သေးတာလဲမသိဘူး?..မနက်ခင်းမှာဘဲလေ့ကျင့်လို့ရတဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးက တိုးတက်နေပါတယ် ဒါပေမဲ့ဘာကြောင့် လျှို့ဝှက်ဆန်းကြယ်ကောင်းကင်သိုင်းက ဘာလို့အဆင့်တစ်နေရတာလဲ?''

''ဖြစ်န်ိုင်တာက ဒီကမ္ဘာနဲ့ ငါ့ရဲ့ မူလ ကမ္ဘာကြီးက မတူကွဲပြားနေလို့များလား?''

ဒီ သူစိမ်းဆန်ပြီး သူနဲ့ မရင်းနှီးတဲ့ ကမ္ဘာကြီးကို တွေးမိရင်း ထန်ဆန်းဟာ သူရဲ့ရင်ထဲမှာ ခန့်မှန်းကြည့်ခဲ့လေသည်။

''ဒီကမ္ဘာမှာ လူတွေက အသက်၆နှစ်ပြည့်ရင် သိုင်းဝိဉာည်နိုးထ ကြတယ်ဆိုတာ သိထားမိတယ်၊ဒီအချက်ကဘဲ အဖြေဖြစ်နိုင်တယ်ထင်တယ်''

''အကိုရေ အစားစားချိန်ရောက်နေပြီ အိမ်ပြန် ရအောင်လေ ငါဗိုက်ဆာ!နေပြီ''

ပန်းပဲတူကြီးကို သယ်ထားတဲ့ကလေးတစ်ယောက်က တောင်စောင်းနားမှာ ပေါ်လာခဲ့တယ်။သူက တောင်စောင်းနားမှာ တူကြီးကို သယ်ထားပီးတော့ ထိုင်ထ လုပ်နေခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီတူကြိးက ၁၂၀ kg ရှိတဲ့ လေးထောင့်တူကြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီတူကြီးကို ထန်ဂျူးကတော့ ကောက်ရိုးသဖွယ်အလားအောင်းမေ့ရလောက်အောင် ပေါ့ပေါ့ပါးပါး မထားလေးသတဲ့ကွယ်။

ဒီဖြစ်စဉ်ကို ကြည့်ပြီးတော် ထန်ဆန်း ခမြာ နှုတ်ခမ်းဒေါင့်က အလိုလိုတွန့်မိသွားပါတယ်။ပြီးတော့သူ့ကိုသူတီးတောပြောမိလိုက်တယ်

''ဒီ ရှောင်ဂျူ ဆိုတဲ့ကောင် တဂယ်ကို သာမာန်မဟုတ်ဘူးဘဲ။ငါ ကလျှို့ဝှက်ဆန်းကြယ်ကောင်ကင်းသိုင်းဖြစ်တဲ့ ထန်ဂိုဏ်းရဲ့ အတွင်းအားသိုင်းကိုလေ့ကျင့်ထားတယ်။ဒါပေမဲ့ ဒီကောင့်ရဲ့ သဘာဝအတိုင်း ကြီးထွားလာနေတဲ့ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု ကိုမယှဉ်နိုင်းသေးဘူး။အထူးသဖြင့် ခွန်းအားအရာမှာ ငါ့ထက်တောင်သာနေသေးတယ်''

ထန်ဆန်းက တွေးမိနေပါတယ်...သူ့ရဲ့ အရင်ဘဝက ပေါက်ကွဲအားက်ို

အထူးပြုပြီးတိုက်ခိုက်ကြတဲ့ ဆရာသမား​ေတွတောင် အသက်၆နှစ်မှာ သူ့ညီလို ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုမျိုးရှိမနေပါဘူး။

ထန်ဆန်းမသိတာက သူ့ညီကလဲ သူလိုဘဲဝင်စားတဲ့ လူတစ်ယောက်ဆ်ုတာပါဘဲ။

ထန်ဂျူးဆိုတဲ့ လူငယ်လေးဟာ သူ့အရင်ဘဝမှာတုန်း က အသက်စွန့်ရတဲ့ စွန်းစားခြင်းတွေကိုခုန်မင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။လူသားတွေရဲ့ သက်မှတ်ချက်ထက်ကြော်လွန်တဲ့ စွန်းစားခြင်းတွေ သေဘေးနီးတဲ့ နေရာတွေလိုမျိုးပေါ့။.သူရဲ့ အိုင်ဒေါ ကတော့ ထန်ဆန်းပင်ဖြစ်လေသည်။..

ဘာလို့လဲဆိုတော့ သူက ထန်းဆန်းလိုဘဲ တောင်ပေါ်ကနေ ခုန်ဆင်းခဲ့လို့ပါဘဲ....အဲ့ကိစ္စကြောင့် သူ့မှာသူ့ရဲ့၃နှစ်လုံးမှာရှိတဲ့ ပရတ်သတ်တွေထက် များတဲ့ ပရိတ်သတ်အသစ်တွေကို ထိုတနေ့ထဲမှာရရှိခဲ့ပေသည်။

ဒါပေမဲ့ ဒီကိစ္စဟာ သူ့ရဲ့ နောက်ဆုံး ရိုက်ကူးခြင်းဖြစ်မယ်မထင်ခဲ့ပါဘူး။

ဘာလိုလဲဆိုသူ သေသွားခဲ့လို့ပါ။ခုန်ခြ လို့သေခြင်းမျိုးတော့မဟုတ်ပေ..ပုရွက်ဆိတ်ကိုက်လို သေခြင်းဖြစ်ပေသည်။ခုန်ချ မှု ကြောင့်အရိုးကျိုးကာ မလုပ်နိုင်တော့သဖြင့် အရှင်လတ်လတ် ကျည်ဆန်ပုရွက်ဆိတ်ကိုက်စားခံရပြီး သေခြင်းဖြစ်သည်။(ဘယ်လိုတာင်လား..truck kun ခေတ်ကုန်ပြီ)

ကြောက်မက်ဖွယ်ကောင်းပြီး အဓိပ္ပါယ်မရှိပေ။

''ပုရွက်ဆိတ်သတ် လို့သေတာက ငါအခုလို သာမာန်မဟုတ်တဲ့ ခွန်အားတွေရှိနေတာရဲ့ အကြောင်းပြချက်များဖြစ်နေမလားဘဲ..''

ဘာလိုဒီလို ထန်ဂျူတွေးရတာလဲဆိုရင် ပုရွက်ဆတ်တွေက တိရစ္ဆာန် တွေးထဲမှာ စွမ်းအားအကြီးဆုံး သတ္တာဝါတွေဖြစ်နေတာကို...

ပုရွက်ဆိတ်အကြောင်းကို ဆွဲဆဲွဲမြဲမြဲ လေ့လာတဲ့ လေ့လာသူတွေအရဆိုပုရွက်ဆိတ်တစ်ကောင်က သူ့ခန္ဓာကိုယ်အလေးချိန်ထက် အစ ၄၀၀ ပိုသည့် အရာဝတ္တုများ ကိုပေါ့ပေါ့ပါးပါး မနိုင်လေပေသည်။နောက်ပြီး သူ့ရဲ့ အလေးချိန်ထက် အစပေါင်း ၁၇၀၀ လေးသည့် အရာတွေကိုလဲ ဆွဲ နိုင်ပေသည်။

ဒါဆိုရင် ကောက်ချက်ချ ကြည်လျှင် သူဟာ ၆၀kgအလေးချိန် ရှိပေးသည်။ထိုကြောင့် သူသာ ပုရွတ်ဆိတ်တွေရဲ့ အစွမ်းသာရှိလျှင် ၂၄တန် ရှိတဲ့ ပစ္စည်းတွေ ကို အလွယ်တကူမ ပြစ်နိုင်ပြီး ၁၀၂ တန်ရှိတဲ့ ပစ္စည်းတွေကိုတော့ ဆွဲယူနိုင်သည် ဟု ဆိုနိုင်ပါသည်။မျောက်ဘုရင်ရဲ့ ကြီးမြတ်သောဒုတ်တောင်မှ ၆၄.၈ တန်ဘဲရှိပေသည်။(lol mokey king's mightly rod)

ဟုပါတယ် တော်​တော်ကိုကြောက်ဖို့ကောင်းသည့် ပုရွက်ဆိတ် ပါဝါပင်ဖြစ်ပေသည်။

''ငါ့ရဲ့ သေဆုံးခြင်းက ဒီလိုအကျိုးအမြတ်တွေရမယ်မှန်း မမျှော်လင့်ထားဘူးကွာ၊ ငါ့မှာ န်ိုးထခါစ ဝိဉာဉ်သားရဲ ရဲ့ ခန္ဒာကိုယ်ကြံခိုင်မှုမျိုးရှိနေတယ်''

ဒါပေမဲ့ ထန်ဂျူဟာ စိတ်ပူနေမိပါသေးတယ်။ဒီကမ္ဘာက သိုင်းဝိဉာဉ်နိုးထားခြင်းမှာ အမှိုက် သိုင်းဝိဉာဉ် နှိုးထနိုင်တဲ့ ဖြစ်နေခြေကများတယ်လေ။နောက်ပြီးသူက ထန်ဟောင်ရဲ့ သားအစစ်လဲ မဟုတ်ပေ။မွေးစားခံထားခြင်းသာဖြစ်သည်။နတ်ဘုရားသာလျှ်င်ထန်ဂျူးရဲ့သိုင်းဝဉာဉ်က ဘယ်လိုလဲဆိုတာ သိပါသေးတယ်(ဒါပေါ့ စာရေးသူရယ် ငါရယ်က ချွင်းချက် haha)

ဒါပေါ့ ထန်ဂျူက သူ့ရဲ့အကို ထန်ဆန်းရှီက လျှို့ဝှက်ဆန်းကြယ်ကောင်းကင်သိုင်းကို သင်းပေးခိုင်းမယ်လို့ ကြံကြည့်သေးပါတယ်။ဒါပေမဲ့လဲ ထန်ဆန်းက သူ့လျှို့ဝက်ချက်ကို ဘယ်သူ့မှ မသိစေချင်သေးသလို အဲ့ဒီသိုင်းကို ဒီကမ္ဘာပေါ်မှာ ပျံ့ပွားဖို့စိတ်ကူးမရှိကြောင်းကို ထန်ဂျူတစ်ယောက်ရိပ်မိလေသည်။ထို့ကြောင့် ကိုယ့်အားကိုယ်ကိုး ဘို့သာသက်နိုင်တော့သည်။

ထန်ဂျူက သူထက်ရှည်တဲ့ ပန်းပဲတူကြီးကို ထမ်းလာကာ ညစာစားဖို့

အိမ်သို့ပြန်လာခဲ့သည်။ သူ့နောက်တွင်ထန်ဆန်း လည်းတစ်ပါထဲ ပါလာလေသည်။

သူတို့နှစ်ယောက်လုံးက ဒီနေ့အတွက် စိတ်လှုပ်ရှားနေလေသည်။ဘာလို့ဆို ဒီနေ့ ဝိဉာဉ်နှိုးထခြင်းအခန်းအနားကျင်းပမှာဖြစ်သောကြောင့်ဖြစ်၏။ညီအကိုနှစ်ယောက်လုံးတတ်ရောက်ဖို့အဖိတ်ခေါ်ခံရလေသည်။လူအိုကြီး ဂျက်စ်

ဟုခေါ်သည့် ရွာသူကြီးကတော့ သူတို့လေးတွေနဲ့ ရွာက ကလေးတွေအပေါ် မျှော်လင့်ချက် ကြီးမားပေသည်။လွန်ခဲ့သည့် ၃ ရက်လောက်က. လူအိုကြီးဂျက်စ်က ထန်ဟောက်ကို စွာကျယ်စွာကျယ်လုပ်ကာ ခလေးတွေအတွက် တွေးပေးဖို့ ဘာညာဘာညာ ပညာအလားကားသင်ပေးသွားသေးလေသည်။

သူပြောသွားတဲ့ စကားတွေထဲက တစ်ချို့မှာ

'' မင်းရဲ့ ကလေးတွေ အနည်းဆုံးသော တူသိုင်းဝိဉာဉ် နှိုးထသင့်တယ်။ဘာဘဲဖြစ်ဖြစ် တူက စွမ်းအားကြီးတာဘဲလေ၊ ပေါက်ပြားတွေထက်သော သာတာပေါ့။ပန်းပဲဆရာတိုင်းမှာ တူသိုင်းဝိဉာဉ်ဆိုတာရှိတာဘဲ ဘလာဘလာ။''

လူအိုးကြီးဂျက်စ်က သာပြောချင်သာပြောနေပေ မဲ့ အဲ့အချိန်တုန်းက ထန်ဂျူ

ခဗျာ ချွေးသံရဲရဲ ကြောက်ကြောက်နဲ့ ထန်ယောက်မျက်နှာကို ကြည့်နေရပါတယ်။ထန်ဟောက်မျက်နှာက. မဲတူးနေတဲ့ တူတစ်ချောင်းအလားပင် ဖြစ်နေပြီး ရွာသူကြီးကို ကန်ထုတ်ဖို့ အဆင်သင့်ဖြစ်နေလေပြီဖြစ်သည်။ Clear Sky Title douluo ကိုပြောချင်ရာပြောပြီး ဆူနေသည်မှာ တော် တော်ကို ကျတ်သီးထ စရာကောင်းလှပါသည်။ထန်ဟောက် သည်းခံနိုင်​ေနသည်မှာလဲ အံသြလို့မဆုံးနိုင်ပေ။

ထန်ဆန်းက သူ့အတွက်ရယ် သူ့အဖေအတွက်ရယ် အတွက် ယာခု နှစ်ပန်းကန်ကို ညစာ စားပွဲပေါ်သို့ယူလာက အော်ပြောလိုက်လေသည်''ထန်ဂျူ ကျန်တာမင်းအတွက် ဝေစုဘဲအကုန်ယူလိုက်တော့"

'''ဟာ.....ထပ်ပြီး ယာခုဘဲလား..?အသားကိုလုံးဝမပါသေးတာဘဲ ''

''ပိုက်ဆံမရှိဘူး....''

ဟုသာ ထန်ဟောက်ကတော့ တိုတို တုတ်တုတ် သာပြန်ပြောလိုက်လေသည်။

.

ထန်ဂျူသည် အရင်ဘဝ က သူတောင်းစားထက်ဆိုးသောအခြေအနေရောက်နေသည်ဟု ခံစားရနေသည်၊အနည်းဆုံးတော့သူတို့က

ဝက်သားစားနိုင်လေသည်။...

ကြီးကြယ်မြင့်မြတ်တဲ့ Title Douluo က အသားစားဖို့အတွက် ပိုက်ဆံမတတ်နိုင်ဘူးဆိုတော့ မင်းဘဝကြီးကတော့ ဆိုးသွမ်းလွန်းလှပါတယ်ကွာ....

ဒါကြောင့် ညီအကိုနှစ်ယောက်လုံးက ပိန်ချောက်နေ ပြောစရာမလိုပေ။

ထန်ဂျူး က အစားအသောက်နဲ့ ပက်သက်လို့ မကျေမနပ်ဖြစ်ပေမဲ့ လည်း စားစရာ ပန်းကန်လုံးကိုယူပြီး မနက်စာ စစားပါတော့တယ်။ထန်ဂျူး စားနေတာကို ကြည့်ပြီး ကျန်သားအဖနှစ်ယောက်ရဲ့ မျက်နှာတွေဟာ တှနန့်လိမ်သွှား​ေလရေဲ့...

ထန်ဂျူးဟာ သူ၏ မနက်စာကို တရန်နိုဆောရက်စ် ဆိုသည့် ဒိုင်နိူဆော တစ်ကောင်လို အားရပါးရစားသောက်နေစဉ်မှာပင် ရွာသူကြီး ဂျက် ဟာ တောင်မွှေးတစ်ချောင်းနဲ့ ရောက်လာပြီး အိမ်တံခါးကို လာခေါက်လေတယ်။.

အိမ်ထဲ ဝင်လာချင်းမှာဘဲ လူအိုကြီး ဂျက်ဟာ ထန်ဟောက်ဖက်ကို ကြည့်ပြီး 'ဟွန့်' ကနည်း နှာမှုတ်ထုတ်လိုက်လေတယ်။.

ထို့နောက် အပြုံလေးနဲ့ ကလေးနှစ်ယောက်ဖက်သို့လှည့်ပြီး.

'...'ရှောင်ဆန်း နဲ့ ရှောင်ဂျူး ရေ အဖိုးက မင်းတို့ ကို လာပြီးကြိုတာကွဲ့....''

အဲ့တာနဲ့ ထန်ဂျူးဟာ စားနေတဲ့ ပန်းကန်ကိုချ၊

သူ့ရဲ့ လက်ဆွဲတော် တူကြီးကိုမပြီး ထန်ဆန်းကို လက်ကိုဆွဲကာ အိမ်အပြင်သို့ပြေးထွက်သွားလေသည်, အိမ်ထဲမှာတော့ ထန်ဟောက်က တော့ ဒေါသထွက်နေတဲ့ မျက်နှာအနေ အထားရှိနေလသေညျ။ဒါပမေဲ့ ထန်ဂျူးက တော့ ဒီအချက်ကိုလုံးဝ လစ်လျှူရှုကာ ထန်ဆန်းကို ခေါ်သွားလေတော့သည်။

အဲဒီအချိန်မှာဘဲ..ထန်ဟောက် သည် တစ်ခုခုကို အော်ပြောလိုက်လေသည်

"ရှောင်ဆန်း,နေ့လည်မှာ ထမင်း၊ ဟင်း ချက်ဖို့ မမေ့နဲ့''..

....

''...ဟေး..ထန်ဂျူး ၊မင်းက ငါ့ထက်ပိုပြီးကောင်းကောင်းကန်းကန်းနဲ့ သက်သက်သာသာနေ နေရသလိုဘဲ.....''

ဟုဆိုကာ ထန်ဆန်းသည် ထန်ဂျူးဘက်သို့ မနှာလိုမှုများစွာဖြင့် လှည့်ကြည့်ကာ ပြောလိုက်လေသည်။ ထန်ဟောက်ကို ကြည့်ရတာ ထန်ဂျူးအပါ်ကို အထူးတဖြင့် အလေးပေးဆက်ဆံနေသလိုပါဘဲ၊ ဘာလိုလဲဆို အဝတ်လျှော်တာအစ ထမင်းဟင်း ချက်တာ အဆုံး ထန်ဆန်းက ဘဲ လုပ်နေရလို့ပါ ပါဘဲ။ ထန်ဆန်းသာ သူ့မှာ နှစ်ဘဝ မှတ်ဉာဏ်မရှိရင် သူက များ မွေးစားခံထားရတဲ့သူများဖြစ်နေမလားဟု တွေးမိမှာ အမှန်ပါဘဲ။...

''အင်း ကြည့်ရတာ လူအိုကြီးက ငါ့ကို ပိုက်ဆံတွေ အများကြီး အကြွေးတင်နေလို့ဖြစ်နိုင်တယ်''

ဟုပြန်ပြောလိုက်လေသည်

..ဟုတ်ပါတယ် ထန်ဟောက်ဆီကနေ အမြဲ အကြွေးတင်နေတယ်လို့ ထန်ဂျူးက အမြဲခံစားနေခဲ့မိပါတယ် ဒါပေမဲ့ ဘာလိုလည်းမသိ(နောက်အပိုင်းတွေမှာပါမည်)

မြင့်မြတ်သော ဝိဉာည် ရွှာ ၏ အလယ် ဗဟိုတွင်တည်ရှိတဲ့

သိုင်းဝိဉာည်နိုးထခြင်း အခန်းအနား ဟောခန်း အခွဲ ရှိရာသို့၊တန်ဂျူး နဲ့ ထန်ဆန်းဟာ လူအိုကြီး ဂျက် အနောက်ကို လိုက်ရင်းရောက်လာကျ ပါသည်။..ဒီလိုရွှာသေးသေးလေးမှာတောင် သိုင်းဝိဉာည် နိုးထခြင်း ဟောခန်းရှိတာဟာ.ထန်ဂျူးကို လျှာကိုက်မိစေသည် အထိ အံသြစေပါတယ်။ဝိဉာဉ်ခန်းမရဲ့ လွမ်မိုးနိုင်စွမ်း က တော်တော်ကြီး ကျယ်ပြန့်လို့ဘဲဖစ်ပါသည်။

( သိုင်းဝိိဉာဉ် နိုးထခြင်း ခန်းမတွေက ဝိဉာည်ခန်းမ ကနေ ဆောက်ထားတာဖြစ်ပါသည်)

''အို ကြီးမြတ်ပြီး လေးစားရတဲဲ့ ဝိဉာဉ် Grandmaster ခဗျား၊ခလေးတွေ အကုန် ဆုံပါပြီ''

ဟုပြောကာ လူအိုကြီး ဂျက်က ဉီးခေါင်းငုတ်ပြီး အသက်နှစ်ဆယ်အရွယ် ဝန်းကျင် ရှိတဲ့ လူငယ်တစ်ဉီးကို တလေးတစား နှုတ်ခွန်းဆက်သလိုက်လေသည်။ ထို့နောက် ကလေးတွေဘက် ကို လှည့်ပြီး

''အဖိုးကတော့ မင်းတို့ထဲက တစ်ယောက်တော့ ဝိဉာည်Master ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်ကွယ်''

အဲ့အခါမှာ ကလေးတွေအားလုံးရဲ့ မျက်လုံးထဲမှာ ပျော်ရွင်တဲအ အရိပ်အရောင်တွေပေါ်လာပြီး အာမေဋိတ်အသံတွေ ထွက်ပေါ်လာကြတယ်။ ဘာလိုလည်းဆိုတော့ ကလေးတွေ အားလုံးမှာ လူအိုကြီး ဂျက် ပြောပြသော ဝိဉာည်Master နယ်ပယ်အကြောင်းကို သိကျတော့ကြောင့်ဖြစ်ပါသည်။

Rank 1-10:ဝိဉာည် Scholar(ပညာရှင် or ကျောင်းသား)

Rank 11-20:ဝိဉာည်Master

Rank 21-30:ဝိဉာည်Grandmaster

Rank 31-40:ဝိဉာည် Elder(အကြီးအကဲ)

Rank 41-50:ဝိဉာည် Ancestor(ဘိုးဘေး)

Rank 51-60:ဝိဉာည် King(ဘုရင်)

Rank 61-70:ဝိဉာဉ် Emperor (အင်ပါယာ)

Rank 71-80:ဝိဉာဉ် Saint(သူတော်စင်)

Rank 81-90:ဝိဉာဉ် Doulou

Rank 91-100;ဝိဉာဉ် Titled

ဝိဉာဉ် Master တစ်ယောက်တောင် ကြာပြီဖြစ်တဲ့ ရွှာကလေးမှာ ဝိဉာည်Grandmaster ဟာဆိုရင်လုံးဝ အကောင်ကြီးတစ်ကောင်ပင်ဖြစ်ပါသည်။(အနူကြားထဲ လူချော🙂😂)

...''ဟုတ်ပီ ဟုတ်ပီ, ခင်ဗျား မနှစ်ကလည်း ဒီလို အဓိပ်ပါယျမရှိတာတှပွေောခဲ့တာဘဲ။ ဝိဉာည်master တစ်ယောက်ဖြစ်ဖို့ လွယ်တယ်လို့ထင်နေတာလား?ငါ ရွှာ ခြောက် ရွှာကို ရောက်ခဲ့ပြီးပြီ,ဝိဉာည် စွမ်းအင်ပါတဲ့ သူတစ်ယောက်မှ မတွေ့ခဲ့ဖူး''..

The Blind Doulou ကတော့ အဖိုးကြီး ဂျက် ဆီက နေ အရေမရ အဖက်မရတွေကို နားထောင်ဖို့ စိတ်မဝင်စားပါဘူး။ လူအိုကြီးဂျက်လည်း သူ ပြောတာ နားထောင်ပြီး ပိုပြီး အထီးကျန်သွားတဲ့ ပုံပေါက်သွားပေသည်,ခါးလည်း အနည်းငယ်ပို၍ ကိုင်းသွားပုံပေါက်လေသည်။ ဒါပေမဲ့လည်း သူ အသံတိူးတိုးသာ ရီနိုင်ပေ သည်,သူ ဘာကိို မှမတတ်နိုင်...

TN/(Titled Doulou ဆိုတာ Soul land မှာ နာမည်တစ်ခုရသွားတာပါ..ဉပမာ Sword Doulou, Bone Doulou ပေါ့.

ဒီမှာ Blind Doulou လို့ ဘာလို့သုံးထားတာလည်းဆိုရင် ခုလာတဲ့ Grandmaster က Original series မှာ ထန်ဆန်းကို ရအောင် သူတို့ဖက်ကို မခေါ်နိုင်ခဲ့လို့ပါ.။..ငွေပြာရောင်မြက်ဆိုပြီး ထန်ဆန်းကို သိပ်ကြီး အလေးမထားခဲ့လို့ ပါ.။God တောင် ဖြစ်လာမည့် Mc ,အရိပ်တင်မကဘူး အကောင်လိုက်ကြီး ကို တွေ့တာတောင် မမြင်ခဲ့လို့ သူ့ကို Blind Doulou ဆိုပြီး Fandom တွေက သမုပ်ကျ ခြင်းဖြစ်ပါသည်)

''....ဝိဉာဉ် Grandmaster က အဲ့လောက်ကြီးစွမ်းလို့လားဟ...?''....

ထန်ဂိုဏ်း ထဲမှာဆိုရင် သေသေခြာခြာကို မှတ်တန်းတင်ထားပြီး ယုံကြည်ထားကျတာက..

လူတစ်ယောက်ဟာ ဂုဏ်မောက်လေလေ,ထိုလူဟာ ပိုပြီး အားနည်းလေလေ ဖြစ်ပေသည်။ဆန်ကျင်ဖက်အနေဖြင့် သိုသို သိပ်သိပ်နဲ့ အေးအေးဆေးဆေးနေကျတဲ့ သူတွေဟာ တကယ့် ကို ပညာရှင်တေဖွဈေပသေညျ။

ထန်ဆန်းက အသံတိုးတိုးနဲ့ ထန်ဂျူးကို စကားပြောနေခြင်းဖြစ်သည်။

...''အင်း အဲ့လောက်လည်း မစွမ်းလောက်ပါဘူး နောက်ဆုံးမှာတော့ သူက အဆင့် ၂၆ ဘဲရှိတာဘဲလေ ။၉၉ အဆင့်က အမြင့်ဆူံးဆိုရင် သူ့ အဆင့်က ၃ပုံပုံ ၁ ပုံထက်တောင် နည်းနေသေးတာကို''...

ဒါပေါ့,Su Yuntao မှာ ဘယ်လောက်စွမ်းသလဲဆိုတာသိတာပေါ့၊ ဘယ်လို ခွန်အားတွေပိုင်ဆိုင်ထားသလဲ သိတာပေါ့။ဘာလိုလဲဆို နောက် တစ်နှစ် နှစ်နှစ် အတွင်းမှာဘဲ ထန်ဆန်းက အဲ့ GrandMaster ကို အလွယ်လေးသိပ်နိုင်ပြီလေ။

ထန်ဆန်းက ထန်ဂျူးရဲ့ ထင်မြင်ချက်ကို အကျိုးသင့်အကြောင်းသင့်သောရှင်းလင်းချက်ကြောင့် လုံးဝထောက်ခံကာ ခေါင်ငြိမ့်၍ ထန်ဂျူးအား သူက ထောက်ခံကြောင်း ပြပေသည်။ဟုတ်ပေ သည်.သူ၏ အရင်ကမ္ဘာ မှာတုန်းမှာလည်း လူတစ်ထောင်မှာ တစ်ယောက်သောသူကို သာ ကျွမ်းကျင်ပညာရှင်ဟုသတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။

.....''ဘယ်လိုတောင် ဉီးနှောက်မဲ့ရတာလည်း ဟန်!,၊မင်းတို့ ဘဝမှာ ဘယ်တော့မှ ဝိဉာည်Master ဖြစ်နိုင်မှာတောင်မဟုတ်တာတောင် ငါ့ရဲ့ ခွန်းအားနဲ့ အားနည်းချက်နဲ့ ပက်သက်ပြီးတော့ မေးခွန်းထုတ်ခြင်နေတာလား! မင်းတို့ အားလုံးကို ငါ့ လက်ချောင်းတစ်ချောင်းတည်း နဲ့ ကြေမွသွားအောင် ဖိနှိပ် ချယ်လည်နိုင်တယ်ကွ''...

Su Yuntao က ထန်ဂျူးကို ဖျက်ကနည်းကြည့်လိုက်ပြီး ကဲရဲ့ကာ ပြောဆိုလေသည်။

''ဟ အကြားအာရုံံ တော်တော်ကောင်းတာဘဲ''

ဟု ထန်းဆန်းက အံသြသွားကာ ပြောလေသည်။ သူ ထန်ဂျူးကို စကားပြောနေတာက သူ့ရဲ့နား အနားလေးကို ကပ်ပြီး တိုးတိုးလေ ကပ်ပြောနေခြင်းပါ,၊သူ့တို့ အနီးနားမှ ရှိတဲ့ လူအိုကြီး ဂျက်တောင်မှ မကြားနိုင်တာကို သူက ကြားရသကို...

ထန်ဂျူးလည်း နည်းနည်းငြီးတွားမိလိုက်ပါတယ်,Su Yutao လို ခွေးကောင်က အကြားအာရုံံ ဘယ်လိုလုပ်ပီး မကောင်းရမှာလည်းပေါ့..

Su Yutao က အလျင်တော်တော်လိုနေပါတယ်။သူ့ကိုယ်သူ မိတ်ဆက်ပြီး မကြာခင်မှာဘဲ သူဟာ မြင့်မြတ်တဲ့ ဝူဟန် နိုးထခြင်း ကျောက်တုံး ခြောက် တုံးနဲ့ အပြာရောင် ဇရစ်စတယ်ဘောလုံးကို ချက်ချင်းထုတ်လိုက်လေတယ်။ထိုေ့နာကျ

ကျောက်တုံးတွေကို ခြောက်ထောင့် ကြယ်ပုံ စံ ပြင်ပြိး ကလေးတွေကို ကြယ်ပုံစံခွက်ထဲ သို့ ဝင်ခိုင်းလေသည်။

'' မင်းရဲ့ မျက်လူံးကို မှိတ်ထားပြီး သေသေချာချာ အာရုံစိုက်ပြီး ခံစားကြည့်''

ဟု Su Yntao က အော်ပြောလိုက်ချိန်တွင် ,သူ၏ ဝိဉာည် စွမ်းအားတွေ က တဟုန်းတိုး တိုးထွက်လာလေသည်။

''အထီးကျန် ဝံပုလွေ ထွက်ခဲ့စမ်း''ဲ့...

သူရဲ့ ဝိဉာည် စွမ်းအားတွေ ပေါင်းဆက်ခြင်း နှင့်အတူ Su Yuntao ရဲ့ ဆံပင် အမဲရောင်ဟာ ခရမ်းရောင်သို့ပြောင်းသွားရုံသာမက ဘဲ ဆံပင်တွေဟာ သူ၏ လက်ပေါ်ထိရောက်အောင်ကို ရှည်လာလေသည်။သူ၏ တစ်ကိုယ်လုံးမှာရှိ တဲ့ ကြွက်သားတွေ ဟာလည်း ဖောင်းကြွလာပြီး.၊အခြိနျမရှေှးပေါကျကှဲတော့မညျ အတိုင်းပင်...

လက်သည်းရှည်တွေ ဟာ သူ၏လက်ချောင်းများမှ တဖြည်းဖြည်းရှည်ထွက်လာပြီး..မျက်လုံးတစ်စုံမှာလည်း အစိမ်းရောင် ဖြော့ဖြော့လေး ဖျက်ကနည်း လက်သွားကာ. ..ဝိဉာည်ကွင်း အဖြူတစ်ကွင်း နှင့် အဝါတစ်ကွင်း, စုစုပေါင်း ဝိဉာည် နှစ်ကွင်း မှာ သူ့၏ အပေါ်သို့ ပေါ်ထွက်လာလေသည်။

ကလေးတွေအကုန် လန့်သွားကျပေမဲ့ ထန်ဆန်းကတော့ သိချင်စိတ်တွေသာ ပြင်းပြနေပါတော့တယ်။

ထန်ဂျူး သည်လည်း Su Yutao ကို ကြည့်ြပီး သူ့စိတ်ထဲ မှာ အထိးကျန်ဝံပုလွေ အကြာင်းကို အတွေးနယ်ချဲဲ့နေလေသေညျ။ သူအံသြမိတာ က သားရဲသိုင်းဝိဉာည်က ဘယ်လောက်တောင် သူ့ရဲ့ ကိုယ်ခွန်အားကို တိုးမြင့်ပေးနိုင်တာလည်းဆိုတာပါဘဲ၊အကယ်၍ ထန်ဂျူးသာ ပိုပြီး အစွမ်းထက်တဲ့ သားရဲဝိဉာည်ကိုသာ နိုးထနိုင်ခဲ့ရင် သူက ပိုပြီး စွမ်းအားကြီးလာမည်ဆို တာ မလွဲဧကံဖြစ်ပေသည်။

သက်တန်း မရင့်တဲ့ ဝိဉာည်ကွင်းတွေကြောင့် ထန်ဂျူးဟာ SuYuntao ကို မလှောင်ပါဘူး။အကယ်၍ မင်းကသာ ကလန်တွေက နေ လေ့ကျင့်ပေးခံရတဲ့ အထက်တန်းထား (elite) သာမဟုတ်ဖူးဆိုရင် မင်းနဲ့ သင့်တော်ပြီးလိုက်ဖက်တဲ့ ဝိညါည်ကွင်းရဖို့ဆို တာ တော်တော်ခက်ခဲမှန်း ထန်ဂျူးသိနေတယ်လေ။...ဒါပေမဲ့ ဒီ သူတောင်းစားကို က တော်တော်ကို ဂုဏ်မောက်လွန်းပြီး မာနကြီးနေတာပါ,လူတွေရေအတွေးထဲကို လည်း အဆိုးမြင်တတ်လာအောင်က အမြဲ ပြောဆိုတတ်သေး

SuYntao က ချက်ချငိးဘဲ သူ့ရဲ့ လက်ဝါးနှစ်ဖက်ကို ရိုက်လိုက်ပြီး ​ေကျာက်တုံး​ခြောက်တူံးထဲကို ဝိဉာည်စွမ်းအားထည့်လိုက်လေသည်။ထို ကျောက်တုံးခြောက်တူံးမှာ ရွှေရောင်လက်လာပြီး ရွှေရောင် အကာအကွယ်ကြီးတစ်ခုထွက်လာလေ သည်။ရွှေရောင်အကာထဲမှာ စောနက ဝင်လာတဲ့.ကောင်လေးတစ်ယောက်က လေ ထဲ လွင့်နေကာရှိနေသည်။

''မင်းညာလက်ကို ရှေ့ဆန့်ထုတ်ကြည်လိုက်''

ဟု၍ Suyntao က ခံညား ဂုဏ်မောက်စွာပြောလေသည်။

ကောင်ကလေးလည်း သူ့လက်ကို ရှေ့ဆန့်ထုတ်ကြည့်ရာ သူ့လက်ဖဝါးကနေ ဓားမြှောင်လေး ထွက်လာတာကို တွေ့ရလေသာ်။

'' သီးနှံရိတ်တဲ့ ဓားမြောင်လည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်၊အကယ်၍ မင်းမှာသာ သူ့မှာ ဝိဉာဘ်စွမ်းအားရှိရင် ဝိညါည်Master ဖြစ်နိုင်တယ်ကွ''

SuYntao က ချက်ချင်း ဘဲ အပြာရောင် ခရစ်စတယ် ဘောလုံးကို ထုတ်ကာ ကောင်လေးရဲ့ လက်ထဲ တန်းထည့်လိုက်တယ်..ထို့နောက် ဘားမှ တုံပြန်မှုမရှိဘဲ သူနေသားကျနေပြီဖြစ်တဲ့ ပြောနေကျ စကားလုံးသားပြောလိုက်လေသည်။

'' ဝိဉာည်စွမ်းအားမရှိဘူး၊ နောက်တစ်ယောက်လာ''

ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်သာ သူတို့ ရဲ့ သိုင်းဝိဉာည်တွေ နိုးထပြီးသွားတယ်,၊ Su Yuntao ကတော့ သူ့ခေါင်းသာ ခါပြီး

''တိုက်ခိုက်နိုင်စွမ်းမရှိ၊ကာကွယ်မှု စွမ်းရည်မရှိ၊ထူးခြားတဲ့ စွမ်းရည်မရှိ၊ဝိဉာည်စွမ်းအားမရှိ .ဟူးးး သူတို့ထဲက ဝိဉာည် Master ဖြစ်နိုင်တဲ့သူ တစ်ယောက်မှ မပါဘူးဘဲ''...

ဒီကလေးတွေလည်း ဒါဟာ သူတို့ ဘဝကို ပြောင်းလဲ ပေးနိုင်တဲ့ အခွင့်အရေးတစ်ရပ် ဆိုတာ သိကြတာပေါ့ ဒါပေမဲ့ သူတို့ ဒီတောင်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး သူတို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ပါပြီ။

သူတို့တွေ အပြီးမှာတော့ ထန်စန်း အလှည့်သို့ ရောက်လို့လာခဲ့ပေတယ်။သူ ရဲ့ သိုင်းဝိဉာည်က ငွေပြာရောင် မြက်ဘဲ ဖြစ်မှာကတော့ အံသြစရာမဟုတ်ပါဘူး.။နိုဘယ်ဖတ်ဖတ်၊ အန်နီမေးရှင်းကြည့်ကြည့် Soul land fan တိုင်းသိနေပြီးသားမို့ပါ..

Su Yuntao က ဒီတစ်ခါလည်း ခေါငျးရမျးမိကာ

''နောက်ထပ် အမှိုက် သိုင်းဝိဉာည်ပါဘဲလားကွာ၊ ကဲနောက်တစ်ယောက်''

''ဟေ့ ခင်ဗျား ကျုပ် အကိုရဲ့ ဝိဉာည်စွမ်းအားကို မစစ်ကြည့်ရသေးဘူးလေ၊ ခင်ဗျားကိုယ်ခင်ဗျား ဒါ အချောင်ခိုနေတာမ ဟုတ်ဖူးလား၊ ကျွတ်စ် တာဝန်ခံမှု မရှိလိုက်တာ''..

...ထန်ဂျူးရဲ့ လေသံကတော့ တင်းတင်းပါဘဲ

''မင်း စစ်ကြည့်တာဘဲ ဖြစ်ဖြစ် မစစ်ကြည့်တာဘဲဖြစ်ဖြစ်အဖြေက တူတူဘဲဟ၊ငွေပြာရောင်မြက်မှာ ဝိဉာည်စွမ်းအားလူံးဝကို မရှိနိူင်တာကွ၊ဒါက လူတိုင်းသိထားတဲ့အခြေခံ....''

သူ့စကားမဆုံးခင်မှာဘဲ Su Yuntao က ထန်စန်း လက်ထဲမှ ဘောလုံးမှ ကန်းလောက်အောင်ကို လင်းနေတဲ့ အလင်းတွေထုတ်နေတာကို တွေ့လိုက်ရလေသည်။

''ဘာရယ်...! မွေးရာပါ ဝိဉာည်စွမ်းအင် အပြည့်ပါလား''

ဟုဆိုကာ သူရဲ့ မျက်လုံးတွေက တစ်ခဏ တောက်ပသွားခဲ့ပေမဲ့ ခဏအကြာ

မှာတော့ သူ့ရဲ့ပုံမှန်အတိုင်း အရှေ့က ပြောခဲ့သည့် လေသံအတိုင်းသာဖြစ်သွားပေသည်။

''ကံဆိုးလိုက်ပေ ပါလားကွာ....မင်းရဲ့ သိုင်းဝိဉာည်က ငွေပြာရောင်မြက်ဖြစ်နေတာဆိုးတာဘဲကွ၊ လယ်ထွန်တဲ့ သိုင်းဝိဉာည်တစ်ခုခု ရရင်တောင် ဒီထက် သာအုံးမယ်ကွ၊ကျွတ်စ် ကျွတ်စ် ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်လေခြင်း။

''ဉီးလေရေ... မွေးရာပါဝိဉာည်စွမ်းအင်အပြည့်ဆိုတာ ဘာကို ပြောချင်တာလည်းဗျ၊အဲ့တာက ဘာကြီးလဲဟင်။"

ထန်စန်း က သိချင်စိတ်နဲ့ စပ်စုလေတယ်။

ဒါပေမဲ့ Su Yuntao က ထန်စန်းမေးတာကို မဖြေခဲ့ပါဘူး။ပုံမှန်အခြေအနေရ ဆိုရင် သူ မေးခွန်း တစ်ခု ဖြစ်စေ နှစ်ခုဖြစ် ဖြေမိအုံးမှာပါ။ဒါပေမဲ့ အစောပိုင်းက ဒီညီ အကို နှစ်ယောက်က သူ့

မကောင်းကြောင်းပြော နေခေဲ့တာကို၊ဒီအခကြျကွောငျ့ ဒေါသထွက် လို့ကတစ်ကြောင်း၊ ထန်းစန်းရဲ့ သိုင်းဝိဉာည် က ငွေပြာရောင်မြက်ဖြစ်နေလို့တစ်ကြောင်း..ထန်စန်းမေးခွန်းကို ဂရုမစိုက်တော့ဘဲ စိတ်မရှည် စွာ နောက်ဆုံး ကျန်တဲ့ ကလေးတစ်ယောက်ကို ခေါ်လိုက်ပါတယ်

''ကဲနောက်ဆုံးတစ်ယောက်လာ''..

ထိုအခါ ထန်ဂျူး လည်း သိုင်းဝိဉာည်နိုးထခြင်းကို ဖြစ်စေတဲ့ ကျောက်တုံးခြောက်တုံး ပုံစံခွက်ထဲကို ဝင်လာ လိုက်ပါတယ်။အဲ့အချိန်မှာ ရှေးကနည်းတူ ရွှေရောင် အလင်းတန်းတွေက ပေါ်ထွက်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပါတယ်။.အဲ့အချိန်မှာ သူက နွေးထွေးတဲ့ အပူစီးချောင်း တစ်ခုကို ခံစားလိုက်ရပြီး သူ့ ရဲ့ ခန္ဓာကိုယ်ထဲကနေ စွမ်းအားတစ်ခုခုထွက်လာတော့မယ်လို့ သူခံစားနေရပါတယ်။

မကြာပါဖူး ထန်ဂျူးက သူ့လက်ကို ရှေ့သို့ ဆန့်ထုပ်လိုက်တဲ့ အခါမှာ တော်တော်ကို လင်းတဲ့ အလင်းစက်ဝိုင်း လေးက သူ့လက်မှာပေါ်လာပေတယ်။အဲ့အရာလေးရဲ ပုံစံ က သာမာန်မဟုတ်ပေ မဲ့ ထန်ဂျူးဟာ ဒီ စက်ဝိုင်းလေးနဲ့ တော်တော်ကို ရင်းနှီးနေတယ် လို့ခံစားရနေပါတယ်။.

....

''ဒါက..လက်နက် သိုင်းဝိဉာည် လည်းမဟုတ်ဖူး...ဖြစ်နိုင်တာက. သားရဲသိုင်းဝိဉာည်များလား?'' ဟုဆိုကာ

Su Yuntao က ထန်ဂျူးလက်ကို ကြည့်လိုက်ပေမဲ့ ထန်ဂျူးလက်ထဲမှာ ဘားမှမရှိပါဘူး၊အဲ့ဒီနောက် ထန်ဂျူးရဲ့ ကိုယ်ကို တဈခကြျပွနျစဈကွညျ့ပတေယျဲ။ဒီအခါမှသာ ထန်ဂျူးကိုယ်ကနေ ''အဖြူရောင်ဥ'' ပုံစံ အရိပ် ကလေးက ထွက်ပေါ်နေတာကို တွေ့ရပါတယ်။

''အော် နောက်ထပ် သန္ဓန်ပြောင်း အမှိုက် သိုင်းဝိဉာည်ဘဲ ဖြစ်ရမယ်'' ဟုသာ SuYuntao က မှတ်လိုက်ပါတယ်။

ဟုတ်တယ်လေ "ဥ''တစ်လုံးက ဘာတွေများ လူတစ်ယောက်ကို ကူညီထောက်ပံ့ပေးနိုင်လို့လည်း။ဘာလဲ ဥ နဲ့ လူတစ်ယောက်ကို ဖိ သတ်နိုင်တာလား? ကြက်ပေါက်လေးတွေ ထွက်လာအောင်လုပ်ပေးမှာလား?..

(မြန်မာ နိုင်ငံမှာတော့ "ဥကြောင့် အသက်ရှင်နေရတာပါဗျာ🙂😂)..

''ဟန် ဥ? ဘာဥလည်း ?အခု ငါ့လက်ထဲမှာ ပေါ်နေတာက အလင်းစက်ဝိုင်း တစ်ခု ပါဟ။''..

ဒီအဖိုကြီး ကန်းနေတာတော့မဟုတ်ဖူးမလား လက်ထဲမှာ ရှိနေတဲ အကွင်း က တော်တော်ကြီးကို လင်းနေတာပါကွ..

''မင်းတို့ မမြင်ရဖူးလား ဟင်?'' ဟုပြောကာ ထန်ဂျူးက ထန်စန်းဘက်ကို လှည့်ပြီး မေးလေသည်။

'' ရှောင်ဂျူးရေ မင်းလက်ထဲမှာ ဘားမှမရှိဘူး.ဒါပေမဲ့ မင်း ကိုယ်ပေါ် ကနေတော့ 'ဥ' တစ်လုံး ပေါ်နေတာတော့တွေ့တယ်ကွ၊ အဲ့တာ ကမင်း ရဲ့ သိုင်းဝိဉာည်ထင် တယ်''..ဟု၍သာ ထန်စန်းက ပြန်ဖြေလေသည်။

''ဟာတဂယ်ကြီးလား၊ ငါတဂယ်ကို ဉာဏ်ကြီရှင်လေးဘဲဖြစ်ရမယ် ဟေးဟေး။'ဉ' တစ်လုံး ကို သိုင်းဝိဉာည်အဖြစ်ငါ တဂယ် နိုးထခဲ့တာ ယုံတောင်မယုံနိုင်ဘူး''

သူစိတ်လှုပ်ရှားနေတာပါ ။မလှုပ်ရှားဘဲလည်းမနေနိုင်ဘူးလေ ..သူခုလေတင်ဘဲ သူက အမွှာ သိုင်းဝိညာည် ပိုင်ဆိုင်တာကို သဘောပေါက်သွားသကို..

''ပို ပြီးကြောက် ဖို့ကောင်းတာက ငါ့လက်ထဲက အလင်း စက်ဝိုင်းအကွင်း ဘဲဟ..၊ တစ်ခြားသူတွေ မမြင်နိုင်တာကိုကြည့်ရင် ဒါက တော်တော်ထူးဆန်းပြီး အလွန်းရှားတဲ့ သိုင်းဝိဉာည် အမျိုးအစားဘဲဖြစ်ရမယ်။

တုလု တိုက်ကြီထဲမှာ သိုင်းဝိဉာည်က ပိုပြီးထူးခြားပြီး ရှားလေလေ ၊ ပိုပြီး အစွမ်းးထက်တဲ့ သိုင်းဝိဉာည်ဖြစ်လေလေ ဘဲလေ..

ဒီအကြောင်းတွေကို အတွေးနက်ပြီး ဇန်ဝင်နေချိန်မှာ ထန်ဂျူး က ရုတ်တရတ်

Su Yantao ရဲ့ ဝိဉာဉ်ကွင်း တွေကို တစ်ချက်လောက် ကြည့်လိုက်ပါတယ်။အဲ့ဒီအခါကျမှဘဲ သူ့လက်ထဲ က အကွင်းက ဘာလို့ ရင်နှီးနေတာလဲ ဆိုတာကို သူသဘောပေါက်သွားပေတော့တယ်။ဟုတ်ပါတယ် သူ့လက်ထဲက အကွင်းက ဝိဉာည်ကွင်းကြီးဖြစ်နေပါတယ်လေ....