ဒီစာကိုဖတ်နေတဲ့အချိန်မှာအားလုံးဟာအတိတ်ဖြစ်ကြောင်းသတိပြုပါရက်တရားပစ္စုပ္ပန်ပေါ်သက်ရောက်နေသောပြစ်ချက် ဒါမှမဟုတ် တစ်ခုတည်းသောကောင်းကွက် အဖြစ်သတိပြုနိုင်ကြောင်း သတိပေးပါရစေ
ဒီဟာကဝတ္ထုမှတ်တမ်းမဟုတ်ပါဘူး အမှာစာသပ်သပ်ဖြစ်သည်။ ဤဇာတ်လမ်းတွင် ရည်ရွယ်သူတို့ရှိသည်။ အဖွဲ့အစည်းတစ်ချို့ကိုရည်ရွယ်သည် သို့သော် အရာအားလုံးမဟုတ် အပြည့်အဝမဟုတ်
ဤဇာတ်လမ်းသည် စိတ္တဇဆန်မည်ဟုလည်းယတိမပြတ် အချစ်ဇာတ်လမ်းလို့လည်းမပြောနိုင် နိုင်ငံရေးသမိုင်းလို့ဆိုသော် မမှန်သေး ဘာမှန်းရေရေရာရာအမည်တပ်၍မရသော မဇတ်တမ်းတစ်ခုအဖြစ်သတ်မှတ်နိုင်သည်
ဤဇာတ်လမ်းကိုဖတ်၍ မည်သည့်အကျိုးအမြတ်ရမည်ဟူ၍လည်း အာမ မခံပါ တစ်ခုခုကျန်ခဲ့မည်ဟုလည်း စကားမဆိုပါ သို့သော် စာဖတ်နေစဉ်တွင်း ခံစားချက်တို့အား နွေးထွေးနေအောင် ပြုပါရန်မေတ္တာရပ်ခံပါသည်
အခန်း(၁)
ရာသီစက်ဝန်း၏အဦးအဖျား ကို နှေ ဟုသမုတ်ကြသည်။ ရာသီစဉ်ကိုဆိုသော် နွေ၊မိုး၊ဆောင်း ဟူ၍ ရှေ့ဆုံးရောကျသညျကနှဖွေဈသညျ။ နွေသည် ကျန်ရာသီနှစ်ပါးနှင့် ခြားနားသည်ကို သတိပြုမိပါ၏လော ဟုတ်ပါသည် နွေသည် ၎င်း၏ အရှိကိုအရှိအတိုင်းပြတတ်သည်။ နေမှလာသောအပူသည် ကမ္ဘာမြေပေါ်တည့်တည့်ကျသည် မိုးနှင့်ဆောင်းလို့ ရေခိုးရေငွေ့များအား တစ်ပါတည်းရောယောင်၍ခေါ်မလာ သူတစ်ကိုယ်တည်းလာသည် သူ၏သဘာဝ သူသာပြနိုင်သည် ရိုးရှင်းလွန်းသည်မဟုတ်လော။ နွေကိုလူကြိုက်နည်းလှသည်ဟု ပြောကြသည်။ ဟုတ်ပါလိမ့်မည် ရိုးရှင်းစွာ တည့်တည့်မတ်မတ်လာသော နေပူရှိန်ပြင်းပြင်းအောက်တွင် နွေ၏အလှကို ဘယ်လိုခံစားနိုင်ပါမည်နည်း နားလည်ပါသည်။ သို့သော် ကျွန်တော်တွေ့ရှိ၍ အဓိပ်ပါယျဖှငျ့ဆိုသောနှကေား လှပလွန်းမည်။
..........
"နွေမှာဆိုရင်လေ လှိုင် သိပ်ပျော်တာပဲသိသလား သက်ဝေ"
ကျွန်တော်ထိုစဉ်က သည့်ထက်များစွာ ငယ်သေးသည်မို့ အစ်မလှိုင်၏ ပုဂ္ဂလဖွင့်ဆိုချက်ကို နားမလည်နိုင် သို့ဖြင့်ပြန်မေးမိသညိ
"အစ်မလှိုင်ရယ် နေပူပူ နွေပူပူမှာ ဘယ်သူဟာ အပျော်ရှာနိုင်ပါ့မလဲဗျာ"
အစ်မလှိုင်သည် သူ၏ဖြူစင်ညီညာသောသွားများပျော်အောင် ပြုံးသည် အကြောစိမ်းများပင်မြင်နေရသော ပါးမို့နှစ်ဖက်ပေါ်ရှိ တစ်ခုတည်းသာရှိသော ညာဘက်ပါးက ပါးချိုင့်သည် ထင်ကနည်းပေါ်လာသည်။ ဤအပြုံးသည် မသိနားမလည်သော မောင်ငယ်၏အမှားကို ဗွေမယူသော အစ်မတစ်ယောက်၏ အပြုံးမျိုး
" မောင်လေးသက်ဝေက ငယ်သေးတာကိုကွယ် နောင်တစ်ချိန်ဖွင့်ဆိုတတ်ရင် သိလာပါလိမ့်မယ်ကွယ်"
ကျွန်တော့်အသက်အရွယ် ကျွန်တော်သိသည်မို့ ငယ်သည်ဟုအပြောခံရသည်ကိုစိတ်မဆိုးပါ အသိပညာပိုင်းတွင် ငယ်သေး၍ မသိဟူသောစကားကိုအင်မတန်မုန်းသည်
"အစ်မလှိုင်ကလည်း ငယ်တာနဲ့ဘာဆိုင်လဲ ရှင်းပြရင်နားလည်မှာပဲမဟုတ်လား"
ကျွန်တော့်အသံမာသွားသည်ထင်သည်
အစ်မလှိုင်ပြုံးသည် သို့သော်စကားထပ်မဆို အဓိပ်ပါယျပွညျ့လှနျးလှသညျ့အပွုံးတဈခုဟု သမုတ်နိုင်သည်
"မ လှိုင်ရှင်းပြမယ်ကွယ် သက်ဝေ ငယ်ငယ်တုန်းက စကားပြောတတ်လား နောက်ပြီး လူကြီးတွေပြောရင်ရော နားလည်နိုင်ပါ့မလား'
"မ လှိုင်ကလည်း သက်ဝေနားလည်အောင်ရှင်းနိုင်ရင်နားလည်ရမှာပေါ့"
မ လှိုင်သည် ပြုံးရုံသာပြုံးပြန်သည် ထိုအချိန်ကတော့နားမလည်ခဲ့ပါ ယခုတွင်တော့....
ကျွန်တော်စဉ်းစားမိသည့်အရာသည် လွန်ခဲ့သည် ဆယ်စုနှစ်တစ်ခုဆီက အကြောင်းအရာ ထိုအချိန်က ကျွန်တော်အသက်၉နှစ် မ လှိုင်ဟုကျွန်တော်ခေါ်သော လှိုင်နန်းနွယ် ဟုခေါ်သည့် အစ်မသည် အသက်၁၉နှစ်ပင်ဖြစ်နှင့်နေပြီ။ အသက်ဆယ်နှစ်ကျော်ကျော်မျှကွာသည်
ယခုတွင်တော့ သူလည်း ဘယ်ဆီကိုရောက်မှန်းကျွန်တော် မသိတော့ပါ သိရန်လည်း မကြိုးစားနိုင်တော့ပါ အဘယ်ကြောင့်ဆိုသော် မ လှိုင်သည် ပြဿနာ တစ်ခုအတွက် ဘယ်ဆီသို့မပြောဘဲ အပြီးထွက်သွားသည်ဆိုသည်
သူ၏ မိဘများကြားသည်ကတော့ လစ်သူရေးနီးယား နိုင်ငံသားတစ်ယောက်နှင့်အိမ်ထောင်ကျသွားသည်ဟု ပေါက်ပေါက်ရှာရှာ သတင်းကရသေးသည် ထားလိုက်ပါတော့ ဒါတွေဟာ အတိတ်ပေပဲ တွေးရင်းတော့ပြုံးမိသည်
ထိုစဉ်က အသိဉာဏ်ရှိသော်လည်း ဆင်ခြင်နိုင်စွမ်းနည်းလှသည် မိမိကိုယ်မိမိသိလှတတ်လှပြီဟုလည်း ထင်ခဲ့မိသည်
ကျွန်တော်မန္တလေးကျုံးရှေ့တွင် လမ်းလျှောက်နေသည်မှာ အရှေ့ဘက်တစ်ခြမ်းပင် ဆုံးတော့မည်ဖြစ်သည် အရှေ့မြောက်ဘက်ရှိ ပြင်ဦးလွင်မြို့ရှိမည့်ဘက်ကိုမြှောျကွညျ့မိသညျ ထိုတွင် ကျွန်တော့်အိမ်ရှိသည် ကျွန်တော်မနှစ်သက်သော်လည်း နေဖြစ်သောနေရာ တစ်ချို့သောစိတ်ကူးစိတ်သန်းများကို ထူးဖော်တွေ့ရှိခဒ့သောနေရာလည်းဖြစ်လိမ့်မည်ထင်သည်
စာဖတ်သူတော့ရှုပ်လိမ့်မည်ထင်သည် ရှုပ်လည်းရှုပ်ချင်စရာပင် အမှန်သည်ကတော့ ကျွန်တော်မေမြို့မှမန္တလေးသို့ ခေတ္တလာရင်းနှင့် မြို့ရိုးရှေ့ လမ်းလျှောက်ရင်း တွေးမိသော အတိတ်အတွေးစမျှသာ
"ဦးကျော်ရေ အိမ်ပြန်မယ်ဗျာ တောျပွီ နွေးထွေးတဲ့ခံစားချက်လိုသလောက်မရဘူး လင်းလင်းထင်းထင်းထဲခံစားလျက်က အမည်အရသာ မြိုးကှဲဗြ"
အောင်မြေသာဇံဘက်ခြမ်းတွင် ကားရပ်ထားခိုင်းခဲ့သော ကျွန်တော်တစ်ဦးတည်း အသုံးများသည့် Mark II 2009 လေးကိုနှစ်ပေါင်းကြာရှည်စွာ မောင်းပေးသည့် ကျွန်တော့်အကြောင်း သိလှစွာသော ကျွန်တော့်ဒရိုင်ဘာကြီးပင်ဖြစ်သည်။
"ကဲဒါဆိုသား... အိမ်ပြန်မလား ဒါမှမဟုတ် ရန်ကုန်ထိပဲဆင်းချင်သေးသလား"
ဖမ်း၍မရသော ကျွန်တော့်စိတ်ကို အတိုင်း တစ်ခုထိကျယ်သော ဧရိယာထဲဆွဲထည့်ပြီး ကျွန်တော့်အတွေးကို ကန့်သတ်ပေးလိုက်သည်
"ဆီဖိုးနဲ့ ဆီကျန်သေးလား.. ကျန်သေးတယ်ဆိုရင်..... ထားလိုက်ပါတော့ မစဉ်းစားနိုင်တော့ဘူး အိမ်ပဲ ပြန်မယ် တစ်ခုခုစားကြဦးမလား"
ဦးကျော်ဆိုသော ကျွန်တော့် ဒရိုင်ဘာကြီးသည် ကျွန်တော့်အကြောင်းကိုသိစွာ ဘယ်ကိုသွားချင်သလဲဟု ထပ်မံဖိအားပေး၍မမေး
"ဦးအတွက်က ကိစ္စမရှိဘူးသား.. သားစားချင်တယ်ဆိုရင် မြီးရှည်ဆိုင်တစ်ဆိုင်ဆိုင်ဝင်လိုက်လည်း ရတာပါပဲ"
ကျွန်တော့်အကြောင်းသိလှပေသောသူပင်ဖြစ်၏
"ဒါဆိုလည်း မန္တလေးကျုံးတစ်ပတ်လောက်ပတ်ပြီး အိမ်ပြန်တက်ကြတာပေါ့ နော်"
ထပ်မံ၍ သိသောသူပင် ကျွန်တော်ကားတံခါးဖွင့်၍ ကားနောက်ခန်းမှတက်လိုက်သည်
ထို့နောက်မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်၍ အကြောင်းရင်းမဲ့စွာအသားကုန်အော်လိုက်သည် စိတ်ကြိုက်ကိုအော်သည် ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်းမသိဟုပင်ဖြေရမည် ခံစားချက် တစ်စွန်းတစ်စ မျှင်မြှငျလေးသာရသညျ ဤသည်ကိုဘာမှန်းမသိ၍ ဟစ်ကြွေးလိုက်ချင်းသာ
ကျွန်တော့်ကားဆရာကြီးကတော့ဘာမှမပြောပါ ကျွန်တော့်အော်သံဆုံးမှ ကားစက်ကိုနှိုးကာ အဲကွန်းကိုအဆုံးတင်လိုက်သည်
ဦးကျော်သည်ပညာတတ်သူဖြစ်သည် အရင်ကအဖေ့တပည့်ဟုသိရသည် အစကတပ်မတော်ဘက်က အရာခံဗိုလ်အဆင့်ထိဖြစ်လောက်မည်ဟု ထင်သည် အဘယ်ကြောင့်ဆိုသော် ကျွန်တော်ပြောသမျှ ခေါငျးစဉျတိုငးျကို တခြားသူများက ကြောင်သည်ထင်မည် သို့သော် သူသည် နှိုက်နှိုက်ချွတ်ချွတ်မသိသော်မျှ သူနားလည်ကြောင်းပြောပြနိုင်သည် သူ၏အတွေ့အကြုံများကိုပြောပြသည် သူ၏အသက်သည် လေးဆယ်ကျော်ငါးဆယ်ခန့်ရှိမည်ထင်သည် သူပြောပြသည်ကတော့ သူ၏စစ်သက်က နှစ်ဆယ်ကျော်ဟုသိရသည်။ တိုက်ပွဲအတွေ့အကြုံများပြောပြသည် စာအုပ်နည်းအတိုင်းသုံးသပ်ခြင်းနှင့် မြေပြင်သုံးသပ်ခြင်းကြားက ကွာဟချက်များကို သိရသည်
ကျွန်တော်သူနှင့်ကားပေါ်တွင်စကားမပြောဖြစ်ပါ လက်ကိုမျက်နှာပေါ်တင်ထားလျက် နောက်သို့ခေါင်းလှန်ကာ လိုက်လာခြင်းဖြစ်၏ ထို့ကြောင့် မြို့ရိုးတစ်ပတ်ပြည့်ခြင်းပင်မသိပါ
အေးခနဲခံစားချက်ရမှ မေမြို့သို့ ဦးတည်ရာရောက်နေသည်မှန်းသိရသည်။ မန္တလေးနေ၏အပူသည် ပြင်ဦးလွင်ကအေးချမ်းခြင်းကိုပင် အန်တုနိုင်သည့်အဘားအလာ ပြနေသည်ဖြစ်သည်
တဖြညး်ဖြည်းနှင့် ကျွန်တော်၏ အိမ်ရှေ့သို့ရောက်လာသည်။ ခြံတံခါးကို အိမ်ရှေ့မှ security ခေါ် လုံခြုံရေးအစောင့်မှ လာဖွင့်ပေးသည်။ အိမ်တွင်လုံခြုံရေးအစောင့် ဆယ်ယောက်ကျော်ခန့်မျှရှိသည် အဖေ့အပိုအစီအမံများဟုပင်ထင်မိသည် ဟိုတစ်လောကတော့ ၎င်းတို့အခန်းထဲတွင် သေနတ်အတိုအရှည်များ ရုတ်တရက်တွေ့လိုက်ရသည် ထို့ကြောင့် ၎င်းတို့သည် သာမန်ပင်လောတစ်ခုခုပင်လော ဝေခွဲခက်ရုံမျှအပ အခြားခံစားချက်မရှိပါ
ကျွန်တော်နေသောနေရာသည် မြေမြင့်မှပြင်ဦးလွင်၏ အမြင့်ပိုင်းတွင်ရှိသည်။ တစ်အိမ်နှင့်တစ်အိမ်သည် ကျယ်ဝန်းသော ခြံကြီးများဖြင့် ခြားထားရာ အင်မတန်မှ ကွာဝေးလွန်းသည်ဟုခံစားရလိမ့်မည်။ နာမည်ကျော်အချို့ (သာမန်နာမည်ကြီးမှစ၍ နိုင်ငံရေး နာမည်ကြီးများအဆုံး) ေနကြသော နေရာဖြစ်သည်။ အိမ်များသည် ကြီးသည် မြင့်သည် ခြောက်ကပ်သည်။ သို့သော်၎င်းသည် စိုစိုပြေပြေမရှိရုံမျှအပလှပသည်။ အိမ်တိုင်းတွင် လုံခြုံရေးအစောင့် အနညး်ဆုံး သုံးယောက်မျှရှိမည်။ တစ်အိမ်နှင့်တစ်အိမ် အဆက်အဆံ အလွန်ကြဲပါးသည် ဤမျှလောက်ဆို မည်သည့်နေရာဖြစ်မှန်း တစ်ချို့ကတော့ သိပါလိမ့်မည်
ကျွန်တော်တို့ကားသည် အိမ်ရှေ့ဆင်ဝင်အောက်တွင်ရပ်လိုက်သည် အိမ်ဆင်ဝင်ထဲမှ လုံခြုံရေးတဲထဲမှ လုံခြုံရေးဝန်ထမ်းတစ်ဦးထွက်လာ၍ အိမ်အဝင်တံခါးအားဖွင့်ပေးသည် ကျွန်တော်ပြုံးသာပြုံးပြခဲ့သည် စကျင်ကျောက်အဖြူများခင်းထားသော အိမ်ရှေ့ကြမ်းခင်းကို နင်း၍ အဝါရောင်မီးဆိုင်းများကို ငေးကြည့်မိသည် ခမ်းနားရက်ပေခြင်းပင်
ကြာကြာစိတ်မဝင်စားနိုင်ပါ ကျွနု်ပ်အပိုင်စားရသည် ကျွန်တော့အခန်းထဲသို့ဝင်ရဦးမည်ဖြစ်သည် တတိယထပ်ရှိ ကျွန်တော့်အခန်းသို့ လျင်မြန်စွာ ဝင်လာလိုက်တော့သည် အခန်းတွင်းရှိ ပိုးသတ်ဆေးန့ံခပ်သင်းသင်းက နှာခေါင်းထဲဝင်လာသည် သန့်ရှင်းရေးလုပ်ထားမှန်းသိလိုက်သည်
ထို့ကြောင့်စာအုပ်စင်ဆီအပြေးသွား၍ စာအုပ်များခြေရာလက်ရာ ပျက်ယွင်းလေသလောဟုကြည့်မိသည် မပျက်ပါ အတိုင်းအတာတစ်ခုအထိ စိတ်အေးသွား၍ အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ်လှဲလိုက်သည် ခါးပါတ်ကို ချွတ်လိုက်သည် ထို့နောက်စတိုင်ပန် နှင့်ပုဆိုးလဲပြီး ရှပ်အင်္ကျီကို ချွတ်သောအခါမြန်မာအဆန်ဆုံးသော စွပ်ကျယ်နှင့်ပုဆိုးသာ ကိုယ်တွင်ရှိသည်
ခေတ္တမျှလှဲပြီးသောအခါ စာအုပ်စင်ဆီသို့သွားပြီး စာအုပ် အချို့ကိုဖယ်ရွှေ့လိုက်သည်။ ထို့နောက်စာအုပ်စင်နောက်ဘက်ခြမ်းတွင် ရှိသော သော့ပေါက်ပေါ်လာသည် ကျွန်ုပ်ထံအသင့်ရှိသော သော့ကိုသော့ပေါက်ထဲထည့်ပြီး လှည့်သောအခါ တံခါးပွင့်လာသည် ဤသည်မှာ ကား တခြားမဟုတ် ကျွန်တော့်စာကြည့်ခန်းပသ်ဖြစ်သည်။ လျှို့ဝှက်ခန်းဟုထင်ချင်ထင်ကြလိမ့်မည် မူလရည်ရွယ်ချက်မှာတော့ ထိုအတွက်ဖြစ်သည် သို့သော် ထိုအခန်း၏ အကျယ်သည် စာကြည့်ခန်းတစ်ခုလုပ်နိုင်သာ် ထို့နောက် ၎င်းအခန်းရှိ ပြတင်းပေါက်သည်လည်း အတော်အတန်ကြီးပြီး မှန်သားအတိကာထားရာ မြို့တစ်မြို့လုံးဆီ ကျောပေးထားသော်လည်း ထိုအခန်းမှ မြင်ရသည် ပြတင်းပေါက်ဘောင်သည် ကျွန်တော်တက်ထိုင်လောက်အောင်လည်းကြီးသည်
ထိုထဲတွင် တခြားအတံခါးပေါက်တစ်ခုရှိသေးသည် ၎င်းကတော့ အိမ်ရှိအခန်းတိုင်းတွင်ရှိသော လျှို့ဝှက်ခန်းများအား ဆက်သွယ်ထားသော စင်္ကြန်လမ်းကိုရောက်သည်။ ကျွန်တော့်အခန်းကိုတော့တံခါးပိတ်ထားသည် မည်သူမျှ လျှို့ဝှက်လမ်းက ဝင်လာလိမ့်မည်မဟုတ်
ဤအခန်းကို သိသူမရှိ သိသူကလည်း ကျွန်တော်တို့အိမ်သား မိသားစုဝင်များသာဖြစ်ပြီး အိမ်ရှိအလုပ်သမားများမသိ အိမ်တော်ထိန်းကြီးမှ ကျွန်တော့အားပေးထားသော သန့်ရှင်းသူသုံးယောက်ထဲမှ ကျွန်တော်ယုံကြည်သည့် ဒေါ်သီတာ ဟုဆိုသူ အသက်လေးဆယ်လောက်ရှိမည့်တစ်ယောက်အား ထိုအခန်းကို သန့်ရှင်းခွင့် အားကျွန်တော်ရှိချိန်မှာပေးထားလိုက်သည်
ယုံကြည်ပုံကိုလည်းဆက်ဦးမည် သူသည် စစ်ကိုင်းဘက်မှာ ၎င်း၏တူတစ်ဦးနှင့်အတူတူနေသည် သူ၏သားသည် တပ်မတော်သားတစ်ယောက် ဖြစ်ပြီးတိုက်ပွဲကျသွားခဲ့သည် ၎င်း၏လင်သားသည်လည်း ကွယ်လွန်သည်မှာကြာပြီဖြစ်သည်ဟုသိရသည် ကျွန်တော်သူ့အား ယုံကြည်ရန်ယူရသောအချိန်မှာ လေးနှစ်ခန့်မျှရှိမည်။ သူ့မတိုင်ခင်ကတော့ ကိုယ်တိုင်သန့်ရှင်းရေးလုပ်သည် အများဆုံးကတော့တစ်နှစ်မှ နှစ်ခါသာ ထို့ကြောင့် အင်မတန်ရှားပါးလှသော သန့်ရှင်းမှုဖြစ်သည် ထို့ကြောင့်နောက်ဆုံးကျည်ဆန်အဖြစ်သူ့အားစောင့်ကြည့်လိုက်သည် သူသည်အိမ်အပြင်ခြေကိုမလှမ်း စကားလည်းနည်းသည် ေနာက်ပြီး ကျွန်တော့်အကျင့်ကို သူ့နည်းသူ့ဟန်ဖြင့််နားလည်နေသည်ဟု ကျွန်တော်ယုံသည် ထို့ကြောင့် သူ့အား တိုးတိုးတိတ်တိတ်ပြောပြီး နီုတ်လုံရန် တောင်းဆိုပြီး သန့်ရှင်းခွင့်ပေးခြင်းဖြစ်သည်။
လွန်ခဲ့သည် ရက်အချို့ ကမှသူရှင်းထားသဖြင့် သပ်ရပ်နေသည် မှန်ပြတင်းသည်လည်း ကြည်လင်၍ မရှိဟုပင်ထင်ရလောက်သည် ထို့တောက်ကျွန်တော့်စာကြည့်စားပွဲ၏ အောက်ထပ်အံဆွဲကို ဆွဲဖွင့်ပြီး အဝေးကြည့် မှန်ပြောင်း ကိုထုတ်ပြီး ဟိုဟိုသည်သည်ကြည့်မိသည်
ဤမျှပူပြင်းသည့်နွေရာသီတွင် အအေးပိုင်းခြမး်မှ ပြင်ဦးလွင်သားတို့ မည်သို့ရှင်သန်နေထိုင်သည်ကို သိရသည်က တစ်မျိုးထူးခြားနေသေးသည် လှုပ်လှုပ်ရှားရှားဖြင့် ပုရွတ်ဆိတ်အုံသဖွယ် နေရောင်အောက်တွင်လှုပ်ရှားနေကြသည်ဖြစ်ရာကြည့်၍ကောင်းနေသည်
ကျွန်တော်တို့နေအိမ်၏ အကောင်းဆုံးသောအချက်မှာ အောက်ရှိမြို့ပိုင်းတော်တော်များများကို မြင်နိုင်ခြင်းပင်ဖြစ်သည်။ ကုန်း့မင့်၏ အနိမ့်ပိုင်းရှိ အိမ်ကြီးများမှ အပ အကာအကွယ်အတားအဆီးဟူ၍ အပင်အချို့သာရှိသည်
ထို့နောက် ကျွန်ုပ်မျက်လုံးများစင်းလာသည်။ အိပ်ဖို့မကြိုးစားသော်လည်း စာရေးခုံပေါ်တွင်ခေါင်းမှောက်လျက် အိပ်ပျော်သွားသည်.
မွန်းကြပ်လွန်းသည် အသက်ရှူရခက်သည် ညာဘက်ရင်အုံသို့တစ်စုံတစ်ခုထိုးသွင်းသလိုခံစားရသည် ဘယ်ဘက်ပုခုံးသည် တုတ်နှင်အရိုက်ခံထားရသလို နာကျင်သွားသည်
အသက်ကိုအပြင်းရှူရသည် အိပ်မက်မှလန့်နိုးခြင်း နာကျင်မှုများကတော့တကယ် အိပ်မက်ထဲက ဖြစ်ရပ်များကတော့ မေ့ပြီးဖြစ်သည်။