Download Chereads APP
Chereads App StoreGoogle Play
Chereads

အတိတ်၏ အတိတ်

🇲🇲he_fuck_catz
1
Completed
--
NOT RATINGS
5.1k
Views
Synopsis
သူမဟာ ကယ်တင်ခြင်းခံရတယ် ဘုရားသခင်စေလွှတ်ခဲ့သော လူတစ်ဦးထံမှ
VIEW MORE

Chapter 1 - အတိတ်၏ အတိတ်

တွင်းနက်ထဲကို ကျသွားဖူးတယ်။

အမြင်တေအကုန် အမှောင်လွှမ်းသွားတာပေါ့

လူတယောက်က ဘယ်သူ့စကားမှမတိုးတော့တဲ့အထိ ငါးပါးမှောက်ဖူးတယ်။အမှားတေပဲဆက်တိုက် လုပ်နေမိပြီး ဘယ်သူမှ မတားဆီးနိုင်ခဲ့ဘူး။ပြန်မပြောနားမထောင် ကောင်းခြင်းရဲ့ ဆန့်ကျင်ဘက်တွေကိုပဲ ပြုလုပ်တယ်။ အမှောင်ထုက သူ့ကို လွှမ်းမိုးနေသလိုပဲ။သူဘာမှမမြင်တော့ဘူး အလင်းရောင်ဆိုတာ မရှိတော့ဘူး။

သူဟာ မွေးဖွားလာကတည်းက မည်သူတစ်ဦးတစ်ယောက်ဆီကမျှ ချစ်ခြင်းမေတ္တာကို မရရှိခဲ့ဘူး။လူတွေက သူ့အပေါ်ဆို အကြောင်းမဲ့သက်သက် ခါးသီးနေတယ်။စကားလုံးအနေနဲ့ ပြောမယ်ဆို သူဟာ ကံဆိုးတဲ့ လူတစ်ယောက်ပေါ့။ သည်အရာတွေဟာ သူ့၏လွန်လေပြီးခဲ့သောအတိတ်ဘ၀မှာ သူပြုလုပ်ခဲ့သော မကောင်းမှုတွေ နှင့် ဆက်စပ်နေသည်။သို့သော် သူကြိုးစားနေထိုင်ခဲ့သည်။သူလောကကြီးအပေါ် အချစ်မေတ္တာ၊ ကြင်နာဂရုဏာ ပေးခဲ့သည်။အရင်ဘ၀ဆိုတာကို အယုံအကြည်ရှိတဲ့ လူဆိုရင် သင်ဒါကို ယုံကြည်လိမ့်မည်။အရင်ဘ၀က မကောင်းတဲ့အရာတေ ၀ဋ္ဌ်ကြွေးတွေကို ယခု ပစ္စုန်ပန်ဘ၀မှာ ပေးဆပ်ရသည်။သူပြုလုပ်ခဲ့တဲ့ မကောင်းမှုမှန်သမျှကို ယခုအပြစ်ပေးခြင်းခံရသည် ပြန်ပေးဆပ်ရသည်။

သူဟာအမှောင်ထုလောက မှလာသလို။သူ့ဘ၀မှာ မကောင်းခြင်းတွေပဲဖြစ်နေတတ်တယ်။သူဟာ ကလေးဘ၀မှာ အပြစ်ကင်းစင်ခဲ့တယ်။သူအရွယ်ရောက်လာတော့ သူ့အစစ်အမှန်ဖြစ်တည်မှုတွေ ပိုပြီးရုပ်လုံးကြွလာတယ်။ မိန်းမငယ်တစ်ယောက်ဖြစ်ပြီး ဆံပင်တွေကို ကြွက်စုတ်သဖွယ် သူညှပ်ပစ်ခဲ့တယ်။တစ်စုံတယောက်က မကောင်းခြင်းဆီကတွန်းပို့နေသလိုမျိုး။ သူ့မှာရှိတဲ့ အလှစစ်ဆိုတာ မရှိသလောက် မြုပ်သွားတယ်။သို့ပေမဲ့သူ့အမြင်မှာတော့ သူဟာ အလှဆုံးလို့ပဲ မြင်နေတယ်။တကယ်တော့လဲ။ဒီအရာတွေဟာ သူ့ရဲ့ဖြစ်တည်မှု အစစ်တွေလဲဖြစ်ကောင်းဖြစ်နိုင်တယ်။ သူ့သရုပ်အမှန်လဲ ဖြစ်နိုင်တယ်။သို့သော် မည်သူကမှ သည်လို ဆိုးရွားတဲ့ ဖြစ်တည်မှုကို လက်ခံချင်ပါလော။သူမှောင်မဲပြီးပြန်ကုတ်တက်စရာ မရှိလောက်အောင် နက်တဲ့ တွင်းထဲ သူပြုတ်ကျသွားတယ်။သူစပြီး နောင်တရလာတယ်။သူ့ကို ဘယ်သူမှ လာမကယ်တော့ဘူး။လှမ်းဆွဲပေးမဲ့ လက်တစုံမရှိတော့ဘူး။ဘာလို့လဲဆိုတော့ သူ့ကို လူတေအကုန်စိတ်ပျက်သွားလို့ပဲ။အချစ်ဆုံးငယ်သူငယ်ချင်းဆိုတာလဲ မရှိတော့ဘူး။ ပြောင်းလဲနေတဲ့ သူ့ကိုနှုတ်ပိတ်ပြီး သူ့သူငယ်ချင်းကလက်ပိုက်ကြည့်နေခဲ့တာ။ခေါင်းမာတဲ့သူ့ကို ငယ်သူငယ်ချင်းလဲ စိတ်ကုန်သွားတယ်။အရမ်းချစ်ရတဲ့ ချစ်သူဆိုတာလဲ မရှိတော့ဘူး။သူမချစ်သူရဲ့ ပျော်ရွှင်မှုကသူမပြောင်းလဲမှု့အပေါ်မှာပဲမူတည်ပြီး သူမကိုပြောင်းလဲဖို့ သူ့ချစ်သူအတန်တန်ပြောခဲ့တယ် သူမနားမထောင်ခဲ့ဘူး။ဘေးနားမှာရှိတဲ့ ချစ်သူပါမကျန်သူတွန်းထုတ်ခဲ့တယ်။သူမချစ်သူ သူမအပေါ်စိတ်နာပြီး လမ်းခွဲ ထွက်ခွာသွားတယ်။

နောက်ဆုံးကျန်ပါတယ်ဆိုတဲ့ ပင်ပန်းပြီးပြန်လာရင်နွေးထွေးပေးတဲ့ အမောပြေ အိမ်ဆိုတာ၊ မိသားစုဆိုတာလဲမရှိတော့ဘူး။မိဘတွေက သူဟာ အခုဘယ်လောက်ဆိုးရွားနေကြောင်း သူလုပ်တာတွေကမိဘတွေနဲ့ ရထားတလမ်းသံတလမ်းလို ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ရစရာမရှိအောင် ​

ပြောခဲ့တယ်။သူငိုတယ် ဒါမဲ့ သူဘာမှမ​ပြုပြင်ခဲ့ဘူး။ကံကြမ္မာက သူ့ဘက်မပါတော့ မိသားစုစီးပွားရေးကျဆင်းခဲ့ပြီးအဆင်မပြေတဲ့အရာတေဖြစ်လာခဲ့တယ်။ အမှောင်လွှမ်းနေတဲ့ သူ့ကြောင့်တစ်အိမ်လုံး ကံဆိုးရတယ်ဆိုပြီး၊ မိဘမျက်နှာ အိုးမဲသုတ်တယ်ဆိုပြီးပြောခဲ့တယ်။အိမ်က ၁၇နှစ်အရွယ် မကောင်းဆိူးဝါးဟာ သူဖြစ်နေခဲ့တယ်။

သူကျောင်းထွက်လိုက်တယ်။ ပြီးနောက်အိမ်ထဲက အိမ်ပြင်မထွက်ရပဲ အကျဥ်းချခံလိုက်ရတယ်။ ကျောင်းဆက်တက်နေတဲ့ သူငယ်ချင်း မိတ်ဆွေတွေက သူ့ကို အဖက်မလုပ်တော့ဘူး။အားလုံးက သူ့ကိုဖယ်ကျဥ်လိုက်ပြီ။ဘာဆိုဘာမျှမရှိတော့ဘူး။ သူ့ဘက်မှာဘယ်သူမှမရပ်တည်ပေးတော့ဘူး။ အကုန်ထွက်သွားခဲ့ပြီ။သူကျန်နေခဲ့တယ် တွင်းနက်ထဲမှာ။ တစ်ဦးတည်းသော အရင်းနှီးဆုံး၊သူ့အပေါ် နားလည်ပေးပြီး အပြစ်မမြင်တဲ့ သူငယ်ချင်းလိုဖြစ်တဲ့ သူ့အစ်မဖြစ်သူလက်ကမ်းပေးခဲ့တယ်။သို့ပေမဲ့ သူတွေးခဲ့တယ် "မိသားစုဆိုတာ အတူတူပဲ ဒီပုတ်ထဲက ဒီပဲ ပဲ၊ အနာပေါ်ဆားပက်မှာပဲ၊ အတောင်ပံချိူးမှာပဲ" ဆိုပြီး အဲ့လက်ကို သူပုတ်ထုတ်ခဲ့တယ်။

Capricorn sign နဲ့ သူက ချောက်ထဲကျသွားတာတောင် သူ့ကို အားလုံးစွန့်ပစ်ခဲ့တာတောင် ခေါင်းကျောမာလွန်းတယ်။ အဲ့အချိန်မှာ သူတွေးမိတယ် သူပြုပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေ၊ ရွတ်ဖတ်ခဲ့သမျှ ဘုရားတရားတွေရဲ့ အကျိုးတွေ အခုချိန် ဘယ်ရောက်ကုန်တာလဲ??ယုံကြည်စိတ်ကိုးကွယ်စိတ်တွေ တဖွဖွ ပျောက်ပျက်လာတယ်။ရှိသမျှ အရာအားလုံးအပေါ် သူစိတ်နာသွားခဲ့တယ်။သူ့အကြိုက်ဆုံးနေရာဖြစ်တဲ့ "အိမ်" ဆိုတဲ့ နေရာမှာ သူမပျော်တော့ဘူး။အပြင်ထွက်ဖို့လဲ မဖြစ်နိုင်ခဲ့ဘူး။ သူတို့မိသားစုဟာ ကြီးမားတဲ့ သိက္ခာရှိဂုဏ်ပုဒ်အောက်မှာနေပြီး ဖိအားများကြားထဲ သူ့ကိုပိတ်လှောင်ထားခဲ့တယ်။ သူငိုနေတာကို တွေ့တယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး။သူဆက်တိုက် ငိုနေတယ် သူ့ရဲ့ရှုပ်ပွ ခြောက်ကပ်နေတဲ့ အခန်းထဲမှာ။ သူ့မှာ မိတ်ဆွေဆိုလို့ တိတ်ဆိတ်မှု နှင့်

မှောင်မှိုက်မှုသာ ရှိခဲ့တယ်။တန်ဖိုးထားရတဲ့လူတေ ကိုယ့်ဘက်မှာမရှိပဲ ဘာလို့ ဆက်ရှင်သန်နေရအုံးမှာလဲ? ဟုသူတွေးရင်း ကြီးမားလွန်းတဲ့ စိတ်ဒဏ်ရာ အပြင်းအထန် သူရသွားတယ်။သူလုပ်ခဲ့တဲ့ အမှားတေကို သူအခုမှသိတယ်။ ဒါမဲ့ သူဘာလုပ်လို့ရတော့မှာလဲ??လည်ပင်းမှာကြိုးကွင်းစွပ်ထားတဲ့ သူ့ပုံစံကို သူ အခါတစ်ရာလောက် မြင်ယောင်ပြီး သူ့အတွေးပုံရိပ်အနေနဲ့သာ သူ့ကိုယ်သူသတ်သေခဲ့တယ်။တကယ့်လက်တွေ့မှာ သူမလုပ်နိုင်ဘူး။သူသေခြင်းတရားကိုတော့ ကြောက်ရွံတယ်လေ။စိတ်တေလေလွင့်လာတယ် နေ့ရက်တိုင်းကအဓိပ္ပာယ်မဲ့လာတယ်။အရင်လို ဘုရားတရားလဲ သိပ်မလုပ်တော့ဘူး။ကိုးကွယ်မှုမရှိတော့ဘူး။ အတိတ်အမှောင်ဘ၀ထဲက လာလို့ ကံဆိုးတယ် ကံဆိုးလို့ဒေါသထွက်ပြီး အမှောင်ဘ၀ထဲပြန်သွားတယ်။သူဟာအသိဥာဏ် မရှိပြန်ဘူး။သို့သော် ဘုရားက သူပြုခဲ့သမျှ ကုသလိုလ်အနည်းငယ်လေးကြောင့်ပဲ ဖြစ်ဖြစ်သူ့အပေါ် မျက်နာသာပေးခဲ့တယ်။အမှောင်ထဲ အလင်းရောင်ချပေးခဲ့တယ်။ စီမံမှုအရ ဘုရားကလူတစ်ယောက်ကို လွှတ်ပေးခဲ့တယ်။အနည်းဆုံးပဲဖြစ်ဖြစ် လွဲမှားနေတဲ့ လမ်း၊

အမှောင်ဘ၀က အမှောင်ကိုဆက်သွားနေတဲ့ လမ်းကနေဆက်မသွားတော့အောင် အသိပေးမဲ့သူ အလင်းဘ၀ထဲ ဆွဲခေါ်ပေးမဲ့သူ၊အသိစိတ်၀င်အောင် အမှန်မြင်အောင် လမ်းပြပေးမဲ့သူတစ်ယောက်ပေါ့။

ရုတ်တရတ်ဆိုသလို လူသစ်တယောက် သူ့ဘ၀ထဲ ထပ်၀င်လာတယ် သူဟာ သိတယ်။ဒီလူဟာလဲ ၀င်ပြီး ပြန်ထွက်သွားမှာပဲ ရှေ့ကလူတွေ လုပ်ခဲ့သလို အတူတူပဲဖြစ်မှာ။သူ့စိတ်ကို ကြိုပြီး ပြင်ဆင်ထားခဲ့တယ်။သို့ပေမဲဲ့ အဲ့ဒီ လူသစ် Xavier ဟာ သူ့အပေါ်ချစ်ခင်ပေးခဲ့တယ်။သူ့ကိုမြတ်နိုးပေးခဲ့တယ်။တန်ဖိုးထားခဲ့တယ်။ မိသားစုရှိရက်နဲ့ တကောင်ကြွက်လိုဖြစ်နေတဲ့သူ့နောက်မှာ ရပ်တည်ပေးခဲ့တယ်။သူ့စိတ်တေ တည်ငြိမ်ပြီး၊အခြားဆီ စိတ်မရောက်အောင် စိတ်ကျရောဂါထပ်မဖြစ်အောင်၊ အမှောင်ထဲ ပြန်မရောက်သွားအောင် စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း အချိန်ပြည့်ဘေးနားမှာရှိနေခဲ့တယ်။အိပ်ချိန်မှလွဲပြီးကျန်ချိန်တွေ တစ်ခါမှ မပျက်ကွက်ခဲ့ဘူး။Xavierဟာ တာ၀န်ကျေခဲ့ပါတယ်။နောက်ပိုင်း သူ့အမြင်တွေ၊ အတွေးတေ စပြီးပြန်ပြောင်းလဲလာတယ်။သူ့စိတ်ကို ပြင်ဆင်ထားပေမဲ့ ပုထုစဥ်ဆိုတဲ့ အတ်ိုင်း ကိုယ့်ကိုချစ်ပေးတဲ့သူအပေါ် မုသားတေဖြစ်နေရင်တောင် ယိမ်းယိုင်လာတယ်။သူXavierကိုချစ်မိသွားတယ်။သူတို့နှစ်ယောက် တယောက်အကြောင်းတေ တစ်ယောက် ပိုသိလာပြီး ပိုနီးစပ်လာတယ်။နှလုံးသားချင်းထပ်တူကျခဲ့တယ်။အဖိုအမဖြစ်တဲ့ သူတို့နှစ်ယောက်လုံး အကြွင်းမဲ့ ဆွဲငင်သွားတယ်။သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဖေးမပေးရင်း နေ့ရက်တွေကို တစ်ရက်ပြီးတစ်ရက်ပျော်ရွှင်စွာနဲ့ပဲ စိတ်ညစ်တယ်ဆိုတာ၊၀မ်းနည်းတယ်ဆိုတာ မေ့ပျောက်လာတဲ့အထိ ဖြတ်သန်းကြတယ်။အအိပ်ကောင်း အစားကောင်းစားပြီး လဲပြိုပျက်ဆီးနေတဲ့ "သူ" ပြန်ပြီး အားပြည့်လာတယ် တွင်းနက်ထဲကနေ Xavierရဲ့ လက်ကိုဆွဲ ၊ကုတ်ဖက်ပြီး တွင်းနံရံက ဖြည်းဖြည်းချင်း အပေါ်ကို တက်လာခဲ့တယ်။ နောက်ဆုံးမှာ သူ့မသိစိတ်က Xavierကိုယုံကြည်မိသွားတယ်။ Xavierဟာ သူကျရှုံးနေတဲ့ အချိန်မှာ

ရှိနေပေးတဲ့ တစ်ဦးတည်းသောသူ။လူတွေအားလုံး သူ့ကိုဖယ်ကျဥ်ထားခဲ့ပေမဲ့"နင်လုပ်တာမှန်တယ်၊နင်မမှားဘူး၊ ငါနင့်ဘက်မှာ ရှိနေတယ် "ဆိုပြီး​အားပေးခဲ့တဲ့တစ်ဦးတည်းသောသူ။စုတ်ပြတ်သတ်နေတဲ့ သူ့ရဲ့ အရာအားလုံးကို လက်ခံပေးပြီး လှပတယ်လို့ ပြောတဲ့သူ။Xavier သူ့ကိုတော့ ထားသွားမှာမဟုတ်ဘူးဆိုပြီးတွေးခဲ့တယ်။ အချိန်တေကြာလာပြီး ၃လ လောက်ရှိသွားတယ်။ သူ့ဘ၀မှာဘယ်တုန်းကမှ အဲ့လောက်အချိန်အတိုင်းအတာ

မပျော်ခဲ့ဖူးဘူး။ အတော်ကြာတယ်လေ ၃လလုံးရဲ့ နာရီ၊မိနစ်၊ စက္ကန့်တိုင်းဆိုတော့။သူပိုပိုပြီးယုံကြည်လာတယ်အချစ်ကို။ Xavierကိုစွဲလမ်းလာတယ် Xavierမရှိရင် မနေတတ်တော့ဘူး၊ဟာတိဟာတာဖြစ်လာတယ်။သူ့ရဲ့ အတိတ်ကချစ်သူနဲ့မတူပဲ ဒီ

တစ်ခါ အချစ်စစ်လို့ အချစ်မှန်လို့သူ ခံစားရတယ်။ Xavierဟာ သူ့လိုမာကျောတဲ့သူတစ်ယောက်ကို ချစ်တတ်အောင်သင်ပေးသွားတယ်လို့ သူခံယူတယ်။ Xavierကို အချစ်စစ်လို့ ယုံကြည်သွားတယ်။ဖြစ်ချင်တော့ ဘုရားပေးတဲ့ဆုက အချိန်စေ့သွားခဲ့ပြီ။ သူဟာ အခုဆို တွင်းနက်ထဲက ပြန်ထွက်လာနိုင်ခဲ့ပြီ။သူ့ရဲ့ဒဏ်ရာတေဟာအမာရွတ်ပဲကျန်သလောက်ပျောက်ကင်းသွားပြီ။ပျော့ညံ့နေတဲ့ စိတ်တေခွန်အားပြည့်ကြံ့ခိုင်သွားပြီလေ။သူ့ပုံမှန်ဘ၀ကို ပြန်ရောက်သွားပြီ။အရာအားလုံး ပြန်လည်ပတ်နေပြီ။

Xavier သူ၏မူလနေရာကို ပြန်ရမဲ့အချိန်ကို ရောက်လာပြီ။Xavierဟာ သူ့ကိုတောင်းပန်စကားသေချာပြောပြီး ထွက်သွားခဲ့တယ်။စာဖတ်သူတေ မသိတဲ့တချက်က Xavierနဲ့ သူဟာ အတူရှိနေတာမဟုတ်ခဲ့ဘူး မိုင်ပေါင်းများစွာ ကီလိုမီတာများစွာ​ေ၀းကွာနေတဲ့ ချစ်သူတွေဖြစ်တယ်။ သူတို့ဟာ အတူရှိဖို့ မဖြစ်နိူင်ဘူး။ "ငါတို့လုပ်နိုင်လောက်မှာပါ" ဆိုတဲ့ ခံယူချက်နဲ့ပဲ ခရီးဆက်နေသူများသာဖြစ်တယ်။ဒီတော့အခုမဖြစ်နိုင်တဲ့ ခရီးဆက်မလျှောက်ပဲ ကိုယ့်လမ်းကိုယ် လျှောက်ဖို့ Xavier သူ့ကိုပြောခဲ့တယ်။

သူကနဂိုအတိုင်း နာကျင်တတ်တဲ့ ကျောက်တုံးလိုပဲ နာကျင်တယ်။ ဒါမဲ့သူစကားတလုံးမျှ မပြောတော့ဘူးမဖက်တွယ်တော့ဘူး။ဘာကိုမှ မစွဲလန်းတော့ဘူး။သူဟန်ဆောင်နေတာ သိသာတယ်။ဒါပေမဲ့ Xavier တစ်ယောက် သူ့ကိုလစ်လျူရှုခဲ့ရတယ်။ ဘာလို့ဆို သူ့တာ၀န်က ပြီးဆုံးသွားပြီလေ။မယုံချင်စရာကောင်းပေမဲ့ ဒီအရာတေက အချစ်လား၊ တာ၀န်လားဆိုပြီး မေးခွန်းထုတ်သူရှိရင်ဖြေရခက်မှာအမှန်ပါပဲ။အမှန်တကယ် သူခံစားရတယ် Xavierကပါ ထွက်သွားပြန်ပြီလားပေါ့။သူဟာတုံးအတဲ့လူတစ်ယောက်ပဲ။ဘာလို့အမြဲတမ်း တုံးအနေတာလဲ ဆိုပြီး သူ့ကိုယ်သူစိတ်ပျက်မိတယ်။အဆုံးမှာ သူဒီစိတ်နဲ့ပဲ ဖြေလျော့လိုက်ရတယ်။ Xavierကို စတွေ့ထဲနေ့ထဲက "အကယ်၍Xavierထွက်သွားခဲ့ရင်သူမငိုဘူး" ဆိုကာသူ့စိတ်ကိုပြင်ဆင်ပြီးခဲ့သားပဲ။Xavier ဒီအရာတေ လုပ်ပေးခဲ့တာတေနဲ့တင် တန်နေပါပြီ။သူ့အတွက်လုံလောက်နေပြီးပါပြီ။သူသိတယ် သူလောဘထပ်မကြီးသင့်တော့ဘူး။ သူဖြေလျော့ရင်း ဖြေလျော့ရင်းနဲ့ အခုဆို အချိန်တွေ တော်တော်ကြာသွားခဲ့ပြီ။အခု သူမေ့နိုင်ပြီလားလို့ မင်းသူ့ကိုသွားမေးရင် သူမမေ့နိုင်သေးပါဘူး သူမှတ်မိနေသေးတယ်။အချစ်ဦးတော့မဟုတ်ပေမဲ့ ၃လပဲကြာတဲ့ အချစ်စစ်လေ။အခြားသူတေ ကြားရင် ရယ်ချင်ရယ်ပေမဲ့ ဒီလိုအချစ်မျိုး အချို့လူတေကြုံဖူးမယ်လို့ယုံကြည်ပါတယ်။သူမမေ့ဘူး ဘယ်တော့မှလဲ မေ့မှာမဟုတ်ဘူး။ "အချစ်ဦး ရူးတောင်မမေ့ဘူး" တဲ့သူအမြဲမှတ်မိနေမှာ။ သူသိတတ်ခဲ့တဲ့အရွယ်၊ သူအချစ်ဆိုတာကို အပျော်အနေနဲ့ မဟုတ်ပဲ အလေးအနက်ထားခဲ့တဲ့ အရာ၊ ပထမဆုံးအချစ်စစ်၊ အချစ်ဦးမလို့ပါပဲ။

အခုဆို သူရော Xavierရော ကိုယ့်လမ်းကို လျှောက်နေကြပြီ။ကိုယ့်ဘ၀နဲ့ ကိုယ်ရှင်သန်နေကြပြီ။ တစ်ယောက်မရှိလဲ တစ်ယောက်အဆင်ပြေနေကြပြီ။ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။ရလိုက်တဲ့အကျိုးအမြတ်၊ ကောင်းခြင်း တရားတွေကတော့ သူဟာ အတိတ် အကုသိုလ်ကံ တွေကြောင့်

အမှောင်ဘ၀ကလာပြီး ပစ္စုန်ပန်မှာလဲ အမှောင်ထဲ ဆက်သွားမိခဲ့ပေမဲ့၊ ဆန့်ကျင်ဘက် အလင်းဘ၀ကဆွဲခေါ်မဲ့ လက်တစုံရှိခဲ့လို့သူအလင်းဘုံကို ဆက်သွားနေပြီ။ကံတရားဆိုရင် အခုထိကြောက်နေသေးပေမဲ့ သူလက်ခံတတ်လာပြီ။ သူအမှောင်မှ

အမှောင်ပြန်မသွားတော့ဘူး။သူအမြင်မှန်

ရှုထောင့်မှန် ရသွားပြီ။ သူဘုရားတရားတွေပြန်လုပ်နေပြီ ဘုရားကို တစ်ဖန်ပြန်ပြီး အကြွင်းမဲ့

ယုံကြည်နေပြီ Xavier လိုသူကို တွေ့ခဲ့ရလို့ပေါ့။

သူ့ဘ၀မှာ အသစ်အသစ်သော ဆုတောင်းတေလဲရှိလာပြီ။ရှေ့ဆက်ရမဲ့ ဘ၀မှာကောင်းတာတေဖြစ်ဖို့ လိုအင်ဆန္နတေပြည့်၀ဖို့ သူကောင်းမှုတွေပြုလုပ်နေပြီ။သူအရင်လို မဆိုးသွမ်းတော့ဘူး။သူဟာရင့်ကျက်နေသူတစ်ဦးဖြစ်နေပြီ။

သင်ခန်းစာကမူ သူဟာအတော်ကို မာကြောခဲ့

ပေသာပဲ၊ဒီဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး ကျော်ဖြတ်နိုင်ခဲ့တာ။သူ့အတိတ်မှာ သူ့မိသားစု၊ အချစ်ဆုံးသူငယ်ချင်း၊ သူချစ်ရတဲ့ချစ်သူ၊ပတ်၀န်းကျင်၊ အကုန်အကုန်သူ့ကို စွန့်ပစ်ခဲ့တာ။သူအရှုံး မပေးခဲ့ဘူး။ သူ လွတ်မြောက်နိုင်ခဲ့တယ်။

မဟုတ်ဘူး....

သူဟာ ကယ်တင်းခြင်းခံလိုက်ရသည်

မှတ်ချက်။လူတစ်ဦးနှင့် တစ်ဦး အတွေးအမြင်

ခံယူချက်ခြင်း မတူညီပါ။