ကျွန်တော့်နာမည် ကတော့ ရဲမောင်ပေါ့
အသက်က၂၉နှစ်။
သာမာန် ရှေ့နေတစ်ယောက်
မြန်မာနိုင်ငံမှာ ရှေ့နေလုပ်ရတယ်ဆိုတော့ ကျွန်တော့ရဲ့ဝင်ငွေကလည်း ပုံမှန်ပါဘဲဗျာ
ကျွန်တော့်ဘဝတစ်လျှောက်လုံး...
စာတွေနဲ့လုံးပမ်းရင်း တစ်စိုက်မတ်မတ်လေ့လာပြီး ကြီးပြင်းလာခဲ့ရတာကြောင့် 'မ'ဆိုခြင်မတောင်မနားဖူးပါဘူးဗျာ။ အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပေါ့ xD
လမ်းဘေးဈေးဆိုင်တစ်ခုမှာ...
ပြော(၁)။ ။
'အဒေါ်ရေ နဂါးနီလေး ပေးပါအုံးဗျာ'
ပြော(၂)။ ။
'ရမယ် ရမယ်' (ရော့)
'နင် ဆေးလိပ်တွေလျော့သောက်အုံးနော်'
'နင့်မှာလည်းအေ...
အိမ်ထောင်လေးဘာလေးပြု
ပြီးကိုယ့်ကိုဂရုစိုက်မယ့်
မိန်းမတစ်ယောက်လောက်တော့
ရှာအုံးးး အေ့။'
ပြော(၁)။ ။
ကျွန်တော့်ကို ယူမယ့်မိန်းမ
မမွေးသေးဘူး အဒေါ်ရေးးး
(ဟားဟားဟား)ခွင့်ပြုအုံးဗျာ'
အင်း...
"ဒီနေ့ကရုံးပိတ်ရက်ဆိုတော့..
အိမ်ရောက်ရင် ကော်ဖီလေးတစ်ခွက်နဲ့
စာအုပ်လေးဖတ်အုံးမှ...
ဆေးလိပ်လေးပါတော့ကွက်တိဘဲဟေ့။
ဒီအသစ်ဝယ်လာတဲ့စာအုပ်ကို
တစ်နေ့လုံးဖတ်ပစ်မယ်
'ဒီလိုနဲ့ဘဲ ကျွန်တော့ရဲ့တန်ဖိုးရှိလှတဲ့
အားလပ်ရက်လေးကို
ဖြတ်သန်းခဲ့တယ်ပေါ့ဗျာ'
"အယ်...
ငါအခုထိချစ်သူရည်းစားတောင်မထားဖူးသေးဘူးလေ?ငါသေတော့မှာလား။ !!
(ဖြစ်ပုံကဒီလို...)
ကျွန်တော်မနက်ကဝယ်လာတဲ့ စာအုပ်ကို
တစ်နေ့လုံးဖတ်ရင်းညရောက်တော့ပင်ပန်းပြီးအိပ်ပျော်သွားတယ်...
စာကြည့်ဖို့ထွန်းထားတဲ့ ဖယောင်းတိုင်က
လဲပြီး အိမ်ကမီးလောင်သွားတော့
ကျွန်တော်ပါ ပါသွားတယ်ဆိုပါတော့....
စာကျန်:
ဘာလို့နည်းပညာတိုးတက်တဲ့ခေတ်မှာ ဖယောင်းတိုင်နဲ့ စာကြည့်ရတာလဲမေးရင် ကျွန်တော်နေတာ မြန်မာနိုင်ငံဆိုတာမမေ့ပါနဲ့
ဒီလိုနဲ့ဘဲ ကျွန်တော် သေသွားရတာပေါ့။
(မမြင်ဖူးတဲ့ မြင်ကွင်း.....)
ရှေးကျတဲ့ အဝတ်အစားတွေနဲ့
ကျွန်တော်နားမလည်သော
အသုံးအနှုန်းတွေ...""
'"ဒီမိန်းမ ကြီးကဘယ်သူကြီးလဲ??'''
ထိုစဉ်လက်သည်မိန်းမကြီးမှ ဝမ်းသာအားရနဲ့အော်ပြောလိုက်သည်။
ပြော(၁)။ ။
သားလေး ရှင့် သားလေး'
'' ကလေးရော အမေရော
ကျန်းကျန်းမာမာရှိကြောင်းပါ
မြို့စားမင်းကြီး ''
"'မြို့စားမင်း?? ငါ့အဖေလား??""
ပြော(၂)။ ။
ကြည့်စမ်းပါအုံး ကျုပ်နဲ့
တူတော့အလွန်ချောပါ့လား ။
ပြော(၃)။ ။
ဟုတ်ပါ့ရှင် မောင်တော်နဲ့တူလို့ပါတော်
ပြော(၂)။ ။
ဟုတ်ပြီ မင်းနာမည်ဒီနေ့ကစ ရဲမင်း ဘဲ' 'ကြည့်စမ်း ပါအုံး ငါ့သား က
ရဲရင့်တဲ့မင်းတစ်ပါးဖြစ်မယ့်ရုပ်ကွ'
ပြော(၃)။ ။
ရဲမင်း က နှမတော်နဲ့တူတော့
စိတ်ထားကောင်းတဲ့ သားလေးဖြစ်မှာပါနော်'
'"နေအုန်း...ငါလူပြန်ဝင်စားလာတာလား??'"
"ပြီးတော့ ရှေးခေတ်လို အဝတ်စားတွေနဲ့ လူတွေက ငါ့အမေနဲ့ အဖေဖြစ်ပုံရမယ်"
'ကဲ ကလေးကိုနို့တိုက်ပြီး အနားယူလိုက်ပါ ကျွန်မကိုခွင့်ပြုပါအုံး'ဆိုပြီး
လက်သည်လို့ထင်ရတဲ့မိန်းမက
အခန်းထဲကထွက်ပြီးပြန်သွားလေသည်။
"ငါ မိဘမဲ့ ဖြစ်ခဲ့ပြီး ဂေဟာမှာကြီးပြင်းရင်း ရှေ့နေ့ဖြစ်လာခဲ့တယ် ဒီလိုနွေးထွေးတဲ့ မိသားစုဆိုတဲ့ ခံစားချက်မျိုးမခံစားခဲ့ရဖူးဘူး ငါ့ရှေးဘဝကုသိုလ်ကံကောင်းလို့ ဒီမှာ လူပြန်ဖြစ်တာနေမှာပါ
ဆိုးတော့မဆိုးပါဘူးလေ"....
"ကျွန်တော့် အမေ ဒေါ်သီရိသန္တာ က နူးညံ့ပြီး
ကြင်နာတဲ့နှလုံးသားရှိသူဆိုပေမယ့် အိမ်က ကိစ္စဝိစ္စ တွေရော ငွေရေးကြေးရေးကောသူဘဲ ဦးစီးထား
တယ်။ဆိုတော့ကာ အိမ်မှာအာဏာရှိသူတစ်ယောက်ပေါ့။"
"ကျွန်တော့် အဖေ ဦးသန်းဖေ ကတော့ တစ်ခါတလေ ကလေးဆန်ဆန် အပြုအမူတွေလုပ်တက်တာကလွဲလို့ မှီခိုအားကိုးလို့ရတဲ့ ယောကျာ်းကောင်း
တစ်ယောက်ပါ"
"ဒီလိုပျော်ရွင်စရာကောင်းပြီးနွေးထွေးတဲ့ မိသားစုကိုမွေးဖွေးလာရတဲ့အတွက်တော့ ဝမ်းသာပေမယ့်....
ကျွန်တော် ရှေ့နေ့ဘဝကရုံးတော်မှာတောင် မကြုံခဲ့ရတဲ့အခက်အခဲတွေကို ကြုံနေရပြီ။"
"ခြေချောင်း လက်ချောင်း လေးတွေ သေးပြီးနုသေးလို့ ဘာမှမလှုပ်ရှားလို့မရ"
ထိုစဉ်...
"ဗွတ်..."
"ဟော ကျွန်တော် ပြောတဲ့ အခက်အခဲတွေထဲမှာ အဲ့တာလဲပါတာပေါ့"
ဒီလိုနဲ့ ရဲမင်း လူပြန်ဝင်စားတာ တစ်လလောက်ကြာသောအခါ....
ညနေစောင်းတစ်ခုတွင်
သူအမေ က သားကို ကျောမှာပိုး၍.....
မြို့ထဲသို့လမ်းလျှောက်ထွက်လာခဲ့ကြသည်။
ရဲမင်း။ ။
"ကြည့်ရတာ ငါ တော်တော်ရှေးကြတဲ့ခေတ်ကို ပြန်မွေးလာတာဘဲ
လူတိုင်း လက်နက်တွေလည်းကိုင်ထားကြပါလား"
"ဒိုင်းတွေ လှံတွေနဲ့လူက မြို့လုံခြုံရေး တပ်သားတွေဖြစ်မယ်"
"အင်း အင်း မဆိုးဘူး ငါ့အဖေတကယ်ကောင်းကောင်းစီမံအုပ်ချုပ်နေတာဘဲ"
ဒါက လူဝင်စားပြီး ရဲမင်းရဲ့ ပထမဆုံး အပြင်ထွက်လာတာဆိုတော့ ဟိုကြည့်ဒီကြည့်နဲ့ မြေသစ်ရေသစ် နေရာသစ်ကို စူးစမ်းနေလေတော့သည်.....
ဒေါ်သီရိ။ ။
"ဟော ရဲမင်းလေး အိပ်ငိုက်နေပြီ ပြန်ရအောင်နော်"
ဒီလိုနဲ့သားအမိနှစ်ယောက် နေဝင်ချိန်ကိုကြည့်ရင်း တဖြေးဖြေးအိမ်သို့ပြန်လာခဲ့ကြသည်။
ဦးသန်းဖေ။ ။
"ဒီသားအမိ လမ်းလျှောက်ပြန်လာပြီပေါ့..."
ဒေါ်သီရိ။ ။
" ဟုတ်ပါ့ရှင် ပြန်ရောက်ကြောင်းပါ"
"ကဲ..... မောင်တော်လည်း ဗိုက်ဆာနေရောပေါ့...ညစာသုံးဆောင်ရအောင်လေ"
ဒီလိုနဲ့...ဒီနေ့က ရဲမင်းရဲ့ ပထမဆုံး အပြင်ထွက်ခြင်းပြီး လောကသစ်ကို တွေ့ခဲ့တာကြောင့် အတွေးပေါင်းများစွာနှင့်အိပ်စက်သွားလေတော့သည်။...